By Voice Of Westland (VOW)/ 2022 February 26

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့တွင်းဖြစ်တဲ့ ရှမ်းရွာအလယ်ပိုင်းရပ်ကွက်မှာ ဒီကနေ့ ဖေဖော်ဝါရီ ၂၆ ရက် ညသန်းခေါင်းယံကျော်အချိန်ဖြစ်တဲ့ ၁ နာရီလောက်မှာ မီးလောင်နေတယ်တာဖြစ်တယ်လို့ ဒေသခံအမျိုးသမီးတစ်ယောက်က ပြောပါတယ်။
“မီးလောင်နေတာက ရှမ်းရွာအလယ်ပိုင်းမှာပါ။ အခုချိန်ထိ လောင်နေတုန်းပါ။ ဘယ်နှစ်ဆောင်လောင်တယ်ဆိုတာတော့ ပြောလို့မရသေးဘူး” လို့ အဲဒီအမျိုးသမီးက ကပြောပါတယ်။
အခုမီးလောင်တာကတော့ ကျောက်တော်မြို့၊ ရှမ်းရွာအလယ်ပိုင်ရပ်ကွက် ဘုန်းတော်ကြီးကျောင်းနားက ဦးမောင်စံသာရဲ့နေအိမ်ကနေ စလောင်နေတာဖြစ်တယ်လို့ သိရပါတယ်။
ဒီကိစ္စအသေးစိပ်နဲ့ပတ်သက်လို့ ကျောက်တော်မြို့နယ်၊ မီးသတ်တပ်ဖွဲ့ကလည်း ဖုန်းလက်ခံဖြေဆိုတာ မရှိသေးပါဘူး။