By BBC/ 2022 January 25
ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော် အေအေရဲ့ တပ်ဖွဲ့ဝင်တွေကို ကိုဗစ် ၁၉ ကာကွယ်ဆေးတွေ စတင်ထိုးပေးနေတယ်လို့ ကာကွယ်ဆေးထိုးနှံရေးအဖွဲ့က ပြောပါတယ်။ဇန်နဝါရီ ၂၄ ရက် ကစတင်ပြီးတော့ မြောက်ဦးနဲ့ ဘူးသီးတောင်မြို့နယ်တွေမှာ ထိုးပေးနေပြီဖြစ်ပြီး ဒီကနေ့မှာလည်း ဆက်လက်ထိုးနှံပေးနေတယ်လို့ မြောက်ဦးမြို့နယ် ကျန်းမာရေးဌာန ကာကွယ်ဆေးထိုးနှံရေးအဖွဲ့က ပြောပါတယ်။ လတ်တလောမှာ အေအေတပ်ဖွဲ့ဝင်တွေကို သီးသန့်ထိုးနှံပေးနေတာမဟုတ်ဘဲ အရပ်သားပြည်သူတွေနဲ့ ရောနှောပြီးတော့ စုရပ်အလိုက်ထိုးခွင့်ရှိသူတွေအဖြစ် ထိုးပေးနေတာဖြစ်တယ်လို့ သိရပါတယ်။
https://www.facebook.com/BBCnewsBurmese/posts/4960777973978048