ပလက်ဝဒေသခံ ကိုတင်ထွန်းအောင်အမှုတွင် တရားလို ဗိုလ်ကြီးတစ်ဦးနှင့် လိုပြသက်သေများအား စစ်ဆေး

By Western News/ 2022 February 10

ပလက်ဝအခြေစိုက် ၂၈၉ တပ်ရင်းတွင် အလံဖြူထောင်သည့်ကိစ္စအား အင်တာဗျူဖြေကြားမှုကြောင့် နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် တရားရင်ဆိုင်နေရသည့် ပလက်ဝဒေသခံ ကိုတင်ထွန်းအောင်အမှုတွင် တရားလိုနှင့် လိုပြသက်သေများကို စတင်စစ်ဆေးခဲ့သည်။

ယနေ့ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် ပလက်ဝမြို့နယ်တရားရုံး၌ ရုံးထုတ်ကာ တရားလိုနှင့်လိုပြသက်သေက်သေများအား စတင်ဆေးခဲ့ပြီးလာမည့်ရုံးချိန်းတွင် လိုပြသက်သေက်သေများအား ဆက်လက်စစ်ဆေးသွားမည်ဟု မိသားစုဝင်တစ်ဦးက Western News ကိုပြောသည်။

” ဒီနေ့ရုံးချိန်မှာ တရားလိုဖြစ်တဲ့ ဗိုလ်ကြီးထွန်းထွန်းနိုင်နဲ့ လိုပြသက်သေက်သေနှစ်ဦးကို စစ်ဆေးခဲ့ပါတယ်။ နောက်ရုံးချိန်းကိုတော့ ဖေဖော်ဝါရီ ၂၃ ရက်နေ့ကို ထပ်မံချိန်းဆိုထားပြီး ကျန်ရှိနေတဲ့ လိုပြသက်သေက်သေ ၃ ဦးကို ဆက်လက်စစ်ဆေးသွားမယ်”ဟုပြောသည်။

ကိုတင်ထွန်းအောင်အမှုတွင် တရားလိုအပါဝင် လိုပြသက်သေ စုစုပေါင်း ၆ ဦးပါဝင်သည်။

ကိုတင်ထွန်းအောင်နှင့် ဦးတင်ဦးတို့ကို ပလက်ဝမြို့နယ် အခြေစိုက် ၂၈၉ တပ်ရင်းတွင် အလံဖြူထောင်ထားသည့်ကိစ္စအား ရခိုင်အခြေစိုက် Western News သတင်းဌာနသို့ အင်တာဗျူးဖြေကြားမှုကြောင်း ပြီးခဲ့သည့် ဒီဇင်ဘာ ၂၈ ရက်နေ့ညနေက ရဲနှင့် စစ်တပ်က ဖမ်းဆီးခဲ့သည်။

ထိုနောက် ဦးတင်ဦးအား ဝန်ခံဖြင့်ပြန်လွတ်ပေးခဲ့ပြီး ကိုတင်ထွန်းအောင်အား နိုင်ငံတော်ကြည်ညိုပျက်စေမှု ၅၀၅(က)ဖြင့် ၂၈၉ တပ်ရင်းမှ ဗိုလ်ကြီးထွန်းထွန်းနိုင်က တရားလိုလုပ်ကာ ပလက်ဝမြို့နယ်တရားရုံးတွင် တရားစွဲဆိုခဲ့သည်။

ပလက်ဝအခြေစိုက် ၂၈၉ တပ်ရင်းတွင် အလံဖြူထောင်သည့် သတင်းအားဖော်ပြမှုကြောင့် Western News သတင်းဌာနမှ အယ်ဒီတာချုပ်နှင့် သတင်းထောက်တစ်ဦးအား စစ်ကောင်စီ စစ်တပ်မှ ဗိုလ်မှူးဘုန်းမြင့်ကျော်ဆိုသူက စစ်တွေခရိုင်တရားရုံးတွင် ဦးတိုက်လျှောက်ထားသည်ဟု တရာရုံးနှင့်နီးစပ်သည့် အသိုင်းအဝန်းမှသိရသည်။

https://www.facebook.com/westernnewsagency/posts/462916328848210

Leave a Reply

Your email address will not be published.