ရသေ့တောင် အငူမော်-မောင်တော ကားလမ်းတွင် မီးခိုးငွေ့များကြောင့် ယာဉ်တိုက်မှုများဖြစ်

By Western News/ 2022 January 21

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် အငူမော် ဆိပ်ကမ်းမှ မောင်တောမြို့သို့ သွားလာသည့် ကားလမ်းဘေးတစ်လျှောက် မီးရှို့မှုကြောင့် မီးခိုးငွေ့များပြန့်နှံ့ကာ မကြာခဏ ယာဉ်တိုင်မှုဖြစ်နေကြောင်း ဒေသခံများကပြောသည်။

အဆိုပါကားလမ်းတစ်လျှောက်များ မီးရှို့နေ၍ မီးခိုးငွေ့များအုံ့ဆိုင်းနေခြင်းကြောင့် ခရီးသည်တင်ယာဥ်နှင့် ဆောက်လုပ်ရေးကားတို့ တိုက်ခိုက်မှုဖြစ်ပွါးခဲ့ခြင်းဖြစ်သည်။

ဇန်နဝါရီ ၂၁ ရက်နေ့ ယနေ့နေ့လည်တွင် အငူမော်-မောင်တော သွားလာသည့် ကားလမ်းမနားရှိ မြင်းလွတ်ရွာနှင့် ဂျင်းတောရွာကြားတွင်တောမီး မီးခိုးငွေ့များ ကားလမ်းမများမှာ ဖုံးလွှမ်းနေခြင်းကြောင့် ခရီးသွားလာနေသည့် ယာဥ်များတိုက်ခိုက်မှု ဖြစ်ပွားခြင်းဖြစ်ကြောင်း မောင်တောသို့ ခရီးသွားသူ ဦးအောင်ဌေးက ပြောသည်။

 “အငူမော်နှင့် မောင်တောသွားတဲ့လမ်း မြင်းလွတ်နှင့် ဂျင်းတောကြားမှာ ဘယ်သူရှို့မှန်းမသိတဲ့ မီးတွေ လောင်နေတယ်။ အဲဒီမီးခိုးငွေ့ကြောင့် ကားလမ်းကိုလည်း မမြင်ရတော့ဘူး။ ကားနှစ်စီး တိုက်မှုဖြစ်သွားတယ်” ဟု ပြောသည်။

အဆိုပါ ယာဥ်တိုက်မှုကြောင့် လူတစ်စုံတရာထိခိုက်ဒဏ်ရာ ရရှိခြင်း မရှိသော်လည်း ကားဖြင့်သွားသူများအပါအဝင် လမ်းသွားလမ်းလာများအနေဖြင့်သတိဖြင့် သွားလာကြဖို့ မော်တော်ယာဉ်မောင်းနှင်သူများကပြောသည်။

နှစ်တိုင်းဆောင်းရာသီရောက်တိုင်း ရခိုင်က မြို့နယ်အချို့ လယ်ကွင်းပြင်များ မီးရှို့ခံရမှုများ မီးရှို့မှုများရှိသလို ယင်းမီးရှို့မှုကြောင့် လယ်ကွင်းပြင်ရှိ ကောက်ရိုးပုံများဆုံးရှုံးဆုံးပျက်စီးရသကဲ့သို့ ကျွဲနွားတိရိစ္ဆာန် ဆုံးရှုံးမှုများရှိနေသည်။

https://www.facebook.com/westernnewsagency/posts/450942566712253

Leave a Reply

Your email address will not be published.