ဘင်္ဂလားဒေ့ရှ်မှ ကုန်သွယ်၍ ပြန်လာသည့် စက်လှေ သမား ၇ ဦးတွင် ကိုဗစ်ထပ်တွေ့

By Western News/ 2021 December 7

ဓာတ်ပုံ-ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ကုန်သွယ်၍ပြန်လာသည့် စက်လှေသမား ၉ ဦးတွင် နိုဝင်ဘာ ၃၀ ရက်နေ့က ကိုဗစ် စစ်ဆေးရာရာ ပိုးတွေ့ရှိခဲ့သည်။

တစ်ဖက်နိုင်ငံ ဘင်္ဂလားဒေ့ရှ်နယ်မှ ကုန်သွယ်၍ ပြန်လာသည့် စက်လှေသမား ၇ ဦးတွင် ယနေ့ ဒီဇင်ဘာ ၇ ရက်နေ့ ကိုဗစ်ပိုးထပ်တွေ့ကြောင်း နယ်စပ်ကုန်သွယ်ရေးတာဝန်ရှိသူများထံမှသိရသည်။

အဆိုပါ စက်လှေသမားများမှာ နယ်စပ်မှကုန်သွယ်၍ ပြန်လာပြီး စစ်တွေမြို့ ရွှေမင်းဂံ ကုန်သွယ်ရေး စခန်းတွင် ကွာရင်းတင်းဝင်နေစဉ် ယနေ့ကျန်းမာရေးဌာနက လာရောက်စစ် ဆေးသည့်အခါ တွေ့ရှိခဲ့ခြင်းဖြစ်သည်။

စက်လှေသမား ၂၀ ကျော်ခန့်ကို စစ်ဆေးရာမှာစက်လှေ ၂ စီးမှ စက်လှေသမား ၇ ဦးတွင် ကိုဗစ်တွေ့ရှိခဲ့ခြင်းဖြစ် သည်ဟု ရခိုင်ပြည်နယ်ကုန်သည်ကြီးများနှင့်စက်မှုလက်မှုလုပ်ငန်ရှင်များအသင်းဥက္ကဌ ဦးတင်အောင်ဦးကပြောသည်။

“အရင်တစ်ခေါက်တုန်းကတော့ ရန်ကုန်ကနေတစ်ဆင့်လာပြီး ဒီကကုန်သွယ်တဲ့ သူတွေမှာတွေ့တာ။ ခုကကျတော့စစ်တွေနယ်က ကုန်သွယ်တဲ့ စက်လှေသမားတွေပါ။ အရေအတွက်ကတော့ ၂၀ ကျော်ပါ။အဲ့ဒီထဲမှာ ၇ ဦးတွေ့တာပါ။ တိတိကျကျတော့ စာရင်းမရောက်သေးပါဘူး။ ဒီမှာက နယ်စပ်က အပြန်ကျမှ ကိုဗစ်စစ်တာပါ။ ကွာရင်းတင်းဝင်နေတာ ၃ ရက်နဲ့ ၇ ရက်နေ့မှာ ကျန်းမာရေးဌာနကလာစစ်တဲ့ အခါတွေ့တာပေါ့”ဟုပြောသည်။

လက်ရှိတွင်အဆိုပါ ပိုးတွေ့သည့် စက်လှေသမားများကို စစ်တွေပြည့်သူ့ ဆေးရုံသို့ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ရန်ပို့ဆောင်ထားသည်ဟုသိရသည်။

၎င်းတို့​၏ ကျန်းမာရေး အခြေအနေနှင့် ပတ်သတ်၍ မေးမြန်းရန် စစ်တွေမြို့ ပြည့်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ ကြည်လွင်ကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခဲ့ခြင်းမရှိပေ။

ယခု ကိုဗစ်ပိုးတွေ့ရှိသူများမှာ ကိုဗစ်ကာကွယ်ဆေး ၂ ကြိမ် ထိုးပြီးသားဖြစ်သည်။ပြီးခဲ့သည့် နိုဝင်ဘာ ၃၀ ရက်နေ့ကလည်း ရန်ကုန်မှလာ၍ နယ်စပ်ကုန်သွယ်မှု လုပ်သည့် ကိုဗစ်ကာကွယ်ဆေး ၂ ကြိမ် ထိုးပြီးသား စက်လှေသမား ၉ဦးတွင်လည်း ရွှေမင်းဂံအတွင်း ကွာရင်းတင်းဝင်နေစဉ် ကိုဗစ်တွေ့ရှိခဲ့သေးသည်။

ရခိုင်ပြည်နယ်တွင် နိုဝင်ဘာ ၃၀ ရက်နေ့က နယ်စပ်မှပြန်လာသည့် စက်လှေသမား၉ ဦးနှင့် လေယာဉ်ဖြင့်ခရီးသွားမည့် ပြည်သူထဲမှ ၂ ဦး စုစုပေါင်း ၁၁ ဦးတွင် ကိုဗစ်တွေ့ပြီးနောက် ဒီဇင်ဘာလတွင်လည်း ၁ ရက်နေ့မှ ၆ ရက်နေ့ထိ ပိုးတွေ့ဦးရေ ၁၁ ဦးရှိခဲ့သည်။

ရခိုင်ပြည် ကိုဗစ် ၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့် ပြန်ရေးကော်မတီ​၏ ထုတ်ပြန်ချက်အရ ကိုဗစ်တတိယလှိုင်းအတွင်း ကိုဗစ်အတည်ပြုလူနာ ၅၁၈၃ ဦးနှင့် သေ ဆုံးသူ ၄၉၉ အပြင် လက်ရှိ ဆေးကုသဆဲ ၂၅ဦးရှိနေ ကြောင်းသိရသည်။

https://www.facebook.com/westernnewsagency/posts/423837136089463

Leave a Reply

Your email address will not be published.