By Development Media Group (DMG)/ 2021 December 13

ဒီဇင်ဘာလ(၁၅)ရက်နေ့တွင်ကျရောက်မည့် (၄၇)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် ရခိုင်ရိုးရာကျင်ကိုင်ပွဲကို ယနေ့(ဒီဇင်ဘာလ ၁၃ ရက်)တွင် စစ်တွေမြို့ ဝင်္ကဘာကွင်း၌ စတင်ကျင်းပလျက်ရှိသည်။
ကိုဗစ်ကြောင့် ယခင်နှစ်က ရခိုင်ပြည်နယ်နေ့အခမ်းအနားကို မကျင်းပနိုင်ခဲ့သော်လည်း ယခုနှစ်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဟု ပြည်နယ်စစ်ကောင်စီက ပြောဆိုထားသည်။
ယခုနှစ်ကျရောက်မည့် (၄၇)နှစ်မြောက် ရခိုင်ပြည်နယ်နေ့တွင် ရခိုင်ရိုးရာကျင်ပွဲအပြင် အခြားအားကစားပြိုင်ပွဲများကိုလည်း ထည့်သွင်းကျင်းပမည်ဖြစ်သည်။
၁၉၇၄ ခုနှစ် အခြေခံဥပဒေအရ ယင်းနှစ်ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ရခိုင်တိုင်းမှ ရခိုင်ပြည်နယ်အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့သည်။ ၁၉၇၅ ခုနှစ်မှစတင်ပြီး ရခိုင်ပြည်နယ်နေ့အခမ်းအနားများကို ပြည်နယ်အဖြစ်ပြောင်းလဲသတ်မှတ်ခဲ့သည့် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ကျင်းပလာခဲ့ခြင်းဖြစ်သည်။
https://www.facebook.com/dmgnewsagency/posts/2178807918938274