(ကိုဗစ်ဘာသာပြန်ဆောင်းပါး)
By Western News/ 2022 February 03

ပုံ (အနက်ရောင်သန်းနေသောအဆုတ်ပုံစံများသည် ဇီနွန်စခန်ဖတ်ချက်ဖြစ်ပြီး အဆုတ်ပုံမှန်မဟုတ်သည့် လက္ခဏာဖြစ်သည်။)
ကိုဗစ်-၁၉ ရောဂါနာတာရှည်ဖြစ်နေသူတချို့အဖို့ မမျှော်လင့်ဘဲ အဆုတ်ပျက်စီးစေသည့် လက္ခဏာများကို တွေ့လာရကြောင်း ယူကေနိုင်ငံက ကနဦးစစ်ဆေးသည့် လေ့လာမှုငယ် တစ်ရပ်အရသိရသည်။
အဆိုပါလေ့လာသူများသည် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားပြီး ဆေးရုံတက်ကုသမှုခံယူခြင်းမရှိသူလူနာ (၁၁) ဦးအားစမ်းသပ်စစ်ဆေးခဲ့ရာ ပထမအကြိမ်ဖြစ်ပွားခဲ့သူများအဖို့ အသက်ရှူရန်ခက်ခဲသည့် လက္ခဏာများပြသခဲ့ကြောင်းသိရသည်။ သို့ရာတွင် ပိုမိုတိကျခိုင်မာသော အဆင့်မြင့်စမ်းသပ်မှုတစ်ရပ်အားမကြာခင် ပြုလုပ်သွားဦးမည်ဖြစ်ကြောင်းလည်း အတည်ပြုပြောကြားခဲ့သည်။
ယင်းမတိုင်ခင်ကလည်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားပြီး ဆေးရုံတက်ကုသခံယူတချို့ကိုလည်း စမ်းသပ်မှုများပြုလုပ်ခဲ့သေးကြောင်းသိရသည်။
သုတေသီများ၏ပြောကြားချက်များအရ အသက်ရှူခြင်းတိုတောင်းသည့်ခံစားချက်များသည် လူများစွာခံစားနေရပြီး ရှုပ်ထွေးသောသဘောရှိကြောင်းအပြင် ထိုအကြောင်းပြချက်များမှတဆင့်လေ့လာထားကြရာ ကိုဗစ်ရောဂါကြာရှည်စွာခံစားရသူ လူအများစုမှာ အဆိုပါအသက်ရှုူကျပ်ရောဂါလက္ခဏာများသည် တူညီစွာဖြစ်ပေါ်နေခြင်းကို မီးမောင်းထိုးပြနိုင်သည့် တွေ့ရှိချက်များရလဒ်ထွက်ပေါ်ခဲ့ကြောင်းသိရသည်။
ကိုဗစ်-၁၉ရောဂါကြာရှည်စွာဖြစ်ပေါ်နေသည့် ရောဂါလက္ခဏာများသည် ရက်သတ္တပတ်ဆက်တိုက်ဖြစ်ပွားခဲ့ရပြီး နောက်ထပ်မည်ကဲ့သို့အကြောင်းပြချက်ကြောင့်ဖြစ်သည်ကို မရှင်းပြနိုင်ခဲ့ကြပေ။
အောက်ဆီဂျင်ခရီးဟု အမည်ပေးထားသည့် အောက်စဖိုဒ့်၊ရှက်ဖီး၊ကာဒခ်ဖ်နှင့် မန်ချက်စတာ တက္ကသိုလ်များမှသုတေသီများပါဝင်သည့်အဖွဲ့က ဇီနွန်ဓာတ်ငွေ့စကင်ဖတ်ခြင်းနှင့် အခြားအဆုတ်ရောဂါဝေဒနာရှင်များစမ်းသပ်မှုကို လူအုပ်စုသုံးစုအလိုက် နိုင်းယှဉ်ကာ စမ်းသပ်ပေးခဲ့ကြကြောင်းသိရသည်။ အဆိုပါစမ်းသပ်ရာတွင် အချိန်ကြာမြင့်စွာ ကိုဗစ်ရောဂါကူးစက်ခံရပြီး အသက်ရှူကျပ်ရောဂါလက္ခဏာပြသည့် ဆေးရုံတက်ကုသမခံယူသူတစ်အုပ်စု၊ ရေရှည်ကိုဗစ်-၁၉ဖြစ်သော်ငြားလည်း ဆေးရုံတက်ရောက်ကုသခံယူသူလူနာ (၁၂)ဦးပါတစ်အုပ်စု နှင့် ရောဂါလုံးဝထိန်းချုပ်နိုင်သည့် ကျန်းမာသောလူ (၁၃) ဦးပါတစ်အုပ်စုအား အသီးသီးစမ်းသပ် စစ်ဆေးခဲ့ကြောင်းသိရသည်။
ရှဖီးတက္ကသိုလ်မှဖန်တီးထားသည့် ပါဝင်သူများအားလုံးကို သံလိုက်အသံထိန်း နည်းအသုံးပြုနေစဉ်အတွင်းဇီနွန်ဓာတ်ငွေ့ရှူသွင်းခိုင်းသည့် စနစ် (MRI)စကင်ဖတ်နည်း အဆင့်မြင့်အသုံးချ ချည်းကပ်နည်း တစ်ရပ်ဖြင့်လည်းစမ်းသပ်ခဲ့သည်။
အဆိုပါ ဓာတ်ငွေ့ သည် အောက်ဆီဂျင် နှင့် အလွန် တူညီ သော နည်းလမ်း တစ် ခု ကဲ့သို့ ပြုမူ ဆောင်ရွက် သော်လည်း စကင် ဖတ်နေစဉ် အတောအတွင်း သိပ္ပံပညာရှင်များသည် ပကတိမြင်ကွင်း ဖြင့် ခြေရာခံ နိုင် သောကြောင့် ၊ ခန္ဓာကိုယ် ပတ်ပတ်လည်တွင် အောက်ဆီဂျင် သယ်ယူ ပို့ဆောင် ရေး တွင် အရေးကြီး သော ခြေလှမ်း တစ် ခု ဖြစ် သော – အဆုတ် မှ သွေး စီးဆင်း မှု သို့ ၎င်း သည် မည်မျှ ကောင်း စွာ ရွှေ့ပြောင်း ခဲ့ သည် ကို ” မြင် နိုင် ခဲ့ သည်ဟုသုတေသီများမှတ်ချပြုခဲ့ကြသည် ။
ထို့အပြင် ကိုဗစ်-၁၉ ရေရှည်ဖြစ်ပွားသူများ အများစုအားလေ့လာစစ်ဆေးချက်မျာအရ ဓာတ်ငွေ့ကူးပြောင်းနှုန်းများသည် သာမာန်ကျန်းမာနေကောင်းသူများထက် ထိရောက်မှုနည်းပါးနေကြောင်းကို သုတေသီများကထပ်မံတွေ့ရှိခဲ့ရသည်။
ထို့နည်းတူစွာ ကိုဗစ်ရောဂါကြောင့်ဆေးရုံတက်ကုသခံယူနေသူများအားလေ့လာကြည့်ရာတွင်လည်း အလားတူပုံမှန်မဟုတ်သည့် လက္ခဏာများကိုစမ်းသပ်တွေ့ရှိခဲ့ရကြောင်းသိရသည်။
အဆုတ်ကျွမ်းကျင်အထူးကုပညာရှင် နှင့် သုတေသနခေါင်းဆောင်လည်းဖြစ်သူ ဒေါက်တာအမ်မလီဖရေဆာက လူနာများအားဆေးခန်းသို့လာရောက်စေပြီး အဘယ့်ကြောင့်အသက်ရှူကျပ် ဝေဒနာကြုံတွေ့နေရကြောင်းကို အတိအကျမရှင်းပြနိုင်ခြင်းနှင့်ပက်သက်၍ စိတ်ပျက်စရာဖြစ်ခဲ့ရကြောင်းဆက်လက်ပြောကြားခဲ့သည်။
များသောအားဖြင့် X-rays နှင့် စီတီစကင် CT scans များသည်ပုံမှန်မဟုတ်ကြောင်းပြသမှုများဖြစ်ပေါ်ခဲ့ကြောင်းလည်းသိရသည်။
‘ဒါဟာအရေးပါတဲ့သုတေသနတစ်ခုပါ။ ဒါအမှန်တကယ်အလင်းဖြာပေးမယ့်စမ်းသပ်မှုလို့ကျွန်တော်ယုံကြည်ပါတယ်။’ ဟုပြောကြားခဲ့သည်။
‘လူတွေအရေးတကြီးသိဖို့လိုအပ်တာကတော့ ပြန်လည်နလန်ထူထောင်ရေးလမ်းစဉ်တွေနဲ့ အသက်ရှူခြင်းပြန်လည်လေ့ကျင့်နည်းလမ်းစဉ်တွေက အမှန်တကယ်အထောက်ကူပြုနိုင်တယ်ဆိုတာပါပဲ’ ဟုဆက်လက်ပြောကြားခဲ့သည်။
‘သေချာတာကတော့ အသက်ရှူဖို့ပြဿနာရှိနေတဲ့သူတွေကို ကျွန်တော်တို့ ဆေးခန်းထဲမှာစမ်းသပ်စစ်ဆေးခဲ့ရချိန်မှာ တိုးတက်မှုတွေရှိလာတယ်လို့’ ပြောပြပါတယ်။
လေ့လာမှုရဲ့ တွဲဖက် စုံစမ်းစစ်ဆေးသူ၊ ပါမောက္ခ ဖာဂတ်စ် ဂလီဆန်က ” အရေးကြီးတဲ့မေးခွန်းတချို့ကိုဖြေပေးရမယ်ဆိုရင် ကိုဗစ်ရေရှည်ဖြစ်နေသူတွေလူနာဘယ်နှစ်ယောက်ကများ ပုံမှန်စခန်စစ်ဆေးချက်တွေအရရှိနေသလဲ စတာတွေကို အဖြေပေးဖို့ အရေးကြီးတဲ့ မေးခွန်းတွေ အခုတော့ အရေးကြီးတဲ့ မေးခွန်းတွေ ရှိပါတယ်၊ ကိုဗစ်ဟာ ပုံမှန်မမှန်တဲ့ စကင်တွေ၊ ကျွန်တော်တို့ရှာဖွေတွေ့ရှိခဲ့တဲ့ ပုံမှန်မဟုတ်တဲ့အခြေအနေအကြောင်းရင်ကိုစမ်းသပ်ထားပြီး ပုံမှန်မဟုတ်တဲ့ အရေးပါမှုတွေ နဲ့ ရေရှည်နောက်ဆက်တွဲက ဘယ်လိုရှိနေသလဲဆိုတာမျိုးသိဖို့လိုအပ်ပါတယ်’ ဟုပြောကြားခဲ့သည်။
‘ဒီရောဂါလက္ခဏာတွေကို လှုံ့ဆော်ပေးတဲ့ နည်းစရိုက်တွေကို နားလည်လာတာနဲ့အမျှ ပိုထိရောက်တဲ့ ကုသမှုတွေ ပိုမိုတိုးလုပ်လာနိုင်ဖို့ လိုလာပါလိမ့်မယ်။”ဟုဆက်လက်ပြောကြားခဲ့သည်။
စာရွက်စာတမ်းမှတ်တမ်းများက ကြိုတင်ပုံနိုပ်ထားခြင်းသာဖြစ်ပြီး အခြားအဆင့်တူပညာရှင်များသုံးသပ်သည့်လုပ်ဆောင်ချက်မျိုးအဆင့်မရောက်သေးကြောင်းသိရသည်။
ဘီဘီစီသတင်းဝဘ်ဆိုက်ပါကျန်းမာရေးဆောင်းပါးရှင် Smitha Mundasad၏ Long Covid: Hidden lung damage spotted on scans ဆောင်းပါးအားမောင်မိုးသက် (စစ်တွေ) ဘာသာပြန်ဆိုသည်။
https://www.facebook.com/westernnewsagency/posts/458588295947680