၃ နှစ်အတွင်းမြို့နယ် ၄ ခုတွင် ကိုယ်ထူကိုယ်ထဖြင့် ဒီရေပင် ဧကပေါင်း ၃ သောင်းကျော် စိုက်ပျိုးနိုင်ခဲ့

By Western News/ 2022 January 14

ပုဒ်မ ၁၂၄-က နဲ့ အမှုဖွင့် တရားစွဲဆိုခံထားရတဲ့ Western News သတင်းဌာနရဲ့ အယ်ဒီတာချုပ် ကိုဝဏ္ဏခွာညိုကို လက်ရှိအခြေအနေနဲ့ပတ်သက်လို့ VOW က ဖုန်းနဲ့ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။

ရခိုင်ရှိ မြို့နယ် ၃ မြို့နယ်တွင် ၂၀၁၉ ခုနှစ်မှ ၂၀၂၁ ခုနှစ် ထိ ၃ နှစ်အတွင်း ကိုယ်ထူကိုယ်ထဖြင့် ဒီရေပင်ဧကပေါင်း ၃ သောင်းကျော်စိုက်ပျိုးထိန်းသိမ်းနိုင်ခဲ့သည်ဟု ဦးဆောင် စိုက်ပျိုးထိန်းသိမ်းခဲ့သူများကပြောသည်။

ရခိုင်ပြည်နယ် အမ်းမြို့နယ်၊ ကျောက်ဖြူမြို့နယ်၊ မြေပုံမြို့နယ်နှင့် တောင်ကုတ်မြို့နယ်တို့တွင် ဒီရေပင်များကို ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်ကတည်းက ကိုယ်ထူကိုယ်ထဖြင့် စိုက်ပျိုးထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။

အမ်းမြို့နယ်မှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းသူ ကို မျိုးလွင်မှာ မိမိပိုင်ဥယာဉ်၊ ခြံမြေကို ရောင်းချကာ ဒီရေပင်များ စိုက်ပျိုးနေခြင်းဖြစ်ပြီး ၃ နှစ်အတွင်း ဒီရေပင် ၄ သိန်းခန့်စိုက်ပျိုးနိုင်ခဲ့ကာ ဧကပေါင်း ၃ သောင်းကျော် ထိန်းသိမ်းနိုင်ခဲ့သည်ဟု ဆိုသည်။

ရေထုညစ်ညမ်းမှုကို တတ်နိုင်သည့်ဖက်ကကာကွယ်ရန် နှင့် ရေလုပ်သားများ ငါး၊ ပုဇွန်ရှာဖွေနိုင်အောင် ရည်ရွယ်ချက်ဖြင့် ဒီရေပင်များကို ပြီးခဲ့သည့် ၃ နှစ်ခန့်ကတည်းက စိုက်ပျိုးထိန်းသိမ်းလာခြင်းဖြစ်သည်ဟု သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းသူလည်း တစ်ဦးလည်းဖြစ် ဒီရေပင်များကို ဦးဆောင်စိုက်ပျိုးနေသူတစ်ဦးဖြစ်သည့် ကိုမျိုးလွင်ကပြောသည်။

“ရေထုညစ်ညမ်းတာကို ကာကွယ်ဖို့အတွက် ဒီရေတောတွေကို ၂၀၁၉ ခုနှစ်ကတည်းက စပြီးစိုက်ပျိုးတာပါ။ ဒီရေတောတွေကို လူတစ်ဦးတစ်ယောက်၊ လူအနည်းစုတို့က ပိုင်ဆိုင်တာမျိုးမဟုတ်ဘဲ အများပိုင်ဆိုင်မှုဖြစ်အောင်ပေါ့။ ရေလုပ်သားတွေအားလုံး ငါး၊ ပုဇွန်တွေရှာဖွေနိုင်အောင်အတွက် စိုက်ပျိုးရတာပါ”ဟုပြောသည်။

အမ်းမြို့နယ်တွင် ဒီရေပင် ၂ သိန်းကျော် စိုက်ပျိုးခဲ့ပြီး ယင်းထဲမှ ဧက ၂ သောင်း ၆ ထောင်ကျော်ထိန်းသိမ်းနိုင်ခဲ့ကြောင်း ကျောက်ဖြူမြို့ နယ်တွင်လည်း ဒီရေပင်ဧက ၅ ထောင်ကျော်စိုက်ပျိုးထိန်းသိမ်းနိုင်ခဲ့သလို မြေပုံ၊ တောင်ကုတ် ဖက်တို့တွင်လက်လှမ်းမမှီ၍ အနည်းငယ်သာစိုက်ပျိုးနိုင်ခဲ့သည်ဟုဆိုသည်။

လက်ရှိတွင်လည်း အဆိုပါကိုယ်ထူကိုယ်ထဖြင့်စိုက်ပျိုး ထိန်းသိမ်းနိုင်ခဲ့သည့် ဒီရေတောဧကများတွင် ဒေသခံရေလုပ်သားများထောင်နှင့်ချီ ငါးပုဇွန်ရှာဖွေစားသောက်နေပြီဟုလည်း ကိုမျိုးလွင်ကပြောသည်။

ယနှစ်နှစ်အပြင် လာမည့်နှစ်များတွင်လည်း ကိုယ်ထူကိုယ်ထဖြင့်ဒီရေပင်များ ဆက်လက်စိုက်ပျိုးထိန်းသိမ်းမည်ဖြစ်သည့်အတွက် ဒေသခံများလည်း ပူပေါင်းပါဝင်ရန် လိုအပ်သည်ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်တွင် ယခင်က ဒီရေတောဧက ၄သိန်းကျော် ရှိသည့်အနက် ပြီးခဲ့သည့် ၂၀၂၁ခုနှစ်တွင် ဒီရေ ပင်ဧက ၂သိန်းကျော်ခန့်သာ ကျန်ရှိတော့ကြောင်း ရခိုင် ကမ်းရိုးတန်းသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ သိရသည်။

ရခိုင်ပြည်နယ်ရှိ ဒီရေတောများနှင့်အာရှဒုတိယအ ကြီဆုံးဒီရေတောကြီးမှာလည်း တရားမဝင်သစ်ခုတ်လှဲ မှုစီးပွားဖြစ်မီးသွေးလုပ်ရန်ခုတ်လှဲမှုတို့ကြောင့် ၇၅ ရာခိုင် နှုန်းပြုန်းတီးမှုနှင့်ရင်ဆိုင်နေရသည်။

https://www.facebook.com/westernnewsagency/posts/446724917134018

Leave a Reply

Your email address will not be published.