By Development Media Group (DMG)/ 2021 December 3

ဒီဇင်ဘာလ (၃) ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အခမ်းအနားကို ရခိုင်ပြည်နယ် စစ်တွေမြို့ ယုဇနအောင်ဟိုတယ်တွင် မြန်မာနိုင်ငံမသန်စွမ်းသူများရှေ့ဆောင်အဖွဲ့ စစ်တွေရုံးခွဲ ကနေ ဦးဆောင်ပြီး ယနေ့ မနက်ပိုင်းက ကျင်းပခဲ့သည်။
မသန်းစွမ်းသူအချင်းချင်းရင်းနှီးမှု ရရှိစေရန် အတွက် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အခမ်းအနားကို ကျင်းပတာဖြစ်သည်ဟု မြန်မာနိုင်ငံ မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့ စစ်တွေရုံးခွဲမှ ဥက္ကဌ ဒေါ်အေးခိုင်လှ ကပြောသည်။
“မသန်းစွမ်းသူများအတွက် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ် သတ်မှတ်ပေးထားတာကို မသန်းစွမ်းသူများ သိရှိဖို့ နှင့် မသန်စွမ်းသူ အချင်းချင်း ရင်းနှီးမှု ရရှိစေရန် အတွက် ရည်ရွယ်ပြီး အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အခမ်းအနားကို စစ်တွေ မြို့မှာ ကျင်းပတာ ဖြစ်တယ်”ဟု ပြောသည်။
မြန်မာနိုင်ငံမသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့ (စစ်တွေရုံးခွဲ) အနေဖြင့် ယခုလို အပြည်ပြည်ဆိုင်ရာ မသန်စွမ်သူများနေ့ အခမ်းအနားကို ဦးဆောင်ကျင်းပခြင်းသည် ပထမဆုံး အကြိမ် ကျင်းပ ပြုလုပ်ခြင်း ဖြစ်သည်။
စစ်တွေမြို့မှာ ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အခမ်းအနားကို စစ်တွေ နှင့် ပုဏ္ဏားကျွန်း မြို့နယ်တို့မှ ကိုယ်အင်္ဂါမသန်းစွမ်းသူ၊ အမြင်အာရုံမသန်စွမ်းသူ၊ အကြားအာရုံမသန်စွမ်းသူနှင့် ဉာဏ်ရည်မသန်စွမ်းသူ ဦးရေ (၄၀) ကျော် တက်ရောက်ခဲ့သည်။
https://www.facebook.com/westernnewsagency/posts/421103976362779