By Voice Of Westland (VOW)/ 2022 January 17

ရခိုင်မျိုးနွယ်စုဝင် မြိုတိုင်းရင်းသားတို့၏ ချစ်စရာနှစ်သစ်ကူးပွဲတော်ကို ပုဏားကျွန်းမြို့နယ် အထက်မြတ်လှဲကျေးရွာနဲ့ အထက်မြတ်လှဲ စစ်ဘေးရှောင်စခန်းမှာ ဒီကနေ့ ဇန်နဝါရီလ ၁၇ ရက်နေ့ အနက် ၇ နာရီအချိန်မှာ ကျင်းပနေကြတာဖြစ်ပါတယ်။
မြိုလူမျိုးတို့သည် နှစ်သစ်ကူးပွဲတော်ကို တောင်ယာမှာအလုပ်မဝင်ခင်နဲ့ တောင်ယာသိမ်းပြီးချိန်တွေမှာ ပြုလုပ်လေ့ရှိကြတယ်လို့ ဆိုကြပါတယ်။ အခုလိုရိုးရာနတ်ကိုပူဇော်လိုက်ရင်ကောက်ပဲသီးနှံအောင်စေတယ်လို့ ယုံကြည်နေကြပါတယ်။
ကိုယ့်လူမျိုးတွေအတွက် မသန့်စင်တဲ့အတိတ်နမိတ်ဆိုတွေကိုလည်း ဖယ်ရှားတဲ့အနေနဲ့ အခုလိုကျင်းပရတာဖြစ်တယ်လို့ မြိုတိုင်းရင်းစာပေယဉ်ကျေးမှုအဖွဲ့ဥက္ကဋ္ဌ ဦးစနီဖြူက ပြောပြချက်အရ သိရပါတယ်။