စစ်ကောင်စီနဲ့ တိုက်ပွဲဖြစ်နေတဲ့ မောင်တောမှာ AA တပ်ဖွဲ့ဝင်တွေကို ကာကွယ်ဆေး စမထိုးရသေး

(ကျန်မြို့နယ်အားလုံးမှာ ထိုးပေးနေပြီဖြစ်ပြီး တစ်ချို့မြို့တွေမှာ ပထမကြိမ်ထိုးပြီပြီ)

By Boder News Agency (BNA) / 2022 February 08

(ဓာတ်ပုံ-အေအေတပ်ဖွဲ့ဝင်တစ်ဦးအား ပြီးခဲ့တဲ့ ဇန်န ဝါရီလက ကိုဗစ်ကာကွယ်ဆေးထိုးပေးနေစဥ်/မင်းမင်း)

ရက္ခိုင်တပ်တော်(AA)တပ်ဖွဲ့ဝင်တွေအတွက် စစ်ကောင်စီကခွဲတမ်းချပေးထားတဲ့ ကိုဗစ်ကာကွယ် ဆေးတွေကို ရခိုင်မြို့နယ်ငါးခုမှာ ထိုးပေးဖို့လျာ ထားပေမယ့် မောင်တောမြို့နယ်မှာတော့ ကာကွယ် ဆေးစတင်ထိုးပေးနိုင်ခြင်းမရှိသေးလို့ ကျန်းမာရေးဌာနတာဝန်ရှိသူတွေက ပြောပါတယ်။

ရခိုင်ပြည်နယ် ဘူးသီးတောင်၊မောင်တော၊ရသေ့တောင်၊ကျောက်တော်၊မြောက်ဦး စတဲ့မြို့နယ်ငါးခုမှာ AA တပ် ဖွဲ့ဝင်တွေကို စစ်ကောင်စီက ကာကွယ် ဆေးတွေထိုးပေးဖို့စီစဉ်ခဲ့ပြီးတော့ အဲဒီကာကွယ် ဆေးတွေကို ပြီးခဲ့တဲ့ ဇန်နဝါရီလကတည်းက စတင်ထိုးနှံပေးနေတာပါ။

ကျန်တဲ့မြို့နယ်လေးခုမှာ ကာကွယ်ဆေးတွေ စတင်ထိုးပေးနေပြီဖြစ်ပေမယ့် စစ်ကောင်စီတပ်နဲ့ AA တို့ ထိတွေ့မှု တွေဖြစ်နေတဲ့ မောင်တောမှာတော့ ကာ ကွယ်ဆေးထိုးနှံပေးခြင်းမရှိသေးဘူးလို့ မောင်တောပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ ကာကွယ်ဆေးထိုဖို့ ချိန်းဆိုထားတဲ့ စု ရပ်ကို ကျန်းမာရေးဝန်ထမ်းတွေ သွားခဲ့ ကြပေမယ့် ဆေးထိုးခံမယ့် ရက္ခိုင်တပ်တော်(AA)တပ်ဖွဲ့ဝင်တွေ ရောက်မလာကြတဲ့အတွက် မထိုးဖြစ်လိုက်ဘူးလို့ ၎င်းက ဆိုပါတယ်။ ရောက်မလာတဲ့အကြောင်းရင်းကိုတော့ မသိရပါဘူး။

“အထိုးမဖြစ်ဘူး။ ဟိုတစ်ရက်နေ့က ထိုးဖို့ဆိုပြီးသွားတာ မရောက်ကြဘူး။ မရောက်ကြဘူးဆိုတော့ ဒီကလူတွေ ( မြို့နယ်အုပ်ချုပ်ရေးအဖွဲ့)ဘယ်လိုထပ်ပြောမလဲ စောင့်နေတယ်၊ထိုးခိုင်းတဲ့နေ့မှာတော့ ကျွန်တော်တို့ ထိုးပေးမှာ ပေါ့။စပြီးတော့ မထိုးရသေးဘူး”လို့ အဲဒီဝန်ထမ်းက ပြောပါတယ်။

ထပ်ပြီးတော့ ဘယ်ရက်တွေမှာ ကာ ကွယ်ဆေးထိုးပေးရမလဲဆိုတာကိုတော့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နဲ့ AA တို့ ကြား နေရာညှိ နှိုင်းသတ်မှတ်ပေးတဲ့အခါကျမှပဲ သိရမယ်လို့ သူက ဆိုပါတယ်။

အဲဒီ ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ မောင်တောမြို့ နယ်အတွင်း ရက္ခိုင်တပ်တော် (AA)နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲ ဖြစ်ပွားမှုတွေ ရှိခဲ့ပါတယ်။

ဇန်နဝါရီလ ၁၉ ရက်ကနေ စထိုးပေးခဲ့တဲ့ ရသေ့တောင်မြို့နယ်အတွင်းမှာတော့ AA တပ်ဖွဲ့ဝင် သုံးထောင်ကျော်ကို ကိုဗစ်ကာကွယ်ဆေး ပထမအကြိမ်းထိုးနှံပေးပြီးဖြစ်ပြီးတော့ ဒုတိယအကြိမ် ထပ် မံထိုးပေးဖို့ ပြင်ဆင်နေပြီလို့ ရသေ့တောင်မြို့နယ် ပြည်သူ့ကျန်း မာရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ခင်ထားရွှေက ပြောပါတယ်။

အဲဒီလိုပဲ ဇန်နဝါရီလနောက်ဆုံးပတ်မှာ စထိုးပေးခဲ့တဲ့ မြောက်ဦးနဲ့ ကျောက်တော်မြို့နယ်တို့မှာလည်း ပထမအ ကြိ မ်အတွက် ထိုးပေးပြီးပြီလို့ မြောက်ဦးခရိုင် မြောက်ဦးခရိုင်ပြည်သူ့ကျန်းမာ ရေးဦးစီးမှူး ဒေါက်တာခင်မောင်သန်းက ပြောပါတယ်။

မြောက်ဦးနဲ့ ကျောက်တော်မြို့နယ်နှစ်ခုပေါင်း ကာ ကွယ်ဆေးထိုးဖို့ စာရင်းပေးထားတဲ့ AA တပ်ဖွဲ့ဝင် တစ်သောင်းရှိပေမယ့် ကာကွယ်ဆေးထိုးပေးလိုက်ရတဲ့အရေအတွက်က လေးထောင်ကျော်ပဲ ရှိခဲ့တယ် လို့ ၎င်းက ဆိုပါတယ်။

“သူတို့ပေးထားတဲ့စာရင်းနဲ့တော့ မကိုက်ဘူး”လို့ ဒေါက်တာခင်မောင်သန်းက ဆိုပါတယ်။

ဘူးသီးတောင်မြို့နယ်မှာဆိုရင်လည်း ပြီးခဲ့တဲ့ ဖေ ဖော်ဝါရီ နောက်ဆုံးပတ်ကတည်းက AA တပ်ဖွဲ့ဝင်တွေကို ကိုဗစ် ကာကွယ်ဆေး ထိုးပေးနေခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိလည်း ထိုးပေးနေဆဲဖြစ်တယ်လို့ မြို့နယ်ဆေးရုံအုပ်ဒေါက် တာစောမင်းသိန်းက ပြောပါတယ်။

ဒါပေမယ့် ဆေးထိုးပြီးတဲ့အရေအတွက်ကိုတော့ မသိရပါဘူး။စစ်ကောင်စီက AA တပ်ဖွဲ့ဝင်တွေအ တွက် ကာကွယ်ဆေးအလုံးရေ လေးသောင်းထိုးပေးဖို့ ကြားခံပုဂ္ဂိုလ်တွေက တစ်ဆင့် ညှိနှိုင်းထားကြောင်း AA ပြောခွင့်ရ ခိုင်သုခက ပြီးခဲ့တဲ့ ၂၀၂၁ စက်တင်ဘာလအတွင်းမှာ ပြောထားဖူးပါ တယ်။

ဒါပေမယ့် စစ်ကောင်စီအနေနဲ့ AA တပ် ဖွဲ့ဝင်တွေအ တွက် ကိုဗစ်ကာကွယ်ဆေးအရေအတွက် ဘယ် လောက်လျာထားပေးတယ်ဆိုတာကိုတော့ အတိအ ကျ မသိရပါဘူး။

အဲဒီကိစ္စ မေးမြန်းဖို့ ပြည်နယ်စစ်ကော င်စီပြောခွင့်ရ ဦးလှသိန်းကို ဖုန်းဆက်ခဲ့ပေမယ့် လက်ခံဖြေကြားခြင်းမရှိခဲ့ပါဘူး။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ ပြီးခဲ့တဲ့ ဖေ ဖော်ဝါရီ ၄ ရက်နေ့က ရက္ခိုင်တပ်တော်(AA)စခန်းတစ်ခုကို စစ်ကောင်စီတပ်တွေက လာရောက်တိုက် ခိုက်ခဲ့ရာကနေ တိုက်ပွဲတွေ စတင်ဖြစ် ပွားခဲ့တာပါ။

တိုက်ပွဲတွေ ဆက်ပြီး ပြင်းထန်လာမလားဆိုတာကတော့ စစ်ကောင်စီတပ်အပေါ်မှာပဲ မူတည်တယ်လို့ AA ပြောခွင့်ရ ခိုင်သုခက ပြော ထားပါတယ်။

https://www.facebook.com/permalink.php?story_fbid=145574307884884&id=107469705028678

Leave a Reply

Your email address will not be published.