ဆုဖလားနှင့်အတူ ရခိုင်သို့ရောက်လာသည့် ရခိုင်အမျိုးသမီးဘောလုံးအသင်းအား ပြည်သူများသောင်းသောင်းဖြဖြ ကြိုဆို

By Narinjara/ 2022 January 23

အေးမြတ်ခိုင်

တိုင်းနှင့်ပြည်နယ် အသက် ၂၅ နှစ်အောက် U 25 ရခိုင်အမျိုးသမီးဘောလုံးအသင်းသည် ဆုဖလားနှင့်အတူ ရခိုင်သို့ ယနေ့နံနက်ပိုင်းကရောက်ရှိလာစဉ် ပြည်သူများ ရာနှင့်ချီပြီး သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြသည်။

အဆိုပါအသင်းသည် ယနေ့ ဇန်နဝါရီ ၂၃ ရက် နံနက်တွင် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ တပ်မတော်အထူးလေယာဉ်ဖြင့် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

အစိုးရအဖွဲ့အပါအဝင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံပြည်သူ ၃၀၀ ခန့်က  ရခိုင်ရိုးရာစည်တော်ဝိုင်းနှင့် ဘင်ခရာတီးဝိုင်းများတီးမှုတ်ကာ သောင်းသောင်းဖြဖြ လာရောက်ကြိုဆိုခဲ့ကြသည်။

လာရောက်ကြိုဆိုသည့် စစ်တွေမြို့ မကျည်းမြိုင်ရပ်ကွက်မှ ဒေါ် အေးကျော့နုက ရခိုင်တမျိုးသားလုံးအတွက် ဂုဏ်ယူ၍ လာရောက်ကြိုဆိုခြင်းဖြစ်ပြီး နောက်ထပ်လည်း ရခိုင့်ဂုဏ်ကိုဆောင်နိုင်ဖို့မျှော်လင့်ကြောင်း နိရဥ္စရာသတင်းဌာနကို ပြောသည်။

အဆိုပါအမျိုးသမီးဘောလုံးအသင်းသည် စစ်တွေမြို့ကို ကားဖြင့်လှည့်လည်ကာ အောင်ပွဲခံခဲ့သည်။

U 25 ရခိုင်အမျိုးသမီးဘောလုံးအသင်းသည် ပြီးခဲ့သည့် ဇန်နဝါရီလ ၂၁ ရက်က နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်းတွင်ကျင်းပသည့်ဗိုလ်လုပွဲ၌ ရှမ်းအမျိုးသမီးအသင်းကို ၃ ဂိုး ၂ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသွားခဲ့ခြင်းဖြစ်သည်။

ရခိုင်အမျိုးသမီးအသင်း ပထမဆုချန်ပီယံဖြစ်ခြင်းသည် တိုင်းနှင့်ပြည်နယ် ဘောလုံးသမိုင်းတွင် ပထမဆုံးအကြိမ် ဖြစ်သည်ဟု သိရသည်။

https://www.facebook.com/narinjara.info/posts/5134853323193370

Leave a Reply

Your email address will not be published.