By Development Media Group (DMG)/ 2022 January 23

ဂွမြို့နယ်၊ ကျိန္တလီမြို့နယ်ခွဲ၊ ဘဝင်ကျေးရွာအုပ်စု၊ ခရင်ချောင်းကျေးရွာအနီးတွင် တရားမဝင်သစ်ခိုးထုတ်နေမှုများရှိနေကြောင်း ကျေးရွာတာဝန်ရှိသူများထံမှသိရသည်။
လက်ရှိတွင် သစ်များကို လွှစက်(ချိန်းဆော-လက်ကိုင်သစ်ခွဲစက်) များ အသုံးပြု၍ လူအင်အား ငါးဆယ်ခန့်ဖြင့် ထုတ်ယူလျှက်ရှိကာ သစ်တန်ချိန် ရာနှင့်ချီ ထုတ်ယူနေကြောင်း ခရင်ချောင်းကျေးရွာမှ ဒေသခေါင်းဆောင် ဦးလှကြာက ဆိုသည်။
“သူတို့က တောထဲမှာ တဲတွေထိုးပြီး စျေးဆိုင်တွေဘာတွေနဲ့ ပွဲစျေးတန်းလိုနေပြီး အကြီးအကျယ်ခုတ်နေကြတာကို ကျွန်တော်ကိုယ်တိုင်မြင်ခဲ့တယ်” ဟု သူကဆိုသည်။
သတင်းအပြည့်အစုံကို ဆက်လက်တင်ပြပေးပါမည်။
https://www.facebook.com/dmgnewsagency/posts/2208758182609914