မြိုတိုင်းရင်းသား နှစ်သစ်ကူးနေ့အကြို ရိုးရာကပွဲအတွက် ကြိုတင်ပြင်ဆင်နေမှု

By Voice Of Westland/ 2022 January 16

ရခိုင်မျိုးနွယ်စုဝင်ဖြစ်တဲ့ မြိုတိုင်းရင်းသားတို့ရဲ့ ချစ်စရာနှစ်သစ်ကူးပွဲတော်ကို ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် အထက်မြတ်လှဲကျေးရွာနဲ့ အထက်မြတ်လှဲ စစ်ဘေးရှောင်စခန်းမှာ မနက်ဖြန် ဇန်နဝါရီလ ၁၇ ရက်နေ့မှာကျင်းပသွားမှာဖြစ်ပါတယ်။

အခုမြင်တွေ့ရတာကတော့ အဲဒီပွဲကိုအဆင်ပြေပြေအောင်အောင်မြင်မြင်နဲ့ ကျင်းပနိုင်ဖို့အတွက် ပြင်ဆင်နေကြတဲ့ မြင်ကွင်းတွေဖြစ်ပါတယ်။

အခုကျင်းပမဲ့ ရိုးရာနှစ်သစ်ကူးပွဲတော်ကို ဒီကနေ့ ဇန်နဝါရီလ ၁၆ ရက်နေ့ ညနေ ၈ နာရီအချိန်မှာ အကြိုပွဲအဖြစ်ကျင်းပသွားမှာဖြစ်တယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။

ဒီရိုးရာပွဲကို မနက်ဖြန် မနက် ၇ နာရီအချိန်မှာတော့ မြိုလူမျိုးတို့ရဲ့ နှစ်သစ်ကူးပွဲတော်ကိုအပြီးသတ်ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။

အခုလို နှစ်သစ်ကူးရိုးရာပွဲတွေကို ကျင်းပရတာဟာ နှစ်ဟောင်းက မကောင်းတဲ့အတိတ်နမိတ်နဲ့ အညစ်အကြေးတွေကိုဖယ်ရှားတဲ့နေဖြစ်တဲ့အတွက် အခုလိုကျင်းပရတာဖြစ်တယ်လို့ ပွဲကျင်းပသူတွေကပြောတယ်လို့ ကိုယ်တိုင်သွားရောက် သတင်းရယူနေတဲ့ VOW သတင်းဌာနက အကြီးတန်းသတင်းထောက် ကိုစိုးစံအောင်ရဲ့ ပြောဆိုချက်အရ သိရပါတယ်။

https://www.facebook.com/VOW2ppl/posts/142704251482294

Leave a Reply

Your email address will not be published.