တိုက်ပွဲဝင်ရန် အသင့်ရှိစေရေး ရခိုင် ပင်လယ်ပြင် ၄ ခုတွင် စစ်ကောင်စီက လက်နက်ကြီးဖြင့် စမ်းသပ်ပစ်ခတ်နေ

By Western News/ 2022 February 19

မြန်မာ့ တပ်မတော် စစ်ရေယာဉ် တစ်စင်း ကင်းလှည့် လုပ်ငန်း ဆောင်ရွက်နေစဉ်
ဓာတ်ပုံ-AFP

တိုက်ပွဲဝင်ရန် အသင့်ရှိစေရေးအတွက် စစ်ကောင်စီတပ်က ရခိုင်ပြည်နယ်မှ မြို့နယ်အချို့ရှိ ကျွန်းလေးကျွန်းပင်လယ်ပင်တွင် လက်နက်ကြီးများဖြင့် စမ်းသပ်ပစ်မှုများလုပ်ဆောင်နေကြောင်းသိရသည်။

လက်နက်ကြီးများဖြင့် စမ်းသပ်ပစ်ခတ်မည့် နေရာများမှာ ရခိုင်ရှိ ပင်လယ်ပြင်များဖြစ်ကြသည့် မေယုကျွန်းစခန်း၊ နံ့သာကျွန်းစခန်း၊ မာန်အောင်ကျွန်းစခန်းနှင့် ကျွန်းသာယာစခန်းများဖြစ်သည်။

ရသေ့တောင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းထက် က”၁၉ ရက်နေ့စပြီးတော့ မေယုကျွန်းနဲ့ နံ့သာကျွန်းအနီးတဝိုက်မှာ လက်နက်ကြီး စမ်းသပ်မယ်ဆိုပြီးတော့ ပြောထားရှိတယ်ခင်ဗျ။ ကျနော်တို့ဖက်ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကတစ်ဆင့် ငါးလုပ်ငန်းဦးစီးဌာနတွေတဆင့် ငါးဖမ်းစက်လှေသမားတွေ သင်္ဘောတွေ အသိပေးထားတွေရှိပါတယ်။ မနက် ၁၀ နာရီခွဲလောက်တော့ အသံတွေကြားရတယ်လို့ပြောပါတယ်”ဟုပြောသည်။

မေယုကျွန်းစခန်းနှင့် နံ့သာကျွန်းစခန်းတွင် လက်နက်ကြီးပစ်ခတ်မှုကို ဖေဖော်ဝါရီ ၁၇ ရက်မှ ပြုလုပ်ခဲ့ပြီးနှင့်  မာန်အောင်ကျွန်းစခန်းနှင့် ကျွန်းသာယာစခန်းက ဖေဖော်ဝါရီ ၂၀ ရက်မှာ အမြှောက်များ စမ်းသပ်ပစ်ခတ်ခြင်းကို ပြုလုပ်သွားမှာဖြစ်ကြောင်း သိရသည်။

အမြှောက်လက်နက်များ ပစ်ခတ်ချိန်မှာ အန္တရာယ်မဖြစ်စေဖို့ ကျွန်းစခန်းများ၏ ရေပြင်နယ်နမိတ် ဆယ်မိုင်ပတ်လည်အတွင်းမှာ လှေများ၊ စက်လှေများ၊ သင်္ဘောများနဲ့ လူသွားလူလာမရှိစေဖို့ သက်ဆိုင်ရာစီမံအုပ်ချုပ်ရေးအဖွဲ့များက အသိပေးထားဖို့ကိုလည်း အကြောင်းကြားထားကြောင်း ကြေးနန်းစာတွင် ပါရှိသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးဝန်ကြီးဗိုလ်မှူးကြီးကျော်သူရအား Western News  က ဖုန်းဆက်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပေ။

https://www.facebook.com/westernnewsagency/posts/468356554970854

Leave a Reply

Your email address will not be published.