By Western News/ 2022 February 21
ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲ အိုမီခရွန် တွေ့ရှိထားသည့် ရခိုင်ပြည်နယ်တွင် ယခုရက်ပိုင်းအတွင်း ကိုဗစ်ပိုးတွေ့ရှိသူများ သိသိသာသာမြှင့်တက် လာပြီး စစ်တွေမြို့မှာ အများဆုံးတွေ့ရှိနေခြင်းဖြစ်သည်။
စစ်တွေမြို့မှာ ကိုဗစ်ကူးစက်မှု မြှင့်မားနေသော်လည်း ပြည်သူလူထုအများစုမှာ ကိုဗစ်စည်းကမ်းချက်များ အပေါ်လိုက်နာမှုအားနည်းပြီး လူစည်းကားသည့် နေရာများတွင် နှာခေါင်းစေး Mask မတပ်ဘဲ ပုံမှန် သွားလာမှုများ ရှိနေခြင်းဖြစ်သည်။
ကိုဗစ်-၁၉ ရောဂါ တစ်ကျော့ပြန် ကူးစက် ပျံ့နှံ့လာသည့်အတွက် ရခိုင်ပြည်သူလူထု အနေဖြင့် ကိုဗစ် သတ်မှတ် စည်းကမ်းချက်များကို လိုက်နာရန် အပါအဝင် ပျော်ရွှင်ရွှင်ပွဲ နှင့် ပွဲလမ်းသဘင်များကို မသွားကြရန်နှင့် မပြုလုပ်ကြရန် ရက္ခိုင်အမျိူးသား အဖွဲ့ချုပ် ULA မှ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ထုတ်ပြန်သည်။
ရခိုင်တွင် ကိုဗစ်တတိယလှိုင်းစတင်ဖြစ်ပွားသည့် မေလ ၁၂ ရက်နေ့မှ ယမန့်နေ့ ဖေဖော်ဝါရီ ၂၀ ရက်နေ့အထိ ကို ဗစ်ပိုးတွေ့သူ ၅၅၃၄ ဦးနှင့် သေဆုံးသူ ၅၀၁ဦး ရှိနေပြီဖြစ်ကြောင်း ရခိုင်ပြည်နယ်ကိုဗစ်ထိန်းချုပ်ရေးနှင့်အရေး ပေါ်တုံ့ပြန်ရေးကော်မတီ၏ထုတ်ပြန်ချက်အရသိရသည်။
https://www.facebook.com/westernnewsagency/posts/469593888180454