By Narinjara / 2022 February 26

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘင်ဒရိုင်ဘင်ခရိုင်၊ ရုံမော်မြို့နယ်တွင် မြိုရွာသူကြီး အပါအဝင် မိသားစုတစ်စုမှ လူငါးဦး အသတ်ခံရမှုနှင့် ပတ်သက်ပြီး သတ်ဖြတ်ရာတွင် ပါဝင်သူဟု သံသယဖြစ်ခံရသူ လူ ၂၂ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။
သောကြာနေ့နှောင်းပိုင်းတွင် အထူးစစ်ဆင်ရေးတစ်ခု ပြုလုပ်ပြီးနောက် ၎င်းတို့အား ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့ (ASP) လက်ထောက်အကြီးအကဲ Mohammad Abul Qasim Chowdhury က ပြောကြောင်း သတင်းတွင် ဖော်ပြသည်။
ဖမ်းဆီးခံရသူများမှာ Ruitu Mro (၅၀)နှစ်၊ Yingchang Mro (၂၆)နှစ်၊ Mangjong Mro(၂၈) နှစ်၊ Krangpong Mro(၃၈) နှစ်၊ Pasing Mro (22)နှစ်၊ Krangtan Mro(၃၅)နှစ်၊ Kratpong Singchang Mro(၃၉) နှစ်၊ Ringyong Mro (၃၅)နှစ်၊ Ijang Thanlo(၂၇) နှစ်၊ Pale Mro(၂၅)နှစ်၊ Klangsai Mro (၂၀) နှစ်၊ Menpre Mro(၂၀) နှစ်၊ Khang Pre Mro(-)၊ Kaing Pre Mro(၁၈) နှစ်၊ Menrao Mro(၂၂) နှစ်၊ Menoya Mro(၂၆) နှစ်၊ Khantan Mro(၄၁) နှစ်၊ Menyong Mro(၂၄)နှစ်၊ Changrao Mro (၃၁) နှစ်၊ Thongwai Mro( ၂၄) နှစ်နှင့် Menpong Mro ( ၃၇) နှစ်တို့ ဖြစ်ကြသည်။
၎င်းတို့ကို စနေနေ့ နံနက်ပိုင်းတွင် ဘင်ဒရိုဘင်ခရိုင် တရားရုံးသို့ ပို့ဆောင် ခဲ့ကြောင်း လက်ထောက်ရဲအကြီးအကဲ ASP Chowdhury က ပြောကြား ခဲ့သည်။
ကြာသပတေးနေ့တွင် ဒေါသထွက်နေသည့် ရွာသားတစ်စုသည် မြိုရွာသူကြီး Lockrui ထံ သွားရောက်ခဲ့ပြီး ထည့်ဝင်ထားသည့် အဆောင်လက်ဖွဲ့ စီးပွားရေး အစုချယ်ယာကိစ္စနှင့် ပတ်သက်၍ မကြာမီ ၎င်း၏မိသားစုနှင့် ခိုက်ရန် ဖြစ်ပွားခဲ့သည်ဟု တိုက်နယ် ဥက္ကဋ္ဌ Menrat မြိုလူကြီးက ပြောကြားသည်။
ယင်းအချိန်တွင်မှာပင် ရွာသားများက ရွာသူကြီးနှင့် သူ့သားလေးယောက်ကို သတ်ပစ်လိုက်ကြသည်ဟု ၎င်းက ပြောသည်။ ရွာသူကြီးနှင့် ၎င်း၏ သားလေးဦးတို့ သည် ဓားခုတ်ခံရပြီး သေဆုံးခဲ့သည်။
ရွာသူကြီး၏ မိသားစုသည် ရွာသားများကို အောက်လမ်းနည်းဖြင့် လျှို့ဝှက်လုပ်ဆောင်ခဲ့သည်ဟု ဒေသခံများက စွပ်စွဲကြသည်။
အသတ်ခံရပြီးနောက် ရွာသားများသည် အလောင်းများကို တောင်ချောင်း တစ်ခုတွင် စွန့်ပစ်ခဲ့ကြောင်း ရဲတပ်ဖွဲ့၏ Bandarban အကြီးအကဲ Jerin Akhter က ပြောကြားခဲ့သည်။
ရုံမော် ရဲတပ်ဖွဲ့က အလောင်းများကို ဆယ်ယူခဲ့ပြီး သောကြာနေ့ မွန်းလွဲပိုင်းတွင် ရဲစခန်းသို့ ပို့ဆောင်ခဲ့သည်။
သေဆုံးသူ Lengi Mro ၏ဇနီး Hypoy Mro သည် ကြိုတင်စီစဉ်သော လူသတ်မှုဖြစ်သည်ဟုဆိုကာ ရဲတပ်ဖွဲ့ထံ အမှုဖွင့်တိုင်ကြားခဲ့သည်။
https://www.facebook.com/narinjara.info/posts/5252114758133892