ရခိုင့်ကံကြမ္မာ ရခိုင်များ ဖန်တီးနိုင်ရေးတိုက်ပွဲ၀င်ရန် ALP ထုတ်ပြန်

By Western News/ 2022 January 6

ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP မှ ရခိုင့်ကံကြမ္မာကို ရခိုင်များကိုယ်တိုင်ဖန်တီးနိုင်ရန် ရခိုင်ပြည်သူများနှင့် အတူရပ်တည်၍ တိုက်ပွဲဝင်ရန် နိုင်ငံရေးဦးဆောင်အဖွဲ့စည်းသစ်ကို ဖွဲ့စည်းလိုက်ကြောင်း ဇန်နဝါရီ ၆ ရက်နေ့က ALP မှ ထုတ်ပြန်ကြေညာသည်။

ထုတ်ပြန်ချက်တွင် လက်ရှိရခိုင်ပြည်မှာ ရခိုင်လူမျိုးတို့မျှော်မှန်းထားသည့် ပန်းတိုင်သို့မရောက်ရှိသေးဘဲဖြစ်ရာ ထိုအခြေအနေထိရောက်ရှိအောင် ALP  အနေဖြင့် ရခိုင်ပြည်သူလူထုနှင့်အတူရပ်တည်၍ လက်နက်ကိုင် လမ်းစဉ်ကိုလက်ကိုင်ထားကာ အောင်ပွဲရသည်အထိ တိုက်ပွဲဝင်သွားမည်ဟု ဖော်ပြထားသည်။

https://www.facebook.com/westernnewsagency/posts/442049317601578

Leave a Reply

Your email address will not be published.