တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်လျှောက်ထားရက် ထပ်မံတိုးမြှင့်

By Narinjara/ 2022 January 7

​အေးမြတ်ခိုင်

တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့် လျှောက်ထားရက်ကို ဇန်နဝါရီ (၁၅) ရက်အထိ တိုးမြှင့်သတ်မှတ်လိုက်​ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက အသိပေးကြေညာလိုက်သည်။

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုခွင့် လျှောက်လွှာများကို ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ (၁၅)ရက်မှ ဒီဇင်ဘာ (၃၀)ရက်အတွင်း လျှောက်ထားရမည်ဟုသတ်မှတ်ထားခဲ့သော်လည်း လက်ရှိတွင် ဇန်နဝါရီလ ၁၅ ရက်​အထိ တိုးမြှင့်သတ်မှတ်လိုက်ခြင်းဖြစ်သည်။

တိုင်းဒေသကြီး၊ ပြည်နယ်အားလုံးရှိ ကျောင်းများဖွင့်ရက်နောက်ကျသည့်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ် (၉)ခုမှ မြို့နယ် (၄၆)မြို့နယ်နှင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲ​သော ဝေးလံဒေသများမှ အခြေခံပညာအထက်တန်းကျောင်းများ၊ ကျောင်းခွဲများ၊ တွဲဖက်ကျောင်းများ၊ ကိုယ်ပိုင်အထက်တန်းကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆိုမည့်သူများနှင့် ပြင်ပဖြေဆိုမည့်သူများ အဆင်ပြေချောမွေ့စေရန် ယခုကဲ့သို့ ရက်တိုးမြှင့်ဆောင်ရွက်ပေးခြင်းဖြစ်​ကြောင်း ​ကြေညာချက်တွင် ဖော်ပြထားသည်။

တက္ကသိုလ် ဝင်စာမေးပွဲကို လာမည့် မတ်လ ၃၁ ရက်မှ ဧပြီ ၉ ရက်အထိ စစ်ဆေးသွားမည်ဟု သိရသည်။

https://www.facebook.com/narinjara.info/posts/5072443549434348

Leave a Reply

Your email address will not be published.