ရခိုင်မှ ကျောင်းသား ၉၄ ရာခိုင်နှုန်းကျော် ကိုဗစ်ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပြီး

By Western News/ 2021 December 7

ရခိုင်တွင် အသက် ၁၂ နှင့်အထက် ကျောင်းသား၊ ကျောင်းသူ ၁၅၉၄၂၃ ဦး ကိုဗစ်ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံထားပြီးဖြစ်ကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှသိရသည်။

အဆိုပါ စာရင်းမှ နိုဝင်ဘာ ၁၄ ရက်နေ့မှ ဒီဇင်ဘာ ၆ ရက်နေ့အထိ ဒုတိယအကြိမ်ထိုးနှံထားသည့် စာရင်းဖြစ်သည်။ ယင်းစာရင်းတွင်အခြေခံပညာသင်ကျောင်း၊ ဘကကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်းနှင့် IDPကန့်များ အားလုံးပါဝင်သည်။

ပထမအကြိမ်ထိုးနှံထားသည့် အရေအတွက် ၁၆၉၅၃၄ ဦးရှိပြီး ယင်းထဲမှ လက်ရှိတွင် ၉၄ ရာခိုင်နှုန်းကျော်ထိုး နှံပြီးနေပြီဟု ပြည်နယ်ပညာရေးမှူးရုံးမှ ကာယနှင့်ကျန်းမာရေး လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော် ငြိမ်းကပြောသည်။

” ကျွန်တော်တို့ ပထမအကြိမ် ထိုးထားတဲ့ စာရင်းမှာ ၁၆၉၅၃၄ ဦးရှိတယ်။ အဲ့ဒီထဲကနေ မနေ့က ဒီဇင်ဘာ ၆ ရက်နေ့အထိ တော့ ၁၅၉၄၂၃ ဦးကို ဒုတိယအကြိမ်ထိုးပြီးပါပြီ။ ၉၄.၀၄ ရာခိုင်နှုန်းလောက်ထိုးပြီးသွားပြီ။ ဒီ ကြားထဲ တစ်ယောက်စ၊ နှစ်ယောက်စ ပထမအကြိမ်ထိုးတာလည်းရှိတယ်”ဟုပြောသည်။

ရခိုင်ရှိ ကျောင်းသားများကို တရုတ်နိုင်ငံထုတ် Sinovac ကိုဗစ်ကာကွယ်ဆေး အမျိုးအစားကို ပြီးခဲ့သည့်အောက် တိုဘာ ၁၇ ရက်နေ့က ပထမအကြိမ်ထိုးနှံပေးခဲ့ပြီး ဒုတိယအကြိမ်ကို နိုဝင်ဘာ ၁၄ ရက်ရက်နေ့မှစ၍ထပ်မံထိုးပေးနေ ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်တွင် အခြေခံပညာသင်ကျောင်းများရအားလုံး ပုံမှန်ကျောင်းဖွင့်ချိန် ဇွန်လ ၁ ရက်နေ့က ပြန်ဖွင့်ခဲ့သော် လည်း ဇူလိုင် ၉ ရက်နေ့က ကိုဗစ်တတိယလှိုင်းကြောင့်ပြန်ပိတ်ခဲ့ရသည်။

ယင်းနောက် ဂွမြို့နယ်မှ အပ တစ်ပြည်နယ်လုံးမှ စာသင်ကျောင်းများကို နိုဝင်ဘာ ၁ ရက်နေ့က ပြန်ဖွင့်ခဲ့သည်။ လက်ရှိတွင် ဂွမြို့နယ်မှ စာသင်ကျောင်းများကိုလည်း နိုဝင်ဘာ ၃၀ ရက်နေ့က ပြန်ဖွင့်ကာ ကျောင်းတက် ရောက်နေသင်ကြားနေပြီဖြစ်သည်။

https://www.facebook.com/westernnewsagency/posts/423744489432061

Leave a Reply

Your email address will not be published.