By Western News/ 2022 January 12
ရခိုင်ပြည်နယ်တွင် ဇန်ဝါရီလ ၈ ရက်နေ့မှ ၁၁ ရက်နေ့ ဒုတိယအပတ်အတွင်း ကိုးဗစ်ပိုးတွေ့ရှိသူ ဆက်တိုက်ရှိနေကြောင်း ကိုဗစ် ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီတွင်ဖော်ပြသည်။
ယင်းထုတ်ပြန်ချက်တွင် ဒီဇင်ဘာ ၃၀ ရက် နေ့မှ ဇန်နဝါရီ ၇ ရက်နေ့အထိ ကိုဗစ်ပိုးတွေ့သူ ၂ ဦး သာရှိသာတွေ့ရှိခဲ့သော်လည်း ဇန်နဝါရီ ၈ ရက်နေ့မှ ၁၁ ရက်နေ့အထိ ၄ ရက်ဆက်တိုက် ကိုဗစ်ပိုးတွေ့ရှိသူနေ့စဉ် ၁ ဦးမှ ၃ ဦးကြားထိရှိနေသည်။
လေယာဉ်ဖြင့်ခရီးသွားမည့် ပြည်သူများကို စစ်ဆေးရာချက်အရပိုးတွေ့ရှိမှု အများဆုံးမြို့မှာ စစ်တွေမြို့ဖြစ်ပြီး နိုဝင်ဘာလထဲမှစ၍ နယ်စပ်ကုန်သွယ်၍ ပြန်လာသူများတွင် ကိုဗစ် ပိုးစစ်ရာမှ ဆက်တိုင်းတွေ့ရှိလာခြင်းဖြစ်သည်။
စစ်တွေမြို့၌ ဂွ၊ စစ်တွေ၊ မောင်တော၊ ကျောက်ဖြူနှင့် သံတွဲ အဆိုပါ ၅ မြို့နယ်မှာ ကိုဗစ်ပိုးတွေ့နှုန်း အများဆုံးဖြစ်ပြီး ဂွမြို့နယ်မှ ပိုးတွေ့သူ ၁၁၀၀ ကျော်ထိရှိကာ ပိုးတွေ့သူအများဆုံးမြို့ဖြစ်သည်။
ကိုဗစ်ရောဂါကြောင့် သေဆုံးမှု အများဆုံးမြို့များမှာ စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲ၊ တောင်ကုတ် အဆိုပါ ၄မြို့နယ်မှာဖြစ်ပြီး ယင်းထဲမှ စစ်တွေမှာ သေဆုံးသူ ၇၄ ဦီးအထိသည့် သေဆုံးသူအများဆုံးမြို့ဖြစ်သည်။
ပြီးခဲ့သည့် မေလ ၁၂ ရက်နေ့မှ ဇန်ဝါရီ ၁၁ ရက်နေ့အထိ ရခိုင်ပြည်နယ်တွင် ကိုဗစ်တတိယလှိုင်းစတင်ဖြစ်ပွားသည့် အချိန်မှစ၍ ကိုဗစ်ပိုးတွေ့သူ ၅၂၂၃ ဦးနှင့် သေဆုံးသူ ၅၀၁ ဦးရှိကာ ပျမ်းမျှအားဖြင့် ကိုဗစ်ရောဂါကြောင့် သေဆုံးသူမှာ ပိုးတွေ့နှုန်း၏ ၁၀ ရာခိုင်နှုန်း နီးပါးရှိနေသည်။
ကိုဗစ်ဒုတိယလှိုင်းအတွင်းက ပိုးတွေ့သူ ၄၀၀၀ ကျော်နှင့် သေဆုံးသူ ၄၀ ကျော်သာရှိခဲ့သည့်အတွက် ဒုတိယလှိုင်းအတွင်း သေဆုံးမှုမှာ ပိုးတွေ့နှုန်း၏ ၁ ရာခိုင်နှုန်းခန့် သာရှိခဲ့သည်။
https://www.facebook.com/westernnewsagency/posts/445403883932788