By Western News/ 2022 January 9
ရခိုင်ပြည် အခြေစိုက်မီဒီယာတစ်ခုဖြစ်သည့် Development Media Group (DMG) ၏ ၁၀ နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားကိုဒီဇင်ဘာ ၉ ရက် နေ့လည်ပိုင်းက စစ်တွေမြို့ NEW WORLD ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ကြသည်။
အဆိုပါအခမ်းအနားသော မီဒီယာအသိုင်းအဝန်းနှင့် ဖိတ်ကြားထားသည် ရပ်မိရပ်ဖများ၊ လူမှုအဖွဲ့အစည်းများ နိုင်ငံရေးပါတီများ လူပုဂ္ဂိုလ် ၁၀၀ ဝန်းကျင်လောက် တက်ရောက်ခဲ့ကြသည်။
Development Media Group (DMG) သည် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ထိုင်း၊ မြန်မာ နယ်စပ်တစ်ခုတွင် စတင်တည်ထောင်ခဲ့ပြီး ၂၀၁၃ ခုနှစ်တွင်မြန်မာပြည်တွင်းသို့ပြန်လည် ဝင်ရောက်လာခဲ့သည်။
၂၀၁၄ ခုနှစ်တွင် ရခိုင်ပြည်၌အခြေချကာ ၂ ပတ်တစ်ကြိမ်ဂျာနယ်နှင့် နေ့စဉ်သတင်းများအား အွန်လှိုင်းကနေတစ်ဆင့် တင်ဆက်ပေးခဲ့ပြီး လက်ရှိတွင်လည်း အပတ်စဉ်ရုပ်သံသတင်းအစဉ်အစီအစဉ်များ၊ နေ့စဉ် အွန်လှိုင်း ရေဒီယိုများထုတ်လွှင့်နေသလို မြန်မာနိုင်ငံပြည်တွင်းသတင်းများနှင့် နိုင်ငံတကာသတင်းများအား အချိန်နှင့်တပြေးညီ လူမှုကွန်ရက်စာမျက်နှာက တစ်ဆင့်တင်ပြလျှက်ရှိသည်။
ပြီးခဲသည့် ၂၀၁၉ ခုနှစ် မေလ ၁ ရက်နေ့က အယ်ဒီတာချုပ် ဦးအောင်မင်းဦးနှင့် သတင်းဌာနအား မတရားအသင်းဆွယ်ရေးပုဒ်မ ၁၇/၂ ဖြင့် သတင်းရဲတပ်ဖွဲ့(SB)က တရားစွဲဆိုထားသလို၊ ဒု-တာဝန်ခံဝန်ခံ အယ်ဒီတာ ကိုနေဝင်စံနှင့် မနှင်းနွယ်တို့အား ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၂ ရက်နေ့က ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)နှင့် နိုင်ငံတော်အကြည်ညိုပျက်စေမှု ဥပဒေပုဒ် ၅၀၅(က)ဖြင့် စစ်တွေမြို့အမှတ်(၂) ရဲစခန်း၌ စစ်တပ်က တရားစွဲဆိုခဲ့သည်။
ထို့အပြင် မောင်တောအခြေစိုက် DMG သတင်းထောက် ကိုအောင်ကျော်မင်းကိုလည်း ၂၀၂၀ ဒီဇင်ဘာ ၁၀ရက်နေ့က ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့်ခံခဲရသည်။
Development Media Group (DMG) ၏ ၁၀ နှစ်သက်တမ်းတစ်လျှောက်တွင် စိန်ခေါ်မှုများဖြစ်သည့် နည်းပညာအခက်ခဲများ ငွေကြေးဆိုင်ရာ အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း DMG တာဝန်ရှိသူများပြောသည်။ မီဒီယာလွတ်လပ်ခွင့် ဖိနှိပ်မှုများရှိသော်လည်း သတင်းမီဒီယာ လုပ်ငန်းအားရှေ့ဆက်ပြီး တစ်စိုက်မတ်မတ်လုပ်ဆောင်သွားမည်ဟု တာဝန်ခံအယ်ဒီတာ ကိုမိုးဇော်မြင့်က Western News ကိုပြောသည်။
အဆိုပါ တရားစွဲဆိုခြင်းများမှာ မီဒီယာဥပဒေကို ကျော်လွန်ပြီး လုပ်ဆောင်ခြင်းဖြစ်သလို မီဒီယာလုပ်ငန်းထဲသို့ဝင်မည့်လူလတ်ပိုင်းနှင့် လူငယ်ပိုင်းတို့အတွက် အဟန့်အတားးများဖြစ်စေသည်ဟု တာဝန်ခံအယ်ဒီတာကိုမိုးဇော်ကဆက်ပြောသည်။
Development Media Group ၏ ၁၀ နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ်နေ့ သို့ Western News သတင်းဌာနမှ သဝဏ်လွှာပေးပို့ခဲ့သည်။
https://www.facebook.com/westernnewsagency/posts/443774697429040