By Narinjara/ 2022 January 11
ထက်အောင်

(ဓာတ်ပုံ – စစ်တွေလေဆိပ်တွင်ရပ်နားထားသည့်လေယာဉ်တစ်စင်းအား တွေ့ရစဉ်။)
စစ်တွေမှေ ရန်ကုန်သို့ပျံသန်းသည့်လေယာဉ်တစ်စင်းသည် လမ်းခရီးတွင် လေဖိအားမကောင်းဖြစ်လာ၍ စစ်တွေလေဆိပ်သို့ပြန်လည်ဆင်းသက်ခဲ့ရကြောင်း သိရသည်။
ပြန်လည်ဆင်းသက်ခဲ့ရသည့်လေယာဉ်မှာ လေယာဉ်အမှတ် XY-ALU ဖြစ်ပြီး E 190 အမျိုးအစားဖြစ်ကြောင်း ရခိုင်နေ့စဉ်တွင် ဖော်ပြထားချက်အရ သိရသည်။
အဆိုပါလေယာဉ်သည် ယနေ့ ဇန်နဝါရီလ ၁၁ ရက်နေ့ နံနက် ၁ဝ နာရီ ၁ဝ မိနစ်တွင် စစ်တွေလေဆိပ်မှ ရန်ကုန်သို့ပျံသန်းစဉ် ပျံသန်းချိန် ၃၅ မိနစ်ခန့်အကြာတွင် ယခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
လေယာဉ်ပေါ်တွင် ပါလာသည့် ခရီးသည် ၉၉ ဦးလည်း ဘေးကင်းခဲ့သည်ဟု ရခိုင်နေ့စဉ်တွင် ဖော်ပြသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၁ ရက် မွန်းတည့် ၁၂ နာရီခန့်တွင်လည်း မြန်မာအမျိုးသားပိုင်လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်းသည် ခရီးသည် ၇၄ ဦးတင်ဆောင်၍ ရန်ကုန်မှ စစ်တွေသို့ရောက်ရှိစဉ် ဝဲဘက်အင်ဂျင်စက်သတ်မရခဲ့သောကြောင့် ခရီးသည်များအား ညာဘက်ရှိ အရေးပေါ်တံခါးမှ အတင်/အချပြုလုပ်ပြီး ဆက်လက်ထွက်ခွာသွားခဲ့ရကြောင်း သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၃ ရက် နံနက်ကလည်း ရန်ကုန်မှ ခရီးသည် ၂၈ ဦးတင်ဆောင်၍ထွက်ခွာလာသည့် Air KBZ လေယာဉ်တစ်စင်းသည် စစ်တွေလေဆိပ်သို့ဆင်းသက်စဉ် သိန်းငှက်တစ်ကောင်အားတိုက်မိမှုဖြစ်ပွားခဲ့သေးသည်။
ယင်းဖြစ်စဉ်ကြောင့် လေယာဉ်ညာဘက်တောင်ပံ အနည်းငယ်ထိခိုက်ပျက်စီးသွားခဲ့ပြီး ခရီးသည်များ တစ်စုံတစ်ရာ ထိခိုက်မှုမရှိခဲ့ဟု သိရသည်။
https://www.facebook.com/narinjara.info/posts/5083574888321214