ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင်မုန်တိုင်းငယ်ဖြစ်ပေါ်

By Narinjara/ 2021 December 6

ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်း (အိန္ဒိယနိုင်ငံ၊ ဩရိဿမြောက်ပိုင်းကမ်းခြေအနီး)တွင် မုန်တိုင်းငယ်(Depression)ငယ် တစ်ခုဖြစ်ပေါ်နေကြောင်း မိုး/ဇလ ညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ နံနက် ၇ နာရီ ထုတ်ပြန်ချက်အရ သိရသည်။

၎င်းမုန်တိုင်းငယ်သည် စစ်တွေမြို့(Siittwe)၏ အနောက်-အနောက်မြောက်ဘက် ရေမိုင်(၃၁၅)မိုင်ခန့်၊ မောင်တောမြို့(Maungdaw)၏ အနောက်ဘက် ရေမိုင်(၂၈၅)မိုင်ခန့်တွင် ဗဟိုပြုနေသည်ဟု ယနေ့ နံနက် ၅ နာရီ ၃၀ မိနစ် တိုင်းထွာချက်အရ သိရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါ မုန်တိုင်းငယ်သည် အိန္ဒိယနိုင်ငံနှင့် ပိုမိုနီးကပ်နေပြီး ၎င်းနိုင်ငံ ဒီဂါ(Digha)မြို့၏၊ တောင်- အနောက်တောင်ဘက် ရေမိုင်(၆၀)မိုင်ခန့်၊ ပါရာဒစ်ရှ်(Paradip)မြို့၏ အရှေ့- အရှေ့မြောက်ဘက် ရေမိုင်(၄၀)မိုင်ခန့်နှင့် ချန်ဘလီ (Chandbali)မြို့၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင်(၃၀)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်ဟု ဆိုသည်။

၎င်းဆိုင်ကလုန်းမုန်တိုင်းကို Jawad ဟု အမည်ပေးထားသည်ဟု သိရသည်။

မုန်တိုင်းငယ် Jawad သည်အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ကြောင်း ၊ အဆိုပါ မုန်တိုင်းငယ်ကြောင့် မြန်မာနိုင်ငံ၊ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် တိမ်အသင့်အတင့် ဖြစ်ထွန်း နေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ်ဖြစ်ထွန်းနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါ မုန်တိုင်းကြောင့် စစ်တွေမြိုနှင့် အနီးဝန်းကျင်တွင် ယနေ့ နံနက်က မိုးရွာသွန်းမှု တချို့ရှိကြောင်း သိရသည်။

မုန်တိုင်ကြောင့် ဘင်္ဂလာဒေ့ရှ်နိုင်ငံ ကော့စ်ဘဇားခရိုင် တက်ကနက်မြို့မှ စိန့်မာတင်ကျွန်းသို့ သင်္ဘောများဖြင့် ခရီးသည်များသွားရောက်လည်ပတ်မှုကို တနင်္ဂနွေနေ့ စပြီး နှစ်ရက် ရပ်နားထာကြောင်း BDnews တွင် သတင်းဖော်ပြသည်။

https://www.facebook.com/narinjara.info/posts/4951597788185592

Leave a Reply

Your email address will not be published.