By Western News/ 2022 January 25

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်ရှိ အာရှဒုတိယအကြီးဆုံးဝန်ဗိုက်ဒီရေတောကြိုးဝိုင်းကို အနီးအနားဒေသခံများစု ပေါင်းကာ ၉၀ရာခိုင်နှုန်းခန့်ထိန်းသိမ်းထားနိုင်ပြီဖြစ် ကြောင်း ဝန်ဗိုက်ဒီရေတောကြိုးဝိုင်းထိန်းသိမ်းစောင့်ရှောက် နေသည့်အဖွဲ့ကပြောသည်။
ဝန်ဗိုက်ဒီရေတောကြိုးဝိုင်းကို ပြီးခဲ့သည့် ၂၀၂၁ခုနှစ် စက်တင်ဘာလလယ်ထဲမှစကာ အနီးအနားကျေးရွာပေါင်း ၁၄ ရွာက ထိန်းသိမ်းရေးအဖွဲ့ဖွဲ့ကာ ကိုယ်ထူကိုယ်ထ ထိန်းသိမ်းနေကြခြင်းဖြစ်သည်။
လက်ရှိတွင် အဆိုပါဒီရေတောကြိုးဝိုင်းကို ၉၀ ရာခိုင်နှုန်းခန့် ထိန်းသိမ်းထားနိုင်ခဲ့ပြီဖြစ်ရာ ထိန်းသိမ်းထားသည့် ကာလအတွင်း ဖမ်းဆီးရမိထားသည့် သစ်များကိုသိမ်းဆည်းထားကြောင်း ဝန်ဗိုက်ဒီရေတောကြိုးဝိုင်း ထိန်းသိမ်းရေးအဖွဲ့ ဥက္ကဌဦးထွေးအောင်ကပြောသည်။
“ထိန်းသိမ်းစဉ်တုန်းကဆိုရင် နေ့တိုင်း သစ်ဘုတ်ကြီး တွေနဲ့ အနီးအနားတင်မဟုတ်ဘူး တခြားမြို့နယ်တွေကပါ စီးပွားဖြစ် လာခုတ်လာကြတယ်။ ခုကတော့ အဲ့လို လာခုတ်တာ လုံးဝ မရှိတော့ သလိုဖြစ်သွားပြီ။ ကျွန်တော်တို့ ဒေသခံတွေ အနည်းဆုံးတစ်ပတ်ကို ၁ကြိမ်စု ပြီးသွားကြတယ်။ ဖမ်းမိထားတဲ့ သစ်တိုင်တွေကိုလည်း ထိန်းသိမ်းထားတာရှိပါတယ်” ဟုဆိုသည်။
ထိန်းသိမ်းမှုလုပ်ဆောင်လာသည့် ၄ လကျော်ကာလအတွင်းတွင် လူအင်အား၊ ငွေအင်အားကို ဒေသခံများဖြင့် ကိုယ်ထူကိုယ်ထ လုပ်ဆောင်ခဲ့ကြသော်လည်း ရေရှည် ဆက်လက်ထိန်းသိမ်းနိုင်ရန်အတွက် ကူညီထောက်ပံ့မှု များလည်း လိုအပ်နေသည်ဟု ဝန်ဗိုက်ဒီရေတော ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ နာယကာဆရာတော်ကြီးအ ရှင်မဟိန္ဒကပြောသည်။
” ဒီရေတောကြီးဟာ ဒီဒေသတစ်ခုတည်းနဲ့ပဲ သက်ဆိုင်တာမဟုတ်ပါဘူး။ ရခိုင်ပြည်သူတွေအကုန်လုံးနဲ့သက် ဆိုင်တဲ့ကြိုးဝိုင်းကြီးဖြစ်ပါတယ်။ ဒီကြိုးဝိုင်းကြီးကိုမဆင် မခြင်ခုတ်လှဲတာကြောင့် ပြုန်းတီးသွားတာမျိုး မဖြစ်စေချင်ပါဘူး။ ဦးဇင်းတို့ထိန်းသိမ်းနေကြတဲ့အခါ စက်လှေတွေ၊ စက်သုံးဆီတွေ၊လူသားအင်အားတွေလို အပ်ပါတယ်။ လူအင်အားကတော့ဒေသခံတွေရှိတော့ အဆင်ပြေပါတယ်။ ဒါပေမယ့် ရေရှည် ထိန်းသိမ်းသွားနိုင်ဖို့အတွက် စက်လှေတွေ၊ ငွေကြေးထောက်ပံ့မှုတွေလိုအပ်နေပါတယ်”ဟုမိန့်သည်။
အဆိုပါဒီရေတောကြိုးဝိုင်းကို အနီးအနားရှိ ကျေးရွာ ပေါင်း ၄၀ခန့်က အမှီခိုပြုကာ ရေလုပ်ငန်း လုပ်ကိုင်စား သောက်နေကြကြောင်းလည်း ဒေသခံများ၏ ပြောပြချက် အရသိရသည်။
ယခင်က ရမ်းဗြဲသစ်တောဦးစီးဌာနက ဒီရေတောကြိုးဝိုင်းတွင် အဆောက်အဦးများ ဆောက်ကာ ထိန်းသိမ်းမှု လုပ်ဆောင်ခဲ့သော်လည်း ၂၀၂၀ခုနှစ်အစောပိုင်းကတည်းက ထိန်းသိမ်းမှုမရှိတော့ပေ။
ဝန်ဗိုက်ဒီရေတောကြိုးဝိုင်းကို ပြန်လည်ထိန်းသိမ်းရန် ရှိ၊မရှိ ရမ်းဗြဲမြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးမှူးဦးမင်းထက်အောင်ကိုဆက်သွယ်ရာ ခရီးလွန်နေသည်ဟု ဆိုကာ ဖုန်းချသွားခဲ့သည်။
ဝန်ဗိုက်ဒီရေတောကြိုးဝိုင်းတွင် ဆောင်းခိုငှက်မျိုးစိတ် ပေါင်း ၃၀၀ကျော်အပြင် သစ်ပင်မျိုးစိတ်ကွဲပေါင်း ၁၀၀ ကျော်ခန့်ရှိသည်ဟု ဒေတာအချက်အလက်များကောက် ယူခဲ့သူများထံမှသိရသည်။
လက်ရှိတွင် အဆိုပါဒီရေတောကြီးမှာ ၇၅ရာခိုင်နှုန်းခန့် ပြုန်း တီးမှုနှင့်ရင်ဆိုင်နေရသည့် သစ်တောကြိုးဝိုင်းကြီးဖြစ်သည်။
ဝန်ဗိုက်ဒီရေတောကြိုးဝိုင်းဧရိယာမှာ ၅၆၆၃၃ ဧကထိကျယ်ဝန်ပြီး ရခိုင်ပြည်နယ်တွင်အကြီးဆုံး ဒီရေတောကြိုး ဝိုင်းကြီးဖြစ်သည့်အပြင် အာရှတွင်လည်း ဒုတိယအကြီးဆုံးဒီရေတောကြီးဖြစ်သည်။
https://www.facebook.com/westernnewsagency/posts/453289939810849