နယ်စပ်ကုန်သွယ်သူများမှ ကိုဗစ်ပိုးတွေ့သူ များပြားလာသော်လည်း ပုံမှန်အတိုင်း ကုန်သွယ်မည်ဟုဆို

By Western News/ 2021 December 9

ဘင်္ဂလားဒေ့ရှ်မှ ကုန်သွယ်၍ ပြန်လာသည့် စက်လှေသ မားများတွင် ကိုဗစ်ပိုးတွေ့မှု များလာသော်လည်း နယ်စပ် ကုန်သွယ်ရေးများကို ပုံမှန်အတိုင်း ဆက်လက် လုပ် ဆောင်နေကြောင်း တာဝန်ရှိသူများထံမှ သိရှိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၃၀ ရက်နေ့က ဘင်္ဂလားဒေ့ရှ်မှ ကုန် သွယ်ပြီး ပြန်လာသည့် စက်လှေသမား ၉ ဦး စစ်တွေ မြို့ရှိ ရွှေမင်းဂံကုန်သွယ်ရေး ဂိတ်တွင် ကွာရင်းတင်း ဝင် နေစဉ်ကိုဗစ်ပိုးတွေ့ပြီးနောက် ဒီဇင်ဘာ ၇ ရက်နေ့က လည်း နောက်ထပ် စက်လှေသမား ၆ ဦးတွင် ကိုဗစ် တွေ့ရှိခဲ့သည်။

ယင်းသို့ ကိုဗစ်ပိုးတွေ့သည့် စက်လှေသမားများမှာ ကို ဗစ်ကာကွယ်ဆေး နှစ်ကြိမ် ထိုးနှံထားပြီဖြစ်သည့်အတွက် လူထုကြား စိုးရိပ်မှုမြင့်တက်နေသည်။

နယ်စပ်ကုန်သွယ်သူများကို ဒီဇင်ဘာ ၁၀ ရက်နေ့မှစတင်ပြီး အသွား၊ အပြန် နှစ်ခုလုံးကို ကိုဗစ်စစ်ဆေးတော့မည်ဟု ရခိုင်ပြည် ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်းများအသင်း ဥက္ကဌ ဦးတင်အောင်ဦးကပြောသည်။

“အစကတော့ ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်ထိုးထား ပြီး သားဆိုတော့ အသွားကျတော့ ကိုဗစ်မစစ်ဘူး။ အပြန်မှပဲ ကွာရင်းတင်းထားပြီး ၃ ရက်ကနေ ၇ ရက်အတွင်းစစ်တာပေါ့။ ကျန်မာရေးဌာနက မနက်ဖြန်ကနေစပြီး အသွားကောအပြန်ပါ စစ်ဆေးတော့မယ်လို့ညွှန်ကြားထားပါတယ်။ ကုန်သွယ်မှုတွေကတော့ ပုံမှန်အတိုင်း လုပ်နေပါတယ်”ဟုပြောသည်။

ယင်းပြင် မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှလည်း ကုန်သွယ်မှုများကို ပုံမှန်အတိုင်း လုက်ဆောင်နေ သည်ဟု မောင်တောနယ်စပ်ကုန်သည်ကြီးများအသင်း ဒုဥက္ကဌ ဦးအောင်စံသိန်းကပြောသည်။

“ကျွန်တော်တို့ ကုန်သွယ်ရေး စခန်းမှာတော့ ကိုဗစ်ပိုး တွေ့တာမရှိသေးပါဘူး။ ပြန်လာတဲ့သူတွေကိုလည်း ပုံ မှန်အတိုင်း ကွာရင်းတင်းထားပြီး ကျန်းမာရေးဌာနက လာစစ်ပါတယ်။ မနေ့ကတော့ မြို့နယ် ဆရာဝန်ကြီးရောက်လာသေးတယ်။ ကုန်သွယ်မှုလည်း ပုံမှန်အတိုင်း ကုန်သွယ်နေကြတာပေါ့”ဟုပြောသည်။

ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် မေလ ၁၂ ရက်နေ့က ဘင်္ဂလားဒေ့ရှ်မှ ကုန်သွယ်၍ ပြန်လာသည့် စက်လှေသ မားများတွင် ကိုဗစ်ပိုးတွေ့ရှိပြီးနောက် ကိုဗစ်တတိယလှိုင်း စတင်ဖြစ်ပွားခဲ့သည်။

နယ်စပ်ကုန်သွယ်မှု မှကိုဗစ်ပိုးတွေ့ရှိများလာသည့်အတွက် နယ်စပ်ကုန်သွယ်ရေး ကို ပြန်ပိတ်ရန် အစီစဉ် ရှိ၊ မရှိမေးမြန်းရင် ရခိုင်ပြည်နယ် ကောင်စီ၏ ပြောခွင့်ရပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို ဖုန်းခေါ်ဆိုခဲ့သော်လည်း ဖုန်းလက်ခံမဖြေကြားပေ။

ဦးလှသိန်း၏ ဖေ့ဘွတ်စာမျက်နှာတွင် ရေးထားသည်မှာ “စစ်တွေ ပိုးတွေ့များရတာက နယ်စပ်ကုန်သွယ်ရေးစက်လှေလုပ်သားတွေကို မပြတ်စစ်ဆေးနေလို့ပါ။ နယ်စပ်ကုန်သွယ်ရေးအရှိန်အဟုန် ကောင်းနေပါတယ်ပါ။ အစိုးရဖက်က အမြဲမပြတ်စောင့် ကြည့်နေပါတယ်” ဟုရေးသားထားသည်။

ရခိုင်ရှိ နယ်စပ်ကုန်သွယ်ရေး စခန်းများကို ပြီးခဲ့သည့် ဇူလိုင် ၁၅ ရက်နေ့က ကိုဗစ်ကြောင့် ယာယီပိတ်ထားခဲ့ပြီး အောက်တိုဘာ ၁၃ ရက်နေ့က ပြန်ဖွင့်ကာ ကုန်သွယ်နေကြခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်တွင် ကိုဗစ်တတိယလှိုင်းစတင်ဖြစ်ပွားသည့် မေလ ၁၂ ရက်နေ့မှ ဒီဇင်ဘာ ၇ ရက်နေ့အထိ ကိုဗစ် အတည်ပြုလူနာ ၅၁၉၂ ဦးနှင့် သေဆုံးသူ ၄၉၉ ဦး လက်ရှိ ဆေးကုသနေဆဲ ၃၃ ဦးထိရှိသည်ဟု ရခိုင်ပြည် ကိုဗစ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီ၏ ထုတ်ပြန်ချက်အရသိရသည်။

https://www.facebook.com/westernnewsagency/posts/424896619316848

Leave a Reply

Your email address will not be published.