By Western News/ 2022 January 10
နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅(က)ဖြင့် အမှုဖွင့်ခံထားရသည့် ပလက်ဝဒေသခံ ကိုတင်ထွန်းအောင်အား ဒီဇင်ဘာ ၉ ရက်နေ့ညနေပိုင်းက စစ်တပ်ရဟတ်ယာဉ်ဖြင့် စစ်တွေသို့ပို့ဆောင်လိုက်သည်ဟု မိသားစုဝင်များကပြောသည်။ပရဟိတလုပ်ငန်းများ လုပ်ဆောင်နေသူတစ်ဦးဖြစ်သည့် ပလက်ဝဒေသခံ ကိုတင်ထွန်းအောင်အား ဒီဇင်ဘာ ၃၀ ရက်နေ့က နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅(က)ဖြင့် ပလက်ဝမြို့မရဲစခန်းတွင် အမှုဖွင့်ထားခြင်းဖြစ်သည်။ ၎င်းအား ပလက်ဝအခြေစိုက် ၂၈၉ တပ်ရင်းတွင်ထိန်းသိမ်းထားခြင်းဖြစ်ပြီး ဒီဇင်ဘာ ၉ ရက်နေ့ညနေပိုင်းက စစ်တပ်ပိုင် ရဟတ်ယာဉ် ဖြင့်စစ်တွေသို့ ခေါ်ဆောင်သွားခြင်းဖြစ်သည်။ကိုတင်ထွန်းကို စစ်တွေမြို့ မည့်သည်နေရာတွင်ထိန်းသိမ်းထားသည့် မသိရသေးဟု ကိုတင်ထွန်းအောင်၏ အကိုဖြစ်သူ ကိုမင်းအောင်က Western News ကိုပြောသည်။“ ကျွန်တော်ညီ ကိုမနေ့ညနေပိုင်း ၅ နာရီလောက်က စစ်တပ်ပိုင် ရဟတ်ယာဉ်နဲ့ စစ်တွေကိုခေါ်ဆောင်သွားတယ်လို့ သိရတယ်။ ဘယ်နေရာ ယူဆောင်သွားတယ်ဆိုတာကိုတော့ မသိရသေးဘူး။ ရဲစခန်းနဲ့ စစ်တပ်ဖက်ကလည်း အကြောင်းကြားလာတာမရှိသေးဘူး။ အပြင်ကနေ့တစ်ဆင့်သိရတာဖြစ်တယ်”ဟုပြောသည်။ကိုတင်ထွန်းအောင်အား ပလက်ဝမြို့မ ရဲစခန်းက ဇန်နဝါရီ ၁၂ ရက်နေ့အထိ ချုပ်ရမန်ယူထားပြီး မည့်သည့်အတွက်ကြောင့် တရားစွဲဆိုခြင်းကို အတိကျမသိရသေးသောကြောင့် ရှေ့နေများဌားရမ်းထားခြင်းမရှိသေးဟု သူကဆက်ပြောသည်။ကိုတင်ထွန်းအောင်အား စစ်တွေသို့ ခေါ်ဆောင်သွားခြင့်နှင့် ပတ်သက်ပြီး ပလက်ဝမြို့မ ရဲစခန်းသို့ Western News မှ ဖုန်းဖြင်းဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပါ။ကိုတင်ထွန်းအောင်နှင့် အတူ ရုပ်ဝကျေးရွာမှ ဦးတင်ဦးတို့အား ဒီဇင်ဘာ ၂၈ ရက်နေ့ညနေပိုင်းက ရဲနှင့် စစ်တပ်က ဖမ်းဆီးခဲ့ပြီး ဒီဇင်ဘာ ၂၉ ရက်နေ့က ဦးတင်ဦးအား ဝန်ခံဖြင့်ပြန်လွှတ်လိုက်ကာ ကိုတင်ထွန်းအောင်အား နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅ (က)ဖြင့်အမှုဖွင့်ထားခြင်းဖြစ်သည်။
https://www.facebook.com/westernnewsagency/posts/444389667367543