By Western News/ 2021 December 10

ယနေ့ ကျရောက်သော ၇၃ နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့ကို ရခိုင်ပြည်လူ့အခွင့်အရေးကာကွယ် မြှင့်တင်သူများအဖွဲ့က ဦးဆောင်၍ ကျောက်တော်မြို့နယ် ကြာညိုပြင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ဒီဇင်ဘာ ၁၀ ရက်နေ့ နေ့လည်ပိုင်းက ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားကို အနီးအနားရှိ ကျေးရွာပေါင်း ၁၀ ကျော်မှ ရပ်မိရပ်ဖများနှင့် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ စစ်တွေ စသည့် မြို့နယ်များမှ ရပ်မိရပ်ဖနှင့် ကျေးရွာသား ၁၅၀ ကျော်ခန့်တက်ရောက်ခဲ့သည်ဟု သိရသည်။
ရခိုင်ပြည်သူများအနေဖြင့် လူ့အခွင့်အရေးချိုးဖောက် ခံရမှု၊ စစ်ရာဇဝတ်မှုကျူးလွန်မှုများကို သိရှိနားလည်အောင်နှင့် အုပ်ချုပ်သူများအနေဖြင့်လည်း လူ့အခွင့်အရေးကို လေးစားလိုက်နာစေချင်သည့် ရည်ရွယ်ချက် ဖြင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ကိုကျင်းပပြုလုပ်ရခြင်းဖြစ်သည်ဟု ရခိုင်လူ့အခွင့်အရေးကာကွယ် မြှင့်တင်သူများအဖွဲ့မှ ဒါရိုက်တာ ဦးဦးမြတ်ထွန်းကပြောသည်။
“ဒီကနေဟာ တစ်ကမ္ဘာလုံးမှာ ကျရောက်တဲ့အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဖြစ်ပါတယ်။ ဒီနေ့မှာ ရခိုင်ပြည်သူတွေအနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေ၊ စစ်ရာဇဝတ်ကျူးလွန်မှုတွေကို ခံရတဲ့အခါ လူ့အခွင့်အရေးတွေကိုသိရှိစေဖို့၊ အုပ်ချုပ်တဲ့ လူတွေကလည်း လူ့အခွင့်အရေးကို လေးစားလိုက်နာအောင်ဆိုတဲ့ ရည် ရွယ်ချက်နဲ့ ပြုလုပ်တာဖြစ်ပါတယ်”ဟုပြောသည်။
ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်က ကျရောက်ခဲ့သည့် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့တွင် လှုပ်ရှားမှုပြုလုပ်ခဲ့ကြသည့် ရခိုင်လူငယ်မျိုးဆက်သစ်ကွန်ရက်မှလူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ကိုသန်းလှ (ခေါ်) မင်းဘာချေ၊ ကိုနိုင်နိုင်ထွန်းနှင့် မခိုင်မြတ်သူတို့မှာ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့်စီတန်းလှည့်လည်ခွင့်ဆိုင်ရာဥပဒေပုဒ်မ ၁၉ (က) ဖြင့် ပြီးခဲ့ ၂၀၂၀ခုနှစ် ဒီဇင်ဘာ ၂၁ ရက်နေ့တွင်တရားစွဲဆိုခံခဲ့ရသည်။
၆ လကျော်ကြာ တရားရင်ဆိုင်ပြီးနောက် ၎င်းတို့က စစ် တွေမြို့နယ်တရားရုံးက ယခုနှစ် ဇူလိုင် ၁၂ ရက်နေ့က ထောင်ဒဏ် ၁၅ ရက် သို့မဟုတ် ငွေဒဏ် ၂၀၀၀၀ အသီးသီး ချမှတ်ခံခဲ့ရသည်။
https://www.facebook.com/westernnewsagency/posts/425600592579784