ဇန်နဝါရီလ တတိယအပါတ်တွင် ယခင်အပါတ်များထက် ကိုဗစ်ပိုးတွေ့လူနာပိုများနေ

By Western News/ 2022 January 20

ရခိုင်တွင် ယခု ၂၀၂၂ ခုနှစ် ဇန်နဝါရီလ တတိယအပါတ်ထဲ၌ ယခင် ပထမအပါတ်နှင့် ဒုတိယအပါတ်တို့ထက် ကိုဗစ်ပိုးတွေ့ဦးရေပိုများနေကြောင်း ရခိုင်ပြည်နယ် ကိုဗစ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ၏ အချက်လက်များအရ တွေ့ရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ပထမအပါတ်တွင် ပိုးတွေ့ဦးရေ မရှိခဲ့သော်လည်း ဒုတိယအပါတ်ထဲတွင် ကိုဗစ်ပိုးတွေ့လူနာဆက်တိုက်တွေ့ရှိခဲ့ပြီး စုစုပေါင်း ပိုးတွေ့လူနာ ၆ ဦးရှိခဲ့သည်။

ယခုတတိယအပါတ်အတွင်းတွင်မူ ကိုဗစ်ပိုးတွေ့ရှိမှုဆက်တိုက် မရှိခဲ့သော်လည်း ဇန်နဝါရီ ၁၅ ရက်နေ့တစ်ရက်တည်းတွင် ပိုးတွေ့ ဦးရေ ၁၃ ဦးအထိရှိခဲ့ပြီး အဆိုပါပိုးတွေ့သူများမှာ စစ်တွေမြို့နယ် မှဖြစ်သည်။

စစ်တွေမြို့နယ်မှာ ကိုဗစ်တတိယလှိုင်းဖြစ်ပွားမှုမြင့်တက်ချိန်အတွင်းတွင်လည်း ပိုးတွေ့ရှိမှုနှုန်း အများဆုံးအနေအထားတွင်ရှိခဲ့ပြီး လက်ရှိတွင်လည်း ပိုးတွေ့ရှိမှု ရှိနေဆဲမြို့နယ်တစ်ခုဖြစ်သည်။

ရခိုင်ပြည်နယ်တွင် ကိုဗစ်တတိယလှိုင်းအတွင်း ပိုးတွေ့ဦးရေမှာ ဇန်နဝါရီလ ၁၉ ရက်နေ့အထိ ပိုးတွေ့လူနာ ၅၄၀ ဦးရှိပြီး သေဆိုးသူ ၅၀၁ ဦးထိရှိပြီဖြစ်သည်။

https://www.facebook.com/westernnewsagency/posts/450437466762763

Leave a Reply

Your email address will not be published.