By Development Media Group (DMG)/ 2022 January 6

ရခိုင်တိုင်းရင်းသား မျိုးနွယ်စုဝင်ဖြစ်သည့် သက္ကမာအမျိုးသားနေ့ကို မင်းပြားမြို့နယ်၊ နဂရာအုပ်စု၊ မန်ကျည်းပင်ကြီးကျေးရွာတွင် ယနေ့မှ စတင်၍ မနက်ဖြန်အထိ စည်စည်ကားကားကျင်းပနေကြသည်။
ပွဲတော်ကို သက္ကမာစာပေယဉ်ကျေးမှုအသင်းနှင့် သက္ကမဌာနေတိုင်းရင်းသားလူငယ်များအသင်း (CIYA)တို့မှ ဦးဆောင်ကျင်းပခဲ့ပြီး လူဦးရေ ထောင်နှင့်ချီ ပွဲတော်သို့ ရောက်ရှိနေကြသည်။
အဆိုပါပွဲတော်တွင် သက္ကမာရိုးရာအကများဖြင့် ကပြဖျော်ဖြေကြသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်ကလည်း ကိုဗစ်ရောဂါကူးစက်ပြန့်ပွားမှုကြောင့် ကိုဗစ်စည်းကမ်းချက်နှင့်အညီ မြောက်ဦးမြို့နယ် ရွှေတောင်ကျေးရွာတွင် ကျင်းပခဲ့ကြောင်း သိရသည်။
https://www.facebook.com/dmgnewsagency/posts/2196866403799092