စစ်ရေးတင်းမာနေတဲ့ ကျောက်တော်မြို့ပေါ်မှာ ဒေသခံတချို့စစ်ဘေးတိမ်းရှောင်

ရထားဘူတာစစ်ဘေးရှောင်တွေ အကူအညီလိုအပ်နေ

By BBC/ 2022 January 19

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ပေါ်မှာရှိတဲ့ ရထားဘူတာစစ်ဘေးရှောင်စခန်းမှာရှိတဲ့ စစ်ဘေးရှောင်တွေအကူအညီလိုအပ်နေတယ်လို့ စစ်ဘေးရှောင်စခန်းမှာ နေထိုင်သူတွေကပြောပါတယ်။

“အိမ်သာရယ်၊ ထင်းရယ်၊ ဆောင်းရာသီ ဆိုတော့ အနွေးထည်တွေလည်း လိုအပ်ပါတယ် ”လို့ တင်းမကျေးရွာကနေ  စစ်ဘေးရှောင်လာသူ မသန်းနုခိုင်က MPA ကို ပြောပါတယ်။

ရထားဘူတာစစ်ဘေးရှောင်စခန်းမှာ အိမ်ထောင်စုပေါင်း ၂၀၆ စုရှိပြီး လူဦးရေ ၇၃၅ ယောက်လောက် စစ်ဘေးတိမ်းရှောင်နေရတာပါ။

ကျောက်တော်မြို့နယ်မှာဆိုရင်  ရက္ခိုင့်တပ်တော်(AA) နဲ့ အာဏာသိမ်းစစ်ကောင်စီတပ်တို့ကြားမှာမနေ့ ဇန်နဝါရီ ၁၇ ရက်နေ့ကစပြီး စစ်ရေးတင်းမာနေတာကြောင့် ဒေသခံတွေအခုလိုစစ်ဘေးတိမ်းရှောင်လာကြတာဖြစ်တယ်လို့

စစ်ရှောင်စခန်းမှာနေထိုင်သူတွေကပြောပါတယ်။

https://www.facebook.com/BBCnewsBurmese/posts/4933899659999213

Leave a Reply

Your email address will not be published.