စစ်တွေတွင် အိုမီခရွမ်အပါအဝင် ကိုဗစ်ပိုးတွေ့သူ တစ်ရက်မှာ ပျှမ်းမျှ ၂၈ ဦးခွဲအထိရှိနေ

(ရခိုင်မှာ ပိုးတွေ့သူဦးရေ အရှိန်အဟုန်နဲ့ တိုးလာနေတာ တစ်ပတ်ခန့်ရှိပြီ)

By Boder News Agency (BNA) / 2022 February 20

ရခိုင်ပြည်နယ်ရဲ့ မြို့တော်စစ်တွေမှာ ကူးစက်မြန်ကိုဗစ်မျိုးကွဲသစ် အိုမီခရွမ်အပါအဝင် Covid – 19 ရောဂါပိုးတွေ့ ရှိသူအရေအတွက်ဟာ တစ်ရက်မှာ ပျ မ်းမျှ ၂၈ ယောက်ခွဲအထိ ရှိနေပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၄ ရက်ကနေစပြီးတော့ စစ်တွေမြို့မှာ ပိုးတွေ့ရှိသူအ ရေအတွက်ဟာ အဲဒီလိုမျိုး တစ်ဟုန် ထိုး တက်လာခဲ့တာဖြစ်ပါတယ်။

အဲဒီမတိုင်ခင် ဖေဖော်ဝါရီလဆန်းပိုင်းတွေမှာ တစ်ယောက်စ၊နှစ်ယောက်စပဲရှိခဲ့ပြီး ဇန်နဝါရီလနောက် ဆုံးပတ်နဲ့ တတိယပတ်တွေမှာဆိုရင်လည်း ပိုးတွေ့သူ မရှိသလောက်ပဲ ဖြစ်ပါတယ်။

ဒါကြောင့် ပိုပြီးတော့ အလေးထားဂရိုစိုက်ကြဖို့လိုတယ်လို့ ကျန်းမာရေးဌာနတာဝန်ရှိသူတွေနဲ့ ကူညီဆောင်ရွက် ပေးနေသူတွေက တိုက်တွန်းကြပါတ ယ်။

 “စိုးရိမ်စရာရှိပါတယ်။ နဂိုထက်ပိုပြီး ဂရုစိုက်ကြရပါမယ်။ mask တပ်ကြ ရပါမယ်”လို့ Rakhine Covid Watch က ကိုဇော်လှိုင်ထွန်းက ပြောပါတယ်။

စစ်တွေမြို့မှာ ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ကိုဗစ်ပိုးတွေ့သူ ၁၂ ဦး၊၁၅ ရက်နေ့က ၆၂ ဦး၊၁၆ ရက်နေ့က ၂၆ ဦး၊၁၇ ရက်နေ့က ၃၂ ဦး၊၁၈ ရက်နေ့က ၂၀ ဦးနဲ့ ၁၉ ရက်နေ့က ၂၀ ဦးစီ ရှိခဲ့ပါတယ်။

စစ်တွေမြို့နယ်တစ်ခုတည်းမှာ ခြောက် ရက်အတွင်း ပိုးတွေ့ရှိသူစုစုပေါင်း ၁၇၂ ယောက်အထိ ရှိခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် စစ်တွေတစ်ခုတည်းမှာ တစ်ရက်ကို ၂၈ ယောက်ခွဲနှုန်းနဲ့ ပိုးတွေ့နေတာဖြစ်ပါတယ်။

အဲဒီပိုးတွေ့သူတွေထဲမှာ တခြားသော ကိုဗစ်မျိုးကွဲတွေထက် ကူးစက်မှုပိုမြန်တဲ့ အိုမီခရွမ်ဗီဇပြောင်းပိုးသစ် ကူးစက်ခံရသူ ၉ ဦးလည်း ပါဝင်တယ်။

အဲဒီပိုးတွေ့သူတွေထဲမှာ အများစုဟာ လေယာဉ်စီးခရီးသည်တွေ၊နယ်စပ်ကု န်သွယ်ရေးဂိတ်က ပြန် လာသူတွေနဲ့(တ မင်တကာစီမံချက်သဘောမျိုးနဲ့စစ် ဆေးခဲ့တဲ့)စစ်တွေတက္ကသိုလ်က ဝန်ထမ်းတွေပဲဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်း ကိုဗစ်ပိုးတွေ့ရှိမှုပမာဏဟာ စစ်တွေပြီးရင် သံတွဲက ဒုတိယအများဆုံးမြို့ပါ။သံတွဲမှာ ခြော က်ရက်အတွင်း ပိုးတွေ့သူ ၃၀ ဦးရှိခဲ့ပါတယ်။

ရခိုင်ပြည်နယ်တစ်ခုလုံးဆိုရင် အဲဒီခြောက်ရက်အ တွင်း ပိုးတွေ့သူပေါင်း ၂၃၀ ရှိခဲ့ပါတယ်။

“ပိုးတွေ့တဲ့အရေအတွက် များလာတယ်ဆိုပေမယ့် အများစုကတော့ မဆင်မခြ င်သွားလာနေကြတုန်းပဲ၊ဒါကို အကုန် လုံးက ဆင်ခြင်ရင်တော့ ပိုထိရောက်တာပေ့ါနော်။”လို့ စစ်တွေမြို့က ကိုမင်းဦးက ပြောပါတယ်။

မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင်လည်း ပိုးတွေ့သူအရေအတွက်ဟာ တစ်ဟုန်ထိုး တက်လာနေပြီးတော့ တစ်ရက်မှာ သုံးထောင်ကျော်အထိ ရှိနေပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့က ပိုးတွေ့သူ ၁၅၀၀ ကျော်ပဲ ရှိခဲ့ရာကနေ ငါးရက်အကြာ ၁၈ ရက်နေ့မှာ သုံးထောင်အထိ နှစ်ဆတိုးသွားပါတယ်။

ပိုးတွေ့သူအရေအတွက်အပြင် သေဆုံးသူအရေအ တွက်ကလည်း တိုးလာနေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြပါတယ်။

“သေဆုံးသူပြန်များလာပြီ၊ ပိုးတွေ့နှုန်း ၁၀ ရာခိုင် နှုန်းကျော်သွားပါပြီ၊ခုချိန်မှာဖြစ်သမျှ ပိုးတွေ့တိုင်းဟာ အိုမီခရွမ် ပါပဲ၊ ဂရုစိုက်ကြပါ၊ မပေ့ါကြပါနဲ့။ မိမိမှာ သံသယလက္ခဏာရှိရင် အများပြည်သူအကျိုးအတွက် အပြင်မထွက်နှင့် ထိန်းပေးပါ”ဆိုပြီးတော့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဗဟိုကူးစက် ရောဂါတိုက်ဖျက်ရေးဌာနက ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက သူ့ရဲ့လူမှုကွန်ရက်စာ မျက်နှာမှာ ဖေဖော်ဝါရီ ၂၀ ရက်က ရေးထားပါတယ်။

အိုမီခရွမ်ဗီဇပြောင်းပိုးသစ်နဲ့ စတင်ခဲ့တဲ့ ကမ္ဘာ့နိုင်ငံတွေက ကိုဗစ်စတုတ္ထလှိုင်းဟာ လွန်ခဲ့တဲ့လှိုင်းတွေနဲ့စာရင်း ကူး စက်မှုပမာဏ အများဆုံးဖြစ်ပါတယ်။

https://www.facebook.com/permalink.php?story_fbid=148374957604819&id=107469705028678

Leave a Reply

Your email address will not be published.