၁၅၀၀ ကျပ်တန် ဆင်းကဒ်တစ်ခုဝယ်လျှင် ကုန်သွယ်လုပ်ငန်းခွန် ၂၀၀၀၀ ကျပ်ကောက်ခံရန် ဥပဒေချမှတ်

By Western News/ 2022 January 7

၂၀၂၂ ခုနှစ်၊ ဇွန်နဝါရီလ ၈ ရက်နေ့မှစ၍ ၁၅၀၀ ကျပ်တန် ဆင်းကဒ်တစ်ခုဝယ်ယူလျှင် ကုန်သွယ်လုပ်ငန်းခွန် ၂၀၀၀၀ ကျပ်ကောက်ခံရန် စစ်ကောက်စီမှ အကောက်ခွန် ဥပဒေကို ဇန်နဝါရီလ ၆ ရက်နေ့တွင် ပြင်ဆင်ပြဋ္ဌာန်းလိုက်သည်။

အဆိုပါ ဥပဒေတွင် ဆင်းကဒ်ရောင်းချမှုနှင့် ဆင်းကဒ်ကိုစတင်အသုံးပြုနိုင်ရန် ဆောင်ရွက်ပေးသည့် ဝန်ဆောင်မှုအတွက် ဆင်းကဒ်တစ်ခုကို ကုန်သွယ်လုပ်ငန်းခွန် တစ်ကြိမ် ကျသင့်ရမည် ဖြစ်သည်ဟု ဖော်ပြထားသည်။

ယခုပြင်ဆင်ချမှတ်သည့် ဥပဒေမှာ ချမှတ်သည့်နေ့မှစ၍ ၂၀၂၂ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ ၃ လတာ အကျိုးသက်ရောက်မှု ရှိသည်ဟု ပါရှိသည်။

https://www.facebook.com/westernnewsagency/posts/442500017556508

Leave a Reply

Your email address will not be published.