By Western News/ 2021 December 8
ဘာသာပြန်ဆောင်းပါး
ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးစမ်းသပ်ဖော်ထုတ်နိုင်ခဲ့တဲ့အောင်မြင်မှု သက်တမ်းတစ်နှစ်ကျော်သာသာမှာပဲ ကမ္ဘာကြီးအတွက် နောက်ထပ်ခြိမ်းခြောက်မှုအသစ်တစ်ရပ်က လာနေပါပြီ။ နိုဝင်ဘာလ ၂၄ ရက်နေ့ကပဲ စတင်တွေ့ရှိခဲ့တဲ့ မျိုးဗီဇပြောင်း အိုမီခရွင် လို့အမည်ပေးထားတဲ့ ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲသစ်ဟာ ကိုဗစ်-၁၉ ကာကွယ်ဆေးတွေကို ခုခံတွန်းလွန်နိုင်ပြီး လူတစ်ဦးကနေတစ်ဦးအထိ ကူးစက်နိုင်စွမ်း ရှိလာတာကိုတွေ့ ရပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကလည်း အိုမီခရွင်မျိုးကွဲအသစ်ဟာ တစ်ကမ္ဘာလုံးမှာ ကူးစက်နှုန်းမြင့်မားပြီး အန္တရာယ်ကောင်းကောင်း ပေးလာနိုင်တယ်လို့ ကြိုတင်ခန့်မှန်းထုတ်ဖော်လိုက်ပါတယ်။ နာမည်ကြီး ကာကွယ်ဆေး ထုတ်လုပ်တဲ့ မိုဒါးနား ကုမ္ပဏီအကြီးအကဲကလည်း အိုမီခရွင်မျိုးကွဲသစ်ဗိုင်းရပ်စ်ဟာ လက်ရှိ ကိုဗစ်ကပ်ရောဂါကာကွယ်ဆေးထိုးထားအခြေအနေကို တွန်းလွန်နိုင်စွမ်းရှိတယ်လို့ ပြောပါတယ်။ အိုမီခရွင် စတင်ပေါ်ပေါက်လာပြီး နောက် နယ်စပ်ဖြတ်ကျော်ပိတ်ဆို့မှုတချို့နဲ့ ကန့်သတ်ပိတ်ပင်တားဆီးမှု အစီအစဉ်တွေကြောင့် ရုတ်တရက်ဆိုသလိုပဲ ကမ္ဘာတစ်ဝန်းမှာ ဟိုတယ်၊ လေကြောင်းလိူင်းနဲ့ ခရီးသွားလာရေး ရင်းနှီးမြုပ်နှံသူတွေဟာသူတို့လက်ဝယ် ပိုင်ဆိုင်ထားတဲ့ ရှယ်ယာတွေကို ရောင်းထုတ်လိုက်ကြပါပြီ။
ဒါ့အပြင်ကမ္ဘာ့ရေနံစျေးကွက်မှာရေနံစိမ်း တစ်စည်ကို ဆယ်ဒေါ်လာခန့် စျေးပြုတ်ကျသွားပါတယ်။ ဒါတွေဟာ စီးပွါးရေးကျဆုံးမှု နဲ့ဆက်စပ်နေတဲ့ နိမိတ်ပုံရိပ် ဦးတည်ချက်တွေလည်းဖြစ်ပါတယ်။
ကနဦးသုံးသပ်ထားတဲ့အတိုင်းပဲ အိုမီခရွင်ဗိုင်းရပ်စ်ပိုးဟာ သန္ဓေပြောင်းလဲမှု ၃၀ကျော် ဟာအဓိကကျတဲ့ ပရိုတိန်းထဲပါဝင်နေပြီး သာမန်လူတွေရဲ့ ခန္ဓာကိုယ်ထဲ ထိုးဖောက်စိမ့်ဝင်နိုင်စွမ်းဟာ ဒဲလ်တာမျိုးစိပ် ဗိုင်းရပ်စ်ထက်ပြင်းအား ပိုများတာကြောင့် ကူးစက်မှုနဲ့ သေဆုံးမှုပိုမိုများပြားလာတယ်ဆိုတာ ပြောဖို့စောနေသေးပါတယ်။
လာမယ့်ကာလအတွင်း သိပ္ပံပညာရှင်တွေရဲ့ သုံးသပ်မှု အချက်အလက်တွေကတော့ ပိုမိုရှင်းလင်းပြီး ကျိုးကြောင်းဆီလျော်တဲ့ အဖြေတွေထွက် ရှိလာလိမ့်မယ်လို့ ဆိုပါတယ်။ သို့ပေမယ့် လူတစ်ဦးကနေ အခြားသူတစ်ယောက်ထံကူးစက်ပျံ့နှံ့နေတဲ့ အဖျားဝေဒနာလိုင်းလုံးတွေကတော့ ကမ္ဘာ့စီးပွါးရေးကျဆုံးမှုကို ဦးတည်ခြိမ်းခြောက်နေပြီး ရှိရင်းစွဲ အန္တရာယ်ထက်ပိုမိုကျယ်ပြန့်လာတာမျိုး ကိုတွေ့နေရပါတယ်။
ပထမဦးစွာအနေနဲ့ ကန့်သတ်ပိတ်ပင်မှုတွေ တင်းကျပ်ချမှတ်ထား တဲ့ချမ်းသာတဲ့ နိုင်ငံတွေအဖို့ စီးပွါးရေးဖွံ့ဖြိုး တိုးတက်ဖို့အလားအလာကောင်းတွေမတွေ့ရပါဘူး။ မျိုးဗီဇပြောင်းဒီဗိုင်းရပ်စ်ပိုးစတင် တွေ့ရှိသွားပြီနောက် တောင်အာဖရိကတိုက်ကနေခရီးသွားလာသူတွေကိုနိုင်ငံတချို့မှာဝင်ရောက်ခွင့်ပိတ်ပင်လိုက်ကြပါပြီ။
အလားတူပဲ အစ္စရေးနဲ့ ဂျပန် နိုင်ငံတို့ဟာ သူတို့ရဲ့ နယ်စပ်တွေကဖြတ်ကျော်ဝင်ရောက်မှုတွေကို ပိတ်ဆို့ထားလိုက်ကြသလို ဗြိတိန်နိုင်ငံကလည်း သူတို့နိုင်ငံထဲဝင်လာသူတွေအတွက် (ကွာလ်ရတိန်း) ရောဂါခြေချုပ်စောင့်ကြည့်မှုတွေကိုစတင်လိုက်ပါတယ်။ ဒါတွေဟာ ကိုဗစ်ကပ်ရောဂါအနေနဲ့ ကမ္ဘာ့ခရီးသွားလာရေးလုပ်ငန်းတွေရဲ့ တံခါးပေါက်တွေကိုပိတ်ပင်လိုက်တာမျိုးနဲ့တူနေပါတယ်။
အမှန်တော့ ဒီနှစ်အတွင်း ခရီးသွားလာရေး ကန့်သတ်ပိတ်ပင်မှုတွေကို ပြန်ဖြေလျော့ထားတာဖြစ်ပြီးအခုတစ်ခါ အိုမီခရွင်မျိုးကွဲသစ်ကြောင့် လိုအပ်တာထက် တံခါးပေါက်တွေကို အလျှင်အမြန် ပိတ်လိုက်ကြတာမျိုးလည်းဖြစ်ပါတယ်။
ဥရောပတိုက်အတွင်းမှာတော့ ပွဲတော်တွေနဲ့ လူမှုလှုပ်ရှားမှုတွေကို ကန့်သတ်ပိတ်ပင်ထားတာဟာ အိုမီခရွင် မကူးစက်ခင်ကတည်းကပင်ဖြစ်ပြီး ဒဲလ်တာ မျိုးကွဲဗိုင်းရပ်စ်ကူးစက်နှုန်း မများလာဖို့အတွက်ရွယ်ရည်ခဲ့တာပါ။ အီတလီနိုင်ငံက အခန်းအလုံပိတ် စားသောက်ဆိုင်တွေမှာ ကာကွယ်ဆေးမထိုးထားတဲ့သူတွေကို ဝင်ခွင့် မပေးခဲ့သလို ပေါ်တူဂီနိုင်ငံမှာလည်း ဘားတွေနဲ့ စားသောက်ဆိုင်ကိုဝင်ထိုင်ဖို့အတွက် ကိုဗစ်ကင်းရှင်းကြောင်းနဲ့ ကာကွယ်ဆေးထိုးထားကြောင့်သက်သေပြရပါတယ်၊၊ သြစတေးလျ နိုင်ငံအဖို့တစ်နိုင်ငံလုံးကို လော့ဒေါင်း ပိတ်ပင်ကန့်သတ်လိုက်ပါတယ်။ ဝန်ဆောင်မှုကောင်းလုပ်ငန်းတွေနဲ့ ချမ်းသာတဲ့ နိုင်ငံကြီးတွေမှာ ခန်းနား ကြီးကျယ်တဲ့ အခန်းအနားဝန်ဆောင်မှုကောင်း တွေလုပ်ဖို့တောင် နောက်ဆုတ် ထားကြတာမျိုးလည်း ဖြစ်နေပါတယ်။
ဟန်ချက်မညီတဲ့ စွမ်းအင်လောင်စာ စီးပွါးရေးလုပ်ငန်းတွေကတော့ ဒုတိယနေရာက အကျပ်အတည်းအဆင့် မှာ ရပ်တည်နေပြီး မူရင်းရှိရင်းစွဲငွေကြေးဖောင်းပွမှုတွေကို ပိုမြင့်တက်လာနိုင်စေပါတယ်။ ငွေကြေးဖောင်းပွမှုရိုက်ခတ်ဆုံးကတော့ အမေရိကန်ပြည်ထောင်စုဖြစ်လာပြီး သမ္မတဂျိုးဘိုင်တန်ရဲ့ ဘဏ္ဍာရေး အရံ ရန်ပုံငွေ အပိုဆောင်းထားမှုတွေဟာ စီးပွါးရေးအရ ငွေကြေးဖောင်းပွစေခဲ့ပြီး စားသူတွေရဲ့ ကုန်စျေးနုန်း တွေဟာ ပြီးခဲ့တဲ့နှစ်နဲ့နိုင်းယှဉ်ပါက အောက်တိုဘာလအတွင်း ၆.၂ ရာခိုင်နူန်းထိထိုးတက်ခဲ့ရပါတယ်။ ဒါတွေဟာ ဆယ်စုနှစ်သုံးခုအတွင်းအမြင့်ဆုံးရောက်နေတဲ့ အနေအထားလည်းဖြစ်နေပါတယ်။ကျန်တဲ့ကမ္ဘာ့ နိုင်ငံတွေ အသီးသီးမှာ တော့ ငွေကြေးဖောင်းပွမှု ၅.၃ ရာခိုင်နုန်းထိ မြင့်တက်သွားတာလည်းဖြစ်တယ်လို့ ဘလုံးဘဂ် (Bloomberg) ထုတ်ပြန်တဲ့အချက်အလက်တွေအရသိရပါတယ်။
စီးပွါးရေးချဲ့ထွင်မှုလျော့ကျလာတာကြောင့် ငွေကြေးဖောင်းပွမှုနည်းပါးလာမယ်လို့ ထင်ကောင်းထင်နိုင်ပါတယ်။
တကယ်တော့ ဒါဟာပြောင်းပြန်အခြေအနေမျိုးပါ။ စားသုံးသူတွေအဖို့ တစ်ကမ္ဘာလုံးကလာတဲ့ ထုတ်ကုန်ပစ္စည်း တွေကို စိတ်တိုင်းကျဝယ်ယူကြတာမျိုး တွေကြောင့် ကုန်ပစ္စည်းတွေဆက်လက်စျေးတက်လာနေပြီး အာရှကနေ အမေရိကကိုပြေးဆွဲတဲ့ ကုန်တင်သင်္ဘောတွေရဲ့ သယ်ဆောင်ခတွေလည်း အင်မတန်မှ စျေးမြင့်မားနေတာ ကြောင့်လည်းဖြစ်ပါတယ်။
ငွေကြေးဖောင်းပွမှုဒဏ်ကနေလွှတ်မြောက်ဖို့အတွက် စားသုံးသူတွေဟာ ကမ္ဘာလှည့်ခရီးသွားလာရေး နဲ့ စားသောက်မှုအပိုင်းဖက်ကို ပြောင်းလဲဖို့တော့လိုအပ်လာပါပြီ။ ဒါတွေဟာ အိုမီခရွင်ကြောင့် နှောင့်နှေး ကြန့်ကြာနေမှာ ဖြစ်ပြီး ဗီယက်နမ်နဲ့ မလေးရှား တို့လို ထုတ်ကုန်မြင့်နိုင်ငံတွေမှာ လော့ဒေါင်း ပိတ်ပင်မှုတွေရှိလာရင် ကုန်စည်ပံ့ပိုးတင်ပို့မှုတွေကို ပိုမိုထိခိုက်လာနိုင်ပါတယ်၊၊ တပြိုင်နက်တည်းမှာပဲ အလုပ်သမားတွေအဖို့ လုပ်အားခလစတိုးဖိ တောင်းလာမယ့်အခြေအနေကို ဦးတည်သွားနိုင်ပါတယ်။
အမေရိကန် ဗဟိုဘဏ်အကြီးအကဲ ဂျီရုန်းပိုဝလ်က ဘဏ္ဍာရေးဆိုင်ရာ တင်းကျပ်မှုတချို့ ပြုလုပ်မည် ဖြစ်ကြောင်း နိုဝင်ဘာလ (၃၀) ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။ ဒါဟာမှန်ကန်တဲ့မူဝါဒတစ်ရပ်ဖြစ်သည့်တိုင် လက်တွေ့မှာအန္တရာယ်များလွန်းတဲ့ ကိုယ်ပိုင်ပြသနာကိုလည်းဖန်တီးရာရောက်ပါတယ်။ ဒါတွေဟာ ဆင့်ပွါးပေါ် ထွက်လာမယ့် စီးပွါးရေးကို သက်ရောက်စေပြီး ရင်းနှီးမြှုပ်နှံမှု စီးဆင်းတာနဲ့ ငွေလဲလှယ်နုန်းကျ ဆင်းမှုကို တန်ပြန် ထိခိုက်စေပါတယ်။ စီးပွါးရေးလုပ်ငန်းသစ်များထွက်ပေါ်လာခြင်းသည် အရံဘဏ္ဍာငွေများ ပိုမိုရရှိစေပြီး ၂၀၁၃ ခုနှစ် ဘဏ္ဍာရေးအကျပ်အတည်းထက် နိုင်ငံခြားအကြွေး ငွေကြေးများကို မှီခိုတာထက် လျော့ကျစေပါတယ်။
အိုမီခရွင်ကြော်င့်ကမ္ဘာနိုင်ငံတွေကိုင်တွယ် ဖြေရှင်းရတာမသေးလှပါဘူး။ ဘရာဇီလ်း၊ မက္ကစီကို နှင့်ရုရှား တို့ဟာ ငွေကြေးဖောင်းပွမှုကို ရပ်တန့်ရန် အကူညီပေးသည့်အနေဖြင့် အတိုးနုန်းထားများကို မြှင့်တင်သတ်မှတ် လိုက် ကြပါတယ်။ တစ်ဖက်မှာ တူရကီနိုင်ငံကတော့ ပြောင်းပြန်ဖြစ်ပါတယ်။ သူ့ရဲ့ အတိုးနုန်းတွေလျော့ချ လိုက်တာ မျိုး ပြုလုပ်လာပါတယ်။ စီးပွါးရေးလုပ်ငန်းသစ်များပေါ်ထွက်လာလေလေ ရင်ဆိုင်ရတဲ့ပြသနာ များလေလေ ဖြစ်ပြီး ရွေးချယ်စရာကင်းမဲ့လွန်းပါတယ်။
နောက်ဆုံးအန္တရာယ်ကတော့ လက်ခံရခက်ပါတယ်။ ကမ္ဘာ့ဒုတိယစီးပွါးရေးအင်အားကြီးနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံအနေနဲ့ စီးပွါးရေးနှေးကွေးသွားတာကိုတွေ့နေရပါတယ်။ မကြာသေးမီကပဲ ကပ်ရောဂါကို တွန်းလှန်ခုခံနိုင်တဲ့ စီးပွါးရေး ထွန်းပြောင်မှုကိုတွေ့လိုက်ရပေမယ့် ဒီကနေ့မှာတော့ တရုတ်ရဲ့ အဓိက ရင်းနှီးမြှုပ်နှံမှုတွေဖြစ်တဲ့ အိမ်ခြံမြေလုပ်ငန်းတွေ ရုန်းကန်နေရတာကို တွေ့နေရပါပြီ။ ၄င်းရဲ့ ပုဂ္ဂလိက စီးပွါးရေးကို ဆန့်ကျင်ထားတဲ့ အတွေးခေါ်ပိုင်းဆိုင်ရာကမ်ပိန်းတွေနဲ့ ရေရှည်မသွားနိုင်တော့တဲ့ (“zerocovid”) ကိုဗစ်လုံးဝ ကင်းစင်ရေး ပေါ်လစီတွေဟာ နိုင်ငံရေးအထီးကျန်မှုကို ရှည်ကြာစေပြီး ပြင်းထန်လွန်းတဲ့ ဒေသတွင်းလော့ဒေါင့် ပိတ်ပင်ကန့်သတ်မှုတွေက ပိုမိုအခက်ကြုံတွေ့စေပါတယ်။ တရုတ်အစိုးရက စီးပွါးရေး ပြန်လည် နလန်ထဖို့ကြိုးပမ်းနေပေမယ့် လက်တွေ့မှာတော့ နှစ်သုံးဆယ်အတွင်း အနိမ့်ဆုံးအဖြစ် ငါးရာခိုင်နှုန်း လောက် ကျဆင်းခဲ့ရပါတယ်။
တကယ်လို့အိုမီခရွန်ဟာ အရင် ဒဲလ်တာမျိုးကွဲထက် ပိုပြီး ကူးစက်နိုင်ခဲ့မယ်ဆိုရင် တရုတ်ရဲ့ မဟာဗျူဟာတွေကို ပိုအခက်တွေ့လာနိုင်စွမ်းရှိနေပါတယ်။ ဒီမျိုးကွဲဆက်လက်ပြင်းထန်ရိုက်ခတ်ခဲ့မယ်ဆိုရင် တရုတ်နိုင်ငံရဲ့ ကုန်စည် တိုးမြှင့်မှုတွေနဲ့ စီးပွါးရေးတိုးပွါးမှုတွေ ကိုဆက်လက်ရိုက်ခတ်လာမှာဖြစ်ပြီး ကိုဗစ်တိုက်ဖျက်ရေး ကြိုးပမ်းမှု ကိုလည်းအနှောင့်အယှက်ပေးလာဦးမှာဖြစ်ပါတယ်။ အိုမိုခရွင်ဗိုင်းရပ်စ်ပိုးတွေဟာ တရုတ်ရဲ့ ကိုဗစ်ပိုးကင်းစင် ရေး ပေါ်လစီကို ပိုမိုခက်ခဲအောင် လုပ်ပြနိုင်ပါတယ်၊၊ အိုမီခရွင် ဗိုင်းရစ် ရင့်မာလာပြီး ကူးစက်ပျံ့နှံ့မှုလှိုင်းလုံး ကြီးထွားလာခဲ့မယ်ဆိုရင်တော့ တရုတ်ရဲ့ ကျန်းမာရေးစောင့်ရှောက်မှု စနစ်နဲ့ စျေးကွက်စီးပွါးရေး စီးဆင်းလည် ပတ်မှုကို မလွှဲမသွေအခက်ကြုံနေအုံးမှာပါ။
ဒါဟာတရုတ်ရဲ့ ခုခံအားအဆင့်လျော့ထားတဲ့ ရောဂါကာကွယ်ဆေးအဆင့်နိမ့်ပါးမှုကို စောင့်ကြည့်ရမှာဖြစ်ပြီး ဘယ်လောက်စွမ်းသလဲ မေးခွန်းထုတ်စရာဖြစ်လာခဲ့ပါပြီ။
စိုးရိမ်စရာ သန္ဓေပြောင်းမူကွဲဗိုင်းရပ်စ် နဲ့ သောကများရတဲ့ ရသတ္တပတ်များ
ဒါတွေဟာအားလုံး အမှောင်ထုထဲရောက်သွားခြင်းတော့မဟုတ်ပါ။ ကမ္ဘာကြီးအနေနဲ့ ၂၀၂၀ နွေဦးကလို အံ့အား သင့်ဖွယ် ဂျီဒီပီကျဆုံးမှုမျိုးတော့ ပြန်မရောက်နိုင်တော့ပါ။ လူတွေ၊ ကုမ္ပဏီတွေ နဲ့ အစိုးရတွေဟာ ဗိုင်းရပ်စ်ပိုး တွေနဲ့ ယှဉ်ပါးလာနေကြပါပြီ။ ဆိုလိုတာက ဂျီဒီပီ (အသားတင်ကုန်ထုတ်နန်ုး) ၊ သွားလာခြင်းကန့်သတ် ပိတ်ပင် မှုတွေ နှင့် အမူအကျင့်တွေဟာ သုံးပုံတစ်ပုံလောက် ကျင့်သားရနေကြပြီလို့ Goldman Sachs ကပြောပါတယ်၊၊
ကပ်ရောဂါကာကွယ်ဆေးထုတ်လုပ်သူတချို့ကတော့ လက်ရှိထုတ်လုပ်ထားတဲ့သူတို့ရဲ့ ကာကွယ်ဆေးတွေဟာ လက်ပိုမိုပြင်းထန်တဲ့ ရောဂါတွေကို တွန်းလှန်တိုက်ထုတ်နိုင်စွမ်းရှိနိုင်မယ်လို့ ယူဆနေကြပါတယ်။ ဖြစ်နိုင်ခဲ့မယ်ဆိုရင်တော့ ကာကွယ်ဆေးထုတ်လုပ်ရေး ကုမ္ပဏီ တွေနဲ့ အစိုးရ တွေဟာ လာမယ့် ၂၀၂၂ ခုနှစ် လအချို့ အတွင်း ကာကွယ်ဆေး အသစ်တွေ ကို ထုတ် လုပ် နိုင်လိမ့်မယ်လို့ ယူဆနေကြပါတယ်။
အိုမီခရွင်ပဲသာမက အနာဂတ်မှာ ဖီ၊ ရိုဟ် သို့မဟုတ် ဆီဂမာ (ဂရိအက္ခရာ စာလုံးစဉ်များ) ဗိုင်းရပ်စ်များ ဖြစ်ပွါးလာခဲ့မယ်ဆိုရင် ကမ္ဘာကြီးရဲ့ စီးပွါးရေးဖွံ့ဖြိုးမှုကိုအဟန့်အတားဖြစ်စေပြီး ငွေကြေးဖောင်းပွမှုကို မြှင့်မာလာစေမှာက မလွှဲမသွေကြုံနေရမှာဖြစ်ပါတယ်။ ဗိုင်းရပ်စ်ပိုးတွေကကပ်ရောဂါအသွင်ဆောင် လမ်းကြောင်းထဲဝင်ရောက်လာခဲ့ပြီး လတ်တလောမှာ ကမ္ဘာကြီးအနေဖြင့် ကြမ်းကြုတ်လွန်းတဲ့ သတိပေးချက် ခေါင်းလောင်းထိုးသံကိုကြားခဲ့ရတာလဲ ဖြစ်ပါတယ်။
ဒီဇင်ဘာလ (၄) ရက်နေ့ထုတ် The Economist မဂ္ဂဇင်းပါ Danger Ahead (Omicron amplifies three dangers that stalk the global economy ) အား မောင်မိုးသက် (စစ်တွေ)ဘာသာပြန်သည်။
https://www.facebook.com/westernnewsagency/posts/424358642703979