U-25 အမျိုးသမီးဘောလုံး ဗိုလ်လုပွဲတွင် ရခိုင်အမျိုးသမီးအသင်းက ပထမဆုဆွတ်ခူး

By Voice Of Westland/ 2022 January 21

နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်းတွင် ကျင်းပခဲ့သည့် အသက်နှစ်ဆယ့်ငါးနှစ်အောက် U-25  အမျိုးသမီးဘောလုံးပွဲ နောက်ဆုံးဗိုလ်လုပွဲကို ယနေ့ဇန်နဝါရီလ ၂၁ ရက်နေ့ ညနေ ၃ နာရီတွင်  ရခိုင်အမျိုးသမီးဘောလုံးအသင်းနှင့် ရှမ်းအမျိုးသမီးဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ရခိုင်အမျိုးသမီးအသင်းက ရှမ်းအသင်းကို ၃ ဂိုး ၂ ဂိုးဖြင် အနိုင်ရရှိကာ ပထမဆုကိုဆွတ်ခူးရရှိခဲ့သည်။

 ရခိုင်အမျိုးသမီးဘောလုံးအသင်းအတွက် ပထမဦးဆောင်ဂိုးကို မမြတ်မြတ်ဌေး (ကျောနံပါတ်-10) ၊ ဒုတိယ ဂိုး ကို မသီရိစန္ဒာရွှေ(ကျောနံပါတ် ၁၂) ၊တတိယမြောက်အနိုင်ဂိုးကို မလှမြတ်သူ (ကျောနံပါတ်-6)တို့က အသီးသီး သွင်းယူခဲ့ခြင်းဖြစ်သည်။

U-25 ရခိုင်အမျိုးသမီး ဘောလုံးအသင်းသည်ဗိုလ်လုပွဲကို ရှုံးပွဲမရှိတက်ရောက်လာခြင်းဖြစ်ပြီး ယနေ့ဗိုလ်လုပွဲတွင် ၃ ဂိုး ၂ ဂိုးဖြင့် အနိုင်ရရှိကာ ပထမဆုဒိုင်းကို ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်သည်။

ဇန်နဝါရီ ၇ ရက်နေ့ကစတင်ကာ စစ်ကောင်စီက တိုင်းဒေသကြီးနှင့်ပြည်နယ် U-25 ဘောလုံးပြိုင်ပွဲကို နေပြည်တော်ရှိဝဏ္ဏသိဒ္ဓိအားကစားကွင်းတွင် ကျင်းပခဲ့သည်။

ယင်းသို့ကျင်းပခဲ့ရာ ရခိုင်အမျိုးသမီးဘောလုံးအသင်းသည်  နေပြည်တော်အသင်းနှင့် စစ်ကိုင်းအသင်းကိုအနိုင်ရရှိကာအုပ်စုဗိုလ်အနေဖြင့် ကွာတားဖိုင်နယ်ကို တက်ရောက်ခဲ့ခြင်းဖြစ်သည်။

 ကွာတားဖိုင်နယ်တွင် ဧရာဝတီအသင်းကိုအနိုင်ရရှိခဲ့ပြီး၊ဆီးမီးဖိုင်နယ်တွင် မွန်အသင်းကိုအနိုင်ရရှိခဲ့သည်။ယခုနောက်ဆုံးဗိုလ်လုပွဲတွင် ရှမ်းအသင်းကို ၃ ဂိုး ၂ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ပွဲစဉ်တစ်လျှောက်ရှုံးပွဲမရှိ ပထမဆုကိုဆွတ်ခူးရယူခဲ့ခြင်းလည်းဖြစ်သည်။

ယခုရရှိသည့် ရခိုင်အမျိုးသမီးအသင်း ပထမဆုရရှိခြင်းသည် တိုင်းနှင့်ပြည်နယ်ယှဉ်ပြိုင်သည့် ဘောလုံးသမိုင်းတွင် ပထမဆုံးရရှိသည့် ဆုဖလားလည်းဖြစ်သည်။

https://www.facebook.com/VOW2ppl/posts/143684818050904

Leave a Reply

Your email address will not be published.