By RFA/ 2022 January 9
File Photo – Reuters
ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းကနေ ရခိုင်ပြည်နယ်မောင်တောဘက်ကို ပြန်ဝင်လာတဲ့ ရိုဟင်ဂျာ ၅ ဦးကို မောင်တောနယ်စပ်လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးလိုက်ပါတယ်။
သုံးနှစ်အရွယ် ကလေးနှစ်ဦး အပါအဝင် အမျိုးသမီး ၄ ဦးနဲ့ အမျိုးသား ၁ ဦး စုစုပေါင်း ၅ ဦးဖမ်းဆီးခံရတာဖြစ်ပြီး သူတို့ကို ဥပဒေအရ အရေးယူမယ်လို့ စစ်ကောင်စီလက်အောက်ခံ ရခိုင်ပြည်နယ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
ဘင်္ဂလားဒေ့နိုင်ငံဘက်ရောက်သွားတဲ့ ရိုဟင်ဂျာတွေကို ပြန်လာဖို့ စစ်ကောင်စီက ခေါ်နေတဲ့ တချိန်တည်းမှာပဲ ပြန်လာတဲ့သူတွေကိုလည်း ဖမ်းဆီးမှုတွေရှိနေတာဖြစ်ပါတယ်။
ဘယ်ပုဒ်မတွေနဲ့ ဘာကြောင့်သူတို့ကို အရေးယူထားလဲဆိုတာ သိနိုင် ရခိုင် စစ်ကောင်စီဘက်ကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။
ဘင်္ဂလားဒေ့ရောက် ဒုက္ခသည်တွေ ပြန်လက်ခံရေး အစီအစဉ်တွေကို ဆောင်ရွက်နေကြောင်း စစ်ကောင်စီသတင်းတွေမှာ ဖော်ပြနေပေမယ့် … ဒီစစ်ကောင်စီရဲ့ လုပ်ဆောင်ချက်တွေဟာ ယုံကြည်စရာမရှိသလို၊ နိုင်ငံတကာ အသိအမှတ်ပြုခံရဖို့ လုပ်နေတာလို့ ရိုဟင်ဂျာအရေး လှုပ်ရှားသူတွေက ပြောဆိုနေကြပါတယ်။