စစ်တွေမြို့ လမ်းမတော်မြောက်တွင် မီးလောင်မှုဖြစ်ပွါး ၁ ဦးသေ၊ ၃ ဦးဒဏ်ရာရ

By Western News/ 2022 January 16

ရခိုင်ပြည်နယ် စစ်တွေမြို့ လမ်းမတော်မြောက် ရပ်ကွက် အလယ်လမ်းတွင်  ယနေ့ ဇန်နဝါရီလ ၁၆ ရက် နံနက်ပိုင်းက အိမ်တစ်ဆောင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး အမျိုးသမီးတစ်ဦး သေဆုံးကာ ၃ ဦးဒဏ်ရာရရှိခဲ့သည်ဟု ရွှေရောင်မေတ္တာဖောင်ဒေးရှင်းမှသိရသည်။

နံနက် ၂ နာရီခွဲလောက်က ဘက်ထရီအိုးအားဖြည့်ထားရာမှ အပူလွန်ကဲ၍လောင်ကျွမ်းခြင်းဖြစ်ပြီး အမျိုးသမီး တစ်ဦးသေဆုံးကာ လူကြီး ၂ ဦးနှင့် ကလေး ၁ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ရွှေရောင်မေတ္တာဖောင်းဒေးရှင်း ဥက္ကဋ္ဌ ကိုမင်းထည်ဝါက Western News ကိုပြောသည်။

 “မီးလောင်ကျွမ်းတာက နံနက် ၂ နာရီခွဲလောက်ကလောင်တာ။ မီးလောင်တာကတော့ ဘက်ထရီအိုးအားသွင်းထားတာက အပူလွန်ကဲပြီး ပေါက်ကွဲပြီးလောင်တာလို့သိရတယ်။ မီးလောင်မှုမှာ အသက် ၆၅ အရွယ် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပါတယ်။ နောက်ပြီး အသက် ၁နှစ် ၆ လ အရွယ်ကလေးတစ်ဦး ဒဏ်ရာရာရှိခဲ့တယ်။ နောက်အမျိုးသမီး တစ်ဦးစိုးရိမ်ရတဲ့ အခြေနေမှာရှိတယ်။ နောက် အမျိုးသားတစ်ဦး မစိုးရိမ်းရတဲ့ အခြေနေအဖြစ် ဒဏ်ရာရရှိခဲ့ကြတယ်။ လက်ရှိမှာ သေဆုံးလူနာအား ရင်ခွဲရုံကို ပို့ထားပြီး ဒဏ်ရာရလူနာတွေကို စစ်တွေမြို့ဆေးရုံးကြီးမှာ ကုသလျှက်ရှိတယ်” ဟုပြောသည်။

အဆိုပါ မီးလောင်မှုတွင်  သေဆုံးသူတစ်ဦးရှိခဲ့ပြီး ဒဏ်ရာရလူနာအားအသေးစိတ် မသိရသေးဟု စစ်တွေမြို့နယ် မီးသတ်ဦးစီဌာနမှ အရာရှိတစ်ဦးက Westen News ကိုပြောသည်။

https://www.facebook.com/westernnewsagency/posts/447752960364547

Leave a Reply

Your email address will not be published.