By Voice Of Westland/ 2022 January 15

VOW – Western News သတင်းဌာနကို ပုဒ်မ ၁၂၄-က နဲ့ အမှုဖွင့်ခံထားရတယ်လို့ သိရတယ်။ ဒါနဲ့ပတ်သက်လို့ လက်ရှိရင်ဆိုင်နေရတဲ့ အခြေအနေကို သိပါရစေခင်ဗျာ။
WN – ကျနော်တို့ သိရသလောက်ဆိုရင်တော့ Western News ကို ဇန်နဝါရီလေးရက်နေ့က ပြည်နယ်စစ်ကောင်စီက သတင်းစာရှင်းလင်းပွဲမှာ ပြည်နယ်ဥပဒေချုပ်ဦးလှသိန်းပေါ့။ သတင်းစာရှင်းလင်းပွဲ လုပ်တဲ့နေ့မှာ မီဒီယာတွေကမေးမြန်းတော့ Western News ကို ပလက်ဝသတင်းတစ်ပုဒ်ရေးသားဖော်ပြတာနဲ့ ပတ်သက်ပြီးတော့ စစ်တွေခရိုင်တရားရုံးမှာ ဦးတိုက်လျှောက်ထားတယ်ဆိုပြီး ပြောသွားတယ်။ အဲဒီမှာ သတင်းထောက်တွေက ဆက်ပြီးမေးတယ်ပေါ့ဗျာ။ ဘယ်သူ့ကို တရားစွဲထားတာလဲ။ သတင်းဌာနကိုလား။ လူပုဂ္ဂိုလ်ကိုလားဆိုပြီး မေးတဲ့အခါ သူက ဘာပြောလဲဆိုတော့ ဘယ်သူ့ကိုစွဲထားလဲဆိုတာ သူတို့ တိတိကျကျမသိဘူးလို့ ဖြေခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ ကျနော်တို့ဟာ တရားရုံးနဲ့နီးစပ်တဲ့ Western News ကရှေ့နေတွေရှိတယ်။ အဲဒီရှေ့နေတွေကို ဆက်သွယ်မေးမြန်းတော့ ရှေ့နေတွေကလည်း Western News ကို ဦးတိုက်လျှောက်ထားတာတော့ တွေ့ရပါတယ်လို့ ကျနော်တို့ကို အကြောင်းပြန်ပါတယ်။ ပုဒ်မ ၁၂၄(က)နဲ့ ခရိုင်တရားရုံးကို ဦးတိုက်လျှောက်ထားတယ်။ စစ်တပ်ကတရားစွဲတယ်လို့ ကျနော်တို့ ကြားသိရပါတယ်။ အဓိကစွဲတဲ့အကြောင်းရင်းကတော့ ၂၀၂၁ ခု ဒီဇင်ဘာနောက်ဆုံးပတ်မှာပေါ့။ ပလက်ဝမှာ အလံဖြူထောင်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့ သတင်းတစ်ခုရေးခဲ့ဖူးပါတယ်။ သတင်းရေးတဲ့အခါ အင်တာဗျူးဖြေပေးတဲ့ ဒေသခံတယောက်ကို ၅၀၅(က)နဲ့ ဖမ်းဆီးလိုက်တယ်။ ဖမ်းဆီးတာက နှစ်ယောက်ပေါ့။ နှစ်ယောက်မှာ တစ်ယောက်ကတော့ ခံဝန်နဲ့လွှတ်ပေးလိုက်ပြီးတော့ နောက်တစ်ယောက်ကို ၅၀၅(က)နဲ့ တရားစွဲဆိုလိုက်တယ်။ နောက်ဆုံး Western News ကို သူတို့က သတင်းစာရှင်းလင်းပွဲမှာ ဦးတိုက်လျှောက်ထားတယ်ဆိုတာ သိအောင်ပြောလိုက်တယ်ပေါ့။
VOW – လွတ်လပ်တဲ့ သတင်းမီဒီယာတစ်ခုအနေနဲ့ ခုလို သတင်းရေးသားဖော်ပြလို့ဆိုပြီး ကြီးလေးတဲ့ပြစ်ဒဏ်နဲ့ ပုဒ်မတပ်ပြီး တရားစွဲဆိုခံရတဲ့အပေါ် ဘယ်လိုထင်မြင်မိပါသလဲခင်ဗျာ။
WN – ခုသူတို့ Western ကိုစွဲဆိုထားတဲ့ ပုဒ်မက ကြီးလေးတဲ့ပြစ်ဒဏ်ရှိတယ်လို့ ပြောလို့ရပါတယ်။ သတင်းမီဒီယာသမားတွေကို တခါမှ မစွဲဆိုဖူးတဲ့ ပုဒ်မဖြစ်တယ်။ ၁၂၄(က)ဆိုတာက နောက်ဆုံးပြောရမယ်ဆိုရင် ထောင်ဒဏ်တစ်သက်တစ်ကျွန်းချလို့ရတယ်။ ထောင်ဒဏ်နှစ်နှစ်ဆယ်အထိ ချလို့ရတယ်။ အနည်းဆုံးထောင်ဒဏ် ၃ နှစ်ကနေ ငွေဒဏ်အထိ ချမှတ်လို့ရတယ်လို့ ဖော်ပြထားပါတယ်။ အရမ်းကို ပြင်းထန်တဲ့ ပုဒ်မတစ်ခုပေါ့။ လက်ရှိစစ်ကောင်စီက ခန့်အပ်ထားတဲ့ သတင်းမီဒီယာကောင်စီကတဆင့် မသွားဘဲနဲ့ ခရိုင်တရားရုံးကို ဦးတိုက်လျှောက်တယ်ဆိုတာက ဒါလုံးဝမဖြစ်သင့်ပါဘူး။ မီဒီယာတွေကို ချိုးနှိမ်ပစ်လိုက်တာပေါ့။ အထူးသဖြင့် သတင်းမီဒီယာတွေ မရှိလေကောင်းလေဆိုတဲ့သဘောပေါ့။ နောက်တစ်ခုက ဒီအဖြစ်အပျက်မတိုင်ခင် ကျနော်တို့ ဘီလူးမတံတားနားက ရုံးကိုလာပြီး မေးမြန်းတာတွေ၊ ခေါ်ပြီးတော့ စစ်ကောင်စီဆိုတဲ့ အသုံးအနှုန်းတွေမသုံးဖို့၊ ရေးသားဖော်ပြတာတွေမလုပ်ဖို့ ကျနော်တို့ကို ဖိအားပေး ပြောဆိုတာတွေရှိခဲ့ပါတယ်။ ဒီဇင်ဘာနေ့ အခမ်းအနားလုပ်တာတွေ၊ AA က ဗိုလ်လောင်းတွေကျဆုံးမှုအထိမ်းအမှတ်နေ့ သတင်းရေးသားတာတွေကိုလည်း သူတို့က ရုံးကိုလာပြီးတော့ ရှာဖွေတာမျိုးတွေ လုပ်ဆောင်ခဲ့ပါတယ်။ ကျနော်တို့ကလည်း ကိုယ့်ရဲ့မူဝါဒအရ စစ်ကောင်စီဆိုတဲ့ အသုံးအနှုန်းကို သုံးပါတယ်။ ကျနော်တို့ရဲ့မူဝါဒအရ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ပတ်သက်ပြီး ကျနော်တို့ တောက်လျှောက်ရေးလာတယ်။ အခု မီဒီယာတစ်ခုကို စစ်ကောင်စီက ဦးတိုက်တရားစွဲပြီးတော့ ၊သတင်းမီဒီယာကောင်စီကတဆင့် မလုပ်ဆောင်ဘဲနဲ့ တရားစွဲတာမျိုးပြုလုပ်တာဟာ ကျနော်တို့အတွက် အန္တရာယ်အရမ်းများပါတယ်။ လက်ရှိမှာလည်း ကျနော်တို့ သတင်းဌာနရုံးကို ပစ်ထားခဲ့ရပါတယ်။ သတင်းသမားတွေအားလုံးလည်းအပြင်ကနေပြီး သတင်းရေးနေရပါတယ်။ သူတို့က ကျနော်တို့ကို စောင့်ကြည့်နေတာတွေရှိတဲ့အတွက် ကျနော်တို့မှာ သတင်းအစီအစဉ်တွေကို ရပ်နားထားရတဲ့အပိုင်းလည်း ရှိတယ်။ Daily တို့၊ Weekly တို့လိုဟာမျိုးတွေ အကုန်လုံးကို ရပ်နားထားရပါတယ်။
VOW – ရခိုင်မှာ သတင်းမီဒီယာတွေလည်း အားနည်းတာကိုတွေ့ရပါတယ်။ တရားစွဲခံရပြီးနောက်ပိုင်း သတင်းအစီအစဉ်တွေကိုလည်း ရပ်နားထားရတယ်။ ပြီးတော့ ရုံးတွေဘာတွေလည်း ပစ်ထားရတယ်ဆိုတော့ ဒါဟာ သတင်းမီဒီယာလုပ်ငန်းအတွက် ဘယ်လောက်ထိ အခက်အခဲဖြစ်သွား စေပါသလဲ။ ပြည်သူလူထုအတွက်ရော သိသင့်သိထိုက်တဲ့ သတင်းတွေနဲ့ပတ်သက်လို့ ဘယ်လောက်ထိ ဆုံးရှုံးမှုဖြစ်သွားနိုင်တယ်လို့ ပြောနိုင်ပါသလဲခင်ဗျာ။
WN – ဒီလိုလုပ်ဆောင်မှုဟာ သတင်းမီဒီယာလုပ်ငန်းအတွက် အခက်အခဲတွေအများကြီးဖြစ်သွားတာပေါ့ဗျာ။ ကျနော်တို့ ရခိုင်မှာ မီဒီယာတွေက လက်ချိုးရေလို့ရတယ်။ အစ်ကိုတို့ အခုလုပ်နေတဲ့ Voice Of Westland(VOW)ဆိုတဲ့ မီဒီယာတစ်ခုရှိတယ်။ နောက်ပြီးတော့ Boder News ဆိုတဲ့ မီဒီယာတစ်ခုဖြစ်လာတယ်။ Western News ဖြစ်လာတယ်။ DMG တို့ဆိုရင်လည်း တရားစွဲခံထားရတာရှိတယ်။ ကျနော်တို့လည်း ထိပ်တိုက်ရင်ဆိုင်နေရတယ်။ နိရ ဉ္စရာတို့ဆိုရင်လည်း အရင်က အမှုဖွင့်ခံခဲ့ရတယ်။ ရခိုင်ပြည်နယ်ထဲမှာ အသေးအဖွဲကိစ္စလေးတစ်ခုနဲ့ မီဒီယာတွေကိုချိုးနှိမ်လာတယ်ဆိုရင် နောက်ထပ်မီဒီယာတွေကိုလည်း ဒီလိုလုပ်မယ်ဆိုတဲ့သဘောပေါ့။ ကျနော်တို့ကတော့ ဒီလိုခက်ခက်ခဲခဲနဲ့ ရပ်တည်သွားဖို့ လုပ်နေရတဲ့အချိန်မှာတောင်၊ လက်ရှိမှာလည်းတိုက်ပွဲလည်းမရှိဘဲနဲ့ ဒီလိုလုပ်တယ်ဆိုတာက ကျနော်တို့အတွက် အန္တရာယ်များလာနိုင်သလို တဖက်မှာလည်း သတင်းမီဒီယာလုပ်ငန်းအတွက် နှောင့်နှေးသွားစေတယ်။ ပြည်သူတွေအတွက် ကျနော်တို့ ပုံမှန်တင်ဆက်တဲ့အစီအစဉ်တွေကို မတင်ဆက်နိုင်ဘူး။ သတင်းတွေကို ကျနော်တို့ အချိန်နဲ့တပြေးညီမဖော်ပြနိုင်တော့ဘူး။ အဓိကကတော့ ရခိုင်မှာရှိတဲ့သတင်းတွေကို အချိန်နဲ့တစ်ပြေးညီမတင်ဆက်နိုင်တော့ဘဲ ကြန့်ကြန့်ကြာကြာ တင်ဆက်နေရတဲ့ အခြေအနေမျိုးမှာရှိပါတယ်။
VOW – စစ်အစိုးရဘက်က သူတို့နဲ့သက်ဆိုင်တဲ့ တချို့သတင်းတွေကို ရေးသားဖော်ပြတယ်ဆိုပြီးတော့ တရားစွဲဆိုတဲ့လုပ်ရပ်ဟာ သတင်းမီဒီယာတွေအပေါ် ဘယ်လိုသဘောထားမျိုးထားကြတယ်လို့ ထင်မြင်မိပါသလဲခင်ဗျာ။
WN – ဒါက Western လောက်ပဲမဟုတ်ဘူး။ ရခိုင်မှာ ထိထိရောက်ရောက်ဖြစ်လာမယ့် မီဒီယာတွေကို သူတို့ချိုးနှိမ်မှာပဲ၊ နမူနာပြမှာပဲ။ ဥပမာ DMG ဆိုလို့ရှိရင် အယ်ဒီတာချုပ်ကို မတရားအသင်းပုဒ်မ ၁၇(၂)နဲ့ သူတို့တရားစွဲတယ်။ ဒုတာဝန်ခံအယ်ဒီတာနဲ့ သတင်းရေးသားတဲ့ သတင်းထောက်ကို ၆၆(ဃ)၊ ၅၀၅(က)နဲ့တရားစွဲလိုက်တယ်။ မောင်တောအခြေစိုက်သတင်းထောက် ကိုအောင်ကျော်မင်းလည်း တရားစွဲခံထားရတာရှိတယ်။ တစ်ဖက်မှာ နိရ ဉ္စရာအယ်ဒီတာချုပ် ဦးခိုင်မြတ်ကျော်လည်း တရားစွဲခံခဲ့ရဖူးတယ်။ သူတို့က မီဒီယာကို လုံးဝကိုမလိုလားတာ။ လုံးဝမရှိစေချင်တာ။ မီဒီယာတစ်ခု အောင်မြင်လာပြီဆိုရင် ဒါမှမဟုတ် မီဒီယာတစ်ခုကသူတို့အတွက် အနှောင့်အယှက်ဖြစ်လာပြီဆိုရင်၊ သူတို့နဲ့ပတ်သက်ပြီး ထူးထူးခြားခြားရေးသားဖော်ပြလာပြီဆိုတာနဲ့ သူတို့အတွက်ဖြေရှင်းရတာခက်ခဲတယ်။ ဒီဘက်မှာ သူတို့လုပ်နေတာတွေ၊ လူ့အခွင့်အေရးချိုးဖောက်နေတာတွေကို သတင်းတွေဖော်ပြတယ်။ အဲဒါကြောင့် သူတို့က ဒေသအခြေစိုက်မီဒီယာတွေကို မလိုလားတာပေါ့။ ကျနော်ပြောတဲ့ သူတို့ဆိုတာက စစ်ကောင်စီကိုညွန်းတာပါ။
VOW – အခုလက်ရှိမှာ အစ်ကိုကတိမ်းရှောင်နေရတယ်လို့သိရတယ်။ ဒီကြားထဲမှာ သူတို့ဘက်ကနေပြီး အစ်ကို့ရဲ့မိသားစုတွေကို ဖိအားပေးတာမျိုးတွေရောရှိလား။ ဘယ်လိုမျိုးလုပ်ဆောင်တာတွေရှိတယ်လို့ ကြားသိရပါသလဲခင်ဗျာ။
WN – ကျနော်တို့ မိသားစုတွေကို လာပြီးတော့ စုံစမ်းမေးမြန်းတာတွေရှိပါတယ်။ ဒီမိသားစုတွေ ဒီမှာနေကြလား ဆိုတာမျိုး လာစုံစမ်းတာတွေကို ကျနော်တို့ပြန်ပြီးတော့ ကြားသိရတယ်။ ကျနော်တို့က သတင်းအလုပ်လုပ်နေရတာ၊ တစ်ဖက်မှာလည်း ကိုယ့်မိသားစုအန္တရာယ်နဲ့ရင်ဆိုင်ရမယ့် အပိုင်းကို စိတ်မကောင်းတော့ ဖြစ်ရတယ်။ ကျနော်တို့ သတင်းရေးသားတာဟာ ရာဇဝတ်မှုလည်း မဟုတ်ဘူး။ ကျနော်တို့က အလံဖြူထောင်တာကို ထောင်တယ်လို့ပဲရေးတာ အဲဒီအလံဖြူထောင်တဲ့ကိစ္စနဲ့ စွဲတာဆိုလို့ရှိရင် ကျနော်တို့က အလံဖြူထောင်ထားလို့ ရေးတာလေ။ အဲဒီသတင်းမှာလည်း သူတို့စစ်ကောင်စီဘက်ကို ကျနော်တို့ ဆက်သွယ်ခဲ့တယ်။ ကျနော်တို့ဆက်သွယ်တာကို ဖုန်းမကိုင်ဘူး။ ဘယ်လောက်ခေါ်ခေါ်မကိုင်ဘူး။ အဲဒီတော့ ကျနော်တို့က သူတို့ဘက်က အမြင်ကိုဘယ်လိုရေးရမလဲ။ နောက်ပြီးမှ သူတို့က နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ စစ်တပ်ကိုအကြည်ညိုပျက်စေမှု ဆိုပြီး ပါးစပ်ကပြောတယ်။ တပ်မတော်ဘက်က ဒီလိုကိစ္စတွေမှာ သတင်းသမားတွေ ဖုန်းခေါ်တဲ့အခါ ကိုင်ဖို့လိုတယ်။ ကျနော်တို့ဆက်တိုက်ခေါ်ခဲ့တယ်။ အလံဖြူထောင်တာ မဟုတ်ဘူးဆိုရင် သူတို့ဘက်က ထုတ်ပြောရမယ့်တာဝန်ရှိတယ်။ အဲလိုမဟုတ်ဘဲ အကြည်ညိုပျက်စေမှုနဲ့ ကျနော်တို့ကို တရားစွဲတယ်။ ဒါ မဖြစ်သင့်ပါဘူး။
VOW – လက်ရှိမှာ Western က သတင်းထောက်တွေလည်း တိမ်းရှောင်နေရတယ်လို့ ကြားသိရပါတယ်။ အဲဒီအခြေအနေလေး ပြောလို့ရရင်ပြောပြပေးပါခင်ဗျာ။
WN – အဲဒါဟုတ်ပါတယ်။ လက်ရှိမှာ သတင်းထောက်တွေအားလုံး တိမ်းရှောင်နေရတဲ့ အခြေအနေရှိတယ်။ ကျနော်တို့ကြားသိရတာကလည်း ရဲတစ်ဖွဲ့က လိုက်ရှာနေတယ်ဆိုပြီးတော့ ကြားတယ်။ တရားရုံးကလည်း ကျနော်တို့ကို အမှုဖွင့်ထားတယ်ဆိုတဲ့ သမန်စာလည်း အခုထိရောက်မလာသေးဘူး။ သို့ပေမယ့် ဒီပုဒ်မဟာ ရဲပိုင်တဲ့အမှုဖြစ်တဲ့အတွက် အချိန်မရွေးဖမ်းဆီးလို့ရတဲ့ အနေအထားရှိတယ်။ ကျနော်တို့ရဲ့ သတင်းထောက်တွေဟာ လုံခြုံရေးအရ အချိန်မရွေးစိုးရိမ်ရတဲ့ အနေအထားရှိတယ်။ အဲဒါကြောင့် ကျနော်တို့သတင်းထောက်တွေဟာ ရုံးသတ်မှတ်ထားတဲ့နေရာမှာမဟုတ်ဘဲနဲ့ လုံခြုံမယ့်နေရာမှာနေပြီးတော့ သတင်းရေးသားပေးပို့နေကြရတယ်။ သတင်းတော်တော်များများက ကျနော်တို့အတွက် လုံခြုံရေးအရ စိုးရိမ်ရတဲ့ အနေအထားရှိနေတယ်။ သူတို့က ကျနော်တို့ကို ပွင့်ပွင့်လင်းလင်းပြောကြားတာမျိုးမရှိသေးဘူး။ တစ်စုံတရာအကြောင်းကြားတာလည်း မရှိသေးဘူး။ ဒီအမှုက ရဲပိုင်တဲ့အမှုဖြစ်တဲ့အတွက် အချိန်မရွေးဖမ်းဆီးပြီး ထောင်ထဲထည့်လိုက်လို့ရတယ်။ အဲဒါကြောင့် ကျနော်တို့သတင်းထောက်တွေအတွက် စိုးရိမ်နေရပါတယ်။
VOW – ဟုတ်ကဲ့ အခုလိုဖြေပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။
UNICODE —
ပုဒ်မ ၁၂၄-က နဲ့ အမှုဖွင့် တရားစွဲဆိုခံထားရတဲ့ Western News သတင်းဌာနရဲ့ အယ်ဒီတာချုပ် ကိုဝဏ္ဏခွာညိုကို လက်ရှိအခြေအနေနဲ့ပတ်သက်လို့ VOW က ဖုန်းနဲ့ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။
VOW – Western News သတင်းဌာနကို ပုဒ်မ ၁၂၄(က)နဲ့ အမှုဖွင့်ခံထားရတယ်လို့ သိရတယ်။ အဲနဲ့ဒါနဲ့ပတ်သက် လို့ လက်ရှိရင်ဆိုင်နေရတဲ့ အခြေအနေကို သိပါရစေခင်ဗျာ။
WN – ကျနော်တို့ သိရသလောက်ဆိုရင်တော့ Western News ကို ဇန်နဝါရီလေးရက်နေ့က ပြည်နယ်စစ်ကောင်စီက သတင်းစာရှင်းလင်းပွဲမှာ ပြည်နယ်ဥပဒေချုပ်ဦးလှသိန်းပေါ့။ သတင်းစာရှင်းလင်းပွဲ လုပ်တဲ့နေ့မှာ မီဒီယာတွေကမေးမြန်းတော့ Western News ကို ပလက်ဝသတင်းတစ်ပုဒ်ရေးသားဖော်ပြတာနဲ့ ပတ်သက်ပြီးတော့ စစ်တွေခရိုင်တရားရုံးမှာ ဦးတိုက်လျှောက်ထားတယ်ဆိုပြီး ပြောသွားတယ်။ အဲဒီမှာ သတင်းထောက်တွေက ဆက်ပြီးမေးတယ်ပေါ့ဗျာ။ ဘယ်သူ့ကို တရားစွဲထားတာလဲ။ သတင်းဌာနကိုလား။ လူပုဂ္ဂိုလ်ကိုလားဆိုပြီး မေးတဲ့အခါ သူက ဘာပြောလဲဆိုတော့ ဘယ်သူ့ကိုစွဲထားလဲဆိုတာ သူတို့ တိတိကျကျမသိဘူးလို့ ဖြေခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ ကျနော်တို့ဟာ တရားရုံးနဲ့နီးစပ်တဲ့ Western News ကရှေ့နေတွေရှိတယ်။ အဲဒီရှေ့နေတွေကို ဆက်သွယ်မေးမြန်းတော့ ရှေ့နေတွေကလည်း Western News ကို ဦးတိုက်လျှောက်ထားတာတော့ တွေ့ရပါတယ်လို့ ကျနော်တို့ကို အကြောင်းပြန်ပါတယ်။ ပုဒ်မ ၁၂၄(က)နဲ့ ခရိုင်တရားရုံးကို ဦးတိုက်လျှောက်ထားတယ်။ စစ်တပ်ကတရားစွဲတယ်လို့ ကျနော်တို့ ကြားသိရပါတယ်။ အဓိကစွဲတဲ့အကြောင်းရင်းကတော့ ၂၀၂၁ ခု ဒီဇင်ဘာနောက်ဆုံးပတ်မှာပေါ့။ ပလက်ဝမှာ အလံဖြူထောင်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့ သတင်းတစ်ခုရေးခဲ့ဖူးပါတယ်။ သတင်းရေးတဲ့အခါ အင်တာဗျူးဖြေပေးတဲ့ ဒေသခံတယောက်ကို ၅၀၅(က)နဲ့ ဖမ်းဆီးလိုက်တယ်။ ဖမ်းဆီးတာက နှစ်ယောက်ပေါ့။ နှစ်ယောက်မှာ တစ်ယောက်ကတော့ ခံဝန်နဲ့လွှတ်ပေးလိုက်ပြီးတော့ နောက်တစ်ယောက်ကို ၅၀၅(က)နဲ့ တရားစွဲဆိုလိုက်တယ်။ နောက်ဆုံး Western News ကို သူတို့က သတင်းစာရှင်းလင်းပွဲမှာ ဦးတိုက်လျှောက်ထားတယ်ဆိုတာ သိအောင်ပြောလိုက်တယ်ပေါ့။
VOW – လွတ်လပ်တဲ့ သတင်းမီဒီယာတစ်ခုအနေနဲ့ ခုလို သတင်းရေးသားဖော်ပြလို့ဆိုပြီး ကြီးလေးတဲ့ပြစ်ဒဏ်နဲ့ ပုဒ်မတပ်ပြီး တရားစွဲဆိုခံရတဲ့အပေါ် ဘယ်လိုထင်မြင်မိပါသလဲခင်ဗျာ။
WN – ခုသူတို့ Western ကိုစွဲဆိုထားတဲ့ ပုဒ်မက ကြီးလေးတဲ့ပြစ်ဒဏ်ရှိတယ်လို့ ပြောလို့ရပါတယ်။ သတင်းမီဒီယာသမားတွေကို တခါမှ မစွဲဆိုဖူးတဲ့ ပုဒ်မဖြစ်တယ်။ ၁၂၄(က)ဆိုတာက နောက်ဆုံးပြောရမယ်ဆိုရင် ထောင်ဒဏ်တစ်သက်တစ်ကျွန်းချလို့ရတယ်။ ထောင်ဒဏ်နှစ်နှစ်ဆယ်အထိ ချလို့ရတယ်။ အနည်းဆုံးထောင်ဒဏ် ၃ နှစ်ကနေ ငွေဒဏ်အထိ ချမှတ်လို့ရတယ်လို့ ဖော်ပြထားပါတယ်။ အရမ်းကို ပြင်းထန်တဲ့ ပုဒ်မတစ်ခုပေါ့။ လက်ရှိစစ်ကောင်စီက ခန့်အပ်ထားတဲ့ သတင်းမီဒီယာကောင်စီကတဆင့် မသွားဘဲနဲ့ ခရိုင်တရားရုံးကို ဦးတိုက်လျှောက်တယ်ဆိုတာက ဒါလုံးဝမဖြစ်သင့်ပါဘူး။ မီဒီယာတွေကို ချိုးနှိမ်ပစ်လိုက်တာပေါ့။ အထူးသဖြင့် သတင်းမီဒီယာတွေ မရှိလေကောင်းလေဆိုတဲ့သဘောပေါ့။ နောက်တစ်ခုက ဒီအဖြစ်အပျက်မတိုင်ခင် ကျနော်တို့ ဘီလူးမတံတားနားက ရုံးကိုလာပြီး မေးမြန်းတာတွေ၊ ခေါ်ပြီးတော့ စစ်ကောင်စီဆိုတဲ့ အသုံးအနှုန်းတွေမသုံးဖို့၊ ရေးသားဖော်ပြတာတွေမလုပ်ဖို့ ကျနော်တို့ကို ဖိအားပေး ပြောဆိုတာတွေရှိခဲ့ပါတယ်။ ဒီဇင်ဘာနေ့ အခမ်းအနားလုပ်တာတွေ၊ AA က ဗိုလ်လောင်းတွေကျဆုံးမှုအထိမ်းအမှတ်နေ့ သတင်းရေးသားတာတွေကိုလည်း သူတို့က ရုံးကိုလာပြီးတော့ ရှာဖွေတာမျိုးတွေ လုပ်ဆောင်ခဲ့ပါတယ်။ ကျနော်တို့ကလည်း ကိုယ့်ရဲ့မူဝါဒအရ စစ်ကောင်စီဆိုတဲ့ အသုံးအနှုန်းကို သုံးပါတယ်။ ကျနော်တို့ရဲ့မူဝါဒအရ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ပတ်သက်ပြီး ကျနော်တို့ တောက်လျှောက်ရေးလာတယ်။ အခု မီဒီယာတစ်ခုကို စစ်ကောင်စီက ဦးတိုက်တရားစွဲပြီးတော့ ၊သတင်းမီဒီယာကောင်စီကတဆင့် မလုပ်ဆောင်ဘဲနဲ့ တရားစွဲတာမျိုးပြုလုပ်တာဟာ ကျနော်တို့အတွက် အန္တရာယ်အရမ်းများပါတယ်။ လက်ရှိမှာလည်း ကျနော်တို့ သတင်းဌာနရုံးကို ပစ်ထားခဲ့ရပါတယ်။ သတင်းသမားတွေအားလုံးလည်းအပြင်ကနေပြီး သတင်းရေးနေရပါတယ်။ သူတို့က ကျနော်တို့ကို စောင့်ကြည့်နေတာတွေရှိတဲ့အတွက် ကျနော်တို့မှာ သတင်းအစီအစဉ်တွေကို ရပ်နားထားရတဲ့အပိုင်းလည်း ရှိတယ်။ Daily တို့၊ Weekly တို့လိုဟာမျိုးတွေ အကုန်လုံးကို ရပ်နားထားရပါတယ်။
VOW – ရခိုင်မှာ သတင်းမီဒီယာတွေလည်း အားနည်းတာကိုတွေ့ရပါတယ်။ တရားစွဲခံရပြီးနောက်ပိုင်း သတင်းအစီအစဉ်တွေကိုလည်း ရပ်နားထားရတယ်။ ပြီးတော့ ရုံးတွေဘာတွေလည်း ပစ်ထားရတယ်ဆိုတော့ ဒါဟာ သတင်းမီဒီယာလုပ်ငန်းအတွက် ဘယ်လောက်ထိ အခက်အခဲဖြစ်သွား စေပါသလဲ။ ပြည်သူလူထုအတွက်ရော သိသင့်သိထိုက်တဲ့ သတင်းတွေနဲ့ပတ်သက်လို့ ဘယ်လောက်ထိ ဆုံးရှုံးမှုဖြစ်သွားနိုင်တယ်လို့ ပြောနိုင်ပါသလဲခင်ဗျာ။
WN – ဒီလိုလုပ်ဆောင်မှုဟာ သတင်းမီဒီယာလုပ်ငန်းအတွက် အခက်အခဲတွေအများကြီးဖြစ်သွားတာပေါ့ဗျာ။ ကျနော်တို့ ရခိုင်မှာ မီဒီယာတွေက လက်ချိုးရေလို့ရတယ်။ အစ်ကိုတို့ အခုလုပ်နေတဲ့ Voice Of Westland(VOW)ဆိုတဲ့ မီဒီယာတစ်ခုရှိတယ်။ နောက်ပြီးတော့ Boder News ဆိုတဲ့ မီဒီယာတစ်ခုဖြစ်လာတယ်။ Western News ဖြစ်လာတယ်။ DMG တို့ဆိုရင်လည်း တရားစွဲခံထားရတာရှိတယ်။ ကျနော်တို့လည်း ထိပ်တိုက်ရင်ဆိုင်နေရတယ်။ နိရဥ္စရာတို့ဆိုရင်လည်း အရင်က အမှုဖွင့်ခံခဲ့ရတယ်။ ရခိုင်ပြည်နယ်ထဲမှာ အသေးအဖွဲကိစ္စလေးတစ်ခုနဲ့ မီဒီယာတွေကိုချိုးနှိမ်လာတယ်ဆိုရင် နောက်ထပ်မီဒီယာတွေကိုလည်း ဒီလိုလုပ်မယ်ဆိုတဲ့သဘောပေါ့။ ကျနော်တို့ကတော့ ဒီလိုခက်ခက်ခဲခဲနဲ့ ရပ်တည်သွားဖို့ လုပ်နေရတဲ့အချိန်မှာတောင်၊ လက်ရှိမှာလည်းတိုက်ပွဲလည်းမရှိဘဲနဲ့ ဒီလိုလုပ်တယ်ဆိုတာက ကျနော်တို့အတွက် အန္တရာယ်များလာနိုင်သလို တဖက်မှာလည်း သတင်းမီဒီယာလုပ်ငန်းအတွက် နှောင့်နှေးသွားစေတယ်။ ပြည်သူတွေအတွက် ကျနော်တို့ ပုံမှန်တင်ဆက်တဲ့အစီအစဉ်တွေကို မတင်ဆက်နိုင်ဘူး။ သတင်းတွေကို ကျနော်တို့ အချိန်နဲ့တပြေးညီမဖော်ပြနိုင်တော့ဘူး။ အဓိကကတော့ ရခိုင်မှာရှိတဲ့သတင်းတွေကို အချိန်နဲ့တစ်ပြေးညီမတင်ဆက်နိုင်တော့ဘဲ ကြန့်ကြန့်ကြာကြာ တင်ဆက်နေရတဲ့ အခြေအနေမျိုးမှာရှိပါတယ်။
VOW – စစ်အစိုးရဘက်က သူတို့နဲ့သက်ဆိုင်တဲ့ တချို့သတင်းတွေကို ရေးသားဖော်ပြတယ်ဆိုပြီးတော့ တရားစွဲဆိုတဲ့လုပ်ရပ်ဟာ သတင်းမီဒီယာတွေအပေါ် ဘယ်လိုသဘောထားမျိုးထားကြတယ်လို့ ထင်မြင်မိပါသလဲခင်ဗျာ။
WN – ဒါက Western လောက်ပဲမဟုတ်ဘူး။ ရခိုင်မှာ ထိထိရောက်ရောက်ဖြစ်လာမယ့် မီဒီယာတွေကို သူတို့ချိုးနှိမ်မှာပဲ၊ နမူနာပြမှာပဲ။ ဥပမာ DMG ဆိုလို့ရှိရင် အယ်ဒီတာချုပ်ကို မတရားအသင်းပုဒ်မ ၁၇(၂)နဲ့ သူတို့တရားစွဲတယ်။ ဒုတာဝန်ခံအယ်ဒီတာနဲ့ သတင်းရေးသားတဲ့ သတင်းထောက်ကို ၆၆(ဃ)၊ ၅၀၅(က)နဲ့တရားစွဲလိုက်တယ်။ မောင်တောအခြေစိုက်သတင်းထောက် ကိုအောင်ကျော်မင်းလည်း တရားစွဲခံထားရတာရှိတယ်။ တစ်ဖက်မှာ နိရဥ္စရာအယ်ဒီတာချုပ် ဦးခိုင်မြတ်ကျော်လည်း တရားစွဲခံခဲ့ရဖူးတယ်။ သူတို့က မီဒီယာကို လုံးဝကိုမလိုလားတာ။ လုံးဝမရှိစေချင်တာ။ မီဒီယာတစ်ခု အောင်မြင်လာပြီဆိုရင် ဒါမှမဟုတ် မီဒီယာတစ်ခုကသူတို့အတွက် အနှောင့်အယှက်ဖြစ်လာပြီဆိုရင်၊ သူတို့နဲ့ပတ်သက်ပြီး ထူးထူးခြားခြားရေးသားဖော်ပြလာပြီဆိုတာနဲ့ သူတို့အတွက်ဖြေရှင်းရတာခက်ခဲတယ်။ ဒီဘက်မှာ သူတို့လုပ်နေတာတွေ၊ လူ့အခွင့်အေရးချိုးဖောက်နေတာတွေကို သတင်းတွေဖော်ပြတယ်။ အဲဒါကြောင့် သူတို့က ဒေသအခြေစိုက်မီဒီယာတွေကို မလိုလားတာပေါ့။ ကျနော်ပြောတဲ့ သူတို့ဆိုတာက စစ်ကောင်စီကိုညွန်းတာပါ။