စစ်စခန်း အလံဖြူထောင်ထားကြောင်း ပြောသူကို အကြည်ညိုပျက်စေမှု နဲ့ စွဲဆိုမည်

By VOA / 2022 January 25

ဖမ်းဆီးခံထားရတဲ့ ပလက်ဝမြို့နယ်က ပရဟိတအကူအညီပေးနေတဲ့ ကျန်းမာရေးဝန်ထမ်း ကိုတင်ထွန်းအောင်ကို လာမယ့် ဇန်နဝါရီလ ၂၇ရက်နေ့မှာ ပလက်ဝမြို့ နယ် တရားရုံးမှာ စတင်ရုံးထုတ်မယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။ ပလက်ဝစစ်စခန်းတခုမှာ အလံဖြူထောင်တယ်ဆိုပြီး သတင်းမီဒီယာတခုကို ပြောကြားခဲ့ပြီးနောက် ဖမ်းဆီးခံရတာပါ။ သူဖမ်းခံထားရတာ ၁ လကျော်နေပြီဖြစ်ပေမဲ့ အခုချိန်ထိ မိသားစုဝင်တွေနဲ့ တွေခွင့်မရသေးတာကြောင့် မိသားစုဝင်တွေက စိုးရိမ်နေကြတဲ့အကြောင်း ရန်ကုန်က လာတဲ့ သတင်းကို ကိုရဲမွန်က တင်ပြမှာပါ။

  ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်က ဖမ်းဆီးခံရတဲ ပလက်ဝမြို့နယ် လူမှုရေး လုပ်ငန်းလုပ်ကိုင်သူ ကျန်းမာရေးဝန်ထမ်း ကိုတင်ထွန်းအောင်ကို လာမယ့် ဇန်နဝါရီလ ၂၇ ရက်နေ့ကျရင် ပလက်ဝမြို့ နယ် တရားရုံးမှာ ပထမဆုံးရုံးထုတ်မယ်လို့ မိသားစုဝင်တစ်ဦးက ကပြောပါတယ်။ ရဲနဲ့ စစ်တပ်တပ်ဖွဲ့ဝင်တွေ ဖမ်းဆီးခေါ်ဆောင်သွားပြီးထဲက သူနဲ့ပါတ်သက်တဲ့ သတင်းမရခဲ့ဘူးလို့ မိသားစုဝင်ကပြောပါတယ်။

“သူ့သတင်းအစအန ဘာမှမသိရဘူး ကျနော်တို့လိုက်ရှာတယ်သူ့ကို ဘယ်နေရာမှာ ထိန်း သိမ်းထားလည်း ဘယ်လိုကျွေးတယ်၊ ဘယ်အနေအထားရှိလည်းလို့ အဲတာကို သွားပြီးမှ ကျ နော်တို့က မေးကြည့်တယ်။ ဘာမှ အဆက်အသွယ်မရဘူး မနေ့က ညနေပိုင်း ၈နာရီမှာ ပလက်ဝရဲစခန်းကို ရောက်တယ်လို့ ရဲစခန်းက ကျနော်တို့ကို ပြောတယ်။ သူတို့က ပြောမယ် ဆိုရင် တရားရုံးတင်တဲ့ နေ့မှာပဲ တွေ့ရမယ်လို့ ပြောတယ်၊တရားရုံးကို ၂၇ရက်နေ့ တင်မယ်တဲ့။ ”

ပလက်ဝမြို့နယ်က စစ်စခန်းတခုမှာ အလံဖြူထောင်ထားတယ်လို့ သတင်းဌာနတွေကို ပြောပြ ဖြေဆိုခဲ့ပြီးနောက် သူအဖမ်းခံရတာပါ။ အဲဒီနောက် လုပ်ဆောင်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၅-ကနဲ့ တရားစွဲခံရပါတယ်။ ကိုတင်အောင်ကို ဖမ်းဆီးသွားတဲ့ နေ့ကစပြီး ဒီကနေ့အထိ မိသားစုဝင်တွေနဲ့ တွေ့ခွင့် မရသေး တာဖြစ်တာကြောင့် မိသားစုဝင်တွေ အနေနဲ့ စိုးရိမ်နေကြတာပါ။ လက်ရှိမှာတော့ ကိုတင်ထွန်းအောင်ဟာ ပလက်ဝမြို့မရဲစခန်းမှာ ရှိနေပြီး ဗိုက်အောင့်နေတယ်ဆိုတဲ့ သတင်းကြားရတာကြောင့် ပိုပြီးတော့ စိုးရိမ်နေရတယ်လို့ ဖမ်းဆီးခံထားရတဲ့ ကိုတင်ထွန်းအောင်ရဲ့ မိသားစုဝင်တစ်ဦးကပြောပါတယ်။

 “အခုဆိုရင် သူဗိုက်တွေ အောင့်နေတယ်၊ ဘာကြောင့်အောင့်လည်း ဘာဖြစ်လို့အောင့် တာ လည်း အသတ်ခံပြီး အရိုက်ခံပြီးမှ အောင့်ရတာလား နိုပ်စက်ခံရတာလား ဘယ်လိုရှိလည်း ဘာမှလည်းမသိရဘူး။”

ပလက်ဝမြို့နယ်က ခလရ ၂၈၉ တောင်ကုန်းပေါ်မှာ အလံဖြူထောင်ထားတယ်လို့ ကိုတင်ထွန်းအောင်ဖြေဆိုတဲ့ သတင်းကိုဖော်ပြတဲ့ ရခိုင်အခြေစိုက် သတင်းဌာနတစ်ခုဖြစ်တဲ့ Western Newsသတင်းဌာနာက အယ်ဒီတာချုပ်နဲ့ သတင်းထောက်တစ်ဦးကိုလည်းဗိုလ်မှူးကြီး ဘုန်းမြင့်ကျော်က တရားလိုလုပ်ပြီး စစ်တွေခရိုင်တရားရုံးမှာတရားစွဲထားပါတယ်။  နိုင်ငံတော်အကြည်ညိုပျက်စေမှု ဥပဒေပုဒ်မ ၁၂၄ နဲ့ တရားစွဲဆိုထားတယ်လို့လည်း Western News သတင်းဌာန အေဒီတာချုပ် ကိုဝဏ္ဏခွာညိုကပြောပါတယ်။

“ကျနော်တို့ ရှေ့နေ အသိုင်းအိဝိုင်းက သိရတာကတော့ Westernက အယ်ဒီတာချုပ် ကျနော်ကိုယ်တိုင်ပေါ့ ပြီးတော့ သတင်းထောက် တစ်ယောက်ကို ဗိုလ်မှူးကြီး ဘုန်းမြင့် ကျော်ကနေပြီးတော့ စစ်တွေခရိုင်တရားရုံးမှာ ဦးတိုက်လျောက်ထားတယ်ဆိုတဲ့ ဟာကို ကျနော်တို့ သိရတယ်၊ သိရတာလည်းသိပ်မကြာသေးဘူး၊ ဒီနေ့က ၂၄ဆိုတော့ ၂၂ရက်နေ့ကသိရတာပေါ့လေ၊ ဒီနောက်ပိုင်းမှာတော့ ကျနော်တို့ဆီကို သမန်စာတွေ တစ်ခြားဆင့်ခေါ်စာတွေ ကျနော်ဆီကို မရောက်သေးဘူးခင်မျာ၊ လတ်တလော ရှေ့နေတွေ ဆီက သိရတာကတော့ ပလက်ဝမှာ အလံဖြူထောင်တယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သတ်ပြီး ဦးတိုက်လျောက်ထားတယ်ဆိုတာ တော့ သိရတယ်။ လက်ရှိအချိန်မှာတော့ သူတို့ တရားရုံးမှာ တရားလိုဖက်ကလူတွေကို ခေါ်ယူစစ်ဆေးမေးမြန်းတာ ရှိတယ်ပေါ့လေ သူတို့အမှုတည်ဆောက်နေတဲ့ ကာလဖြစ်တယ်ဆိုတာကို ကျနော်တို့ အကြမ်းဖြင်း သိရတာပေါ့။”  

 ဒီလိုအခြေအနေကြောင့် Western News သတင်းဌာနာက သတင်းထောက်တွေ ထွက်ပြေးတိမ် ရှောင်နေကြပါတယ်။ အခုတရားစွဲဆိုထားတဲ့ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၁၂၄ဟာ အမြင့် ထောက်ဒဏ် တစ်သက်တစ်ကျွန်းနဲ့ အနည်းဆုံးထောင်ဒဏ် သုံးနှစ်အထိ ကျခံနိုင်တဲ့ ပုဒ်မတစ်ခုလည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း သတင်းထောက်တွေနဲ့ စစ်အာဏာရှင်ဆန့်ကျင်လှုပ်ရှားသူတွေ ထောင်နဲ့ချီဖမ်းဆီးခံခဲရ သလိုစစ်ကြောရေးအတွင်း သေဆုံးသူတွေလည်း ရှိခဲ့ပါတယ်။   

https://www.facebook.com/VoA.Burmese.News/posts/10159683682815170

Leave a Reply

Your email address will not be published.