စစ်တွေမှာ နိုင်ငံတကာလူ့အခွင့်အရေးနေ့ အထိမ်းအမှတ် နှင်းဆီကမ်ပိန်းပြုလုပ်

By RFA/ 2021 2021 December 10

■ ရခိုင်ပြည်နယ် စစ်တွေမြို့မှာ နိုင်ငံတကာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အနေနဲ့ Women Generation အဖွဲ့က ဦးဆောင်ပြီး ဒီဇင်ဘာလ ၁၀ ရက် ဒီကနေ့မှာ နှင်းဆီးဖြူကမ်ပိန်း ပြုလုပ်ခဲ့ကြတယ်တယ်လို့ Women Generation အဖွဲ့က ဒါရိုက်တာ မခင်မြင့်ဇော် က RFA ကို ပြောပါတယ်။

စစ်တွေမြို့မစျေးထဲမှာ စျေးလာဝယ်တဲ့သူတွေနဲ့ လမ်းသွားလမ်းလာတွေကို နှင်းဆီဖြူတစ်ပွင့်နဲ့ ”တန်းတူညီမျှခြင်း၊ မညီမျှခြင်းကို လျှော့ချဖို့ လူ့အခွင့်အရေးကို မြှင့်တင်ကြစို့” စာတန်းပါ လက်ကမ်းစာစောင်တွေ မျှဝေခဲ့ကြတာပါ။

လူသားတိုင်းဟာ လူ့ဂုဏ်သိက္ခာနဲ့အညီ ပျော်ပျော်ရွှင်ရွှင်နေထိုင်နိုင်ဖို့၊ ငြိမ်းချမ်းတည်ငြိမ်တဲ့ လူ့အသိုင်းအဝိုင်းတစ်ခုကို တည်ဆောက်ဖို့နဲ့ လူသားတိုင်း ဆာလောင်ခြင်း၊ ကြောက်ရွံခြင်းတွေမရှိဘဲ လူ့အခွင့်အရေးကို အပြည့်အဝခံစားစေချင်တဲ့ ရည်ရွယ်ချက်နဲ့ အခုလိုလုပ်ဆောင်တာလို့လည်း မခင်မြင့်ဇော်က ပြောပါတယ်။

Women Generation အဖွဲ့ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၅ ရက်နေ့ကလည်း ရခိုင်ပြည်နယ်မှာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုပပျောက်ရေး လှုပ်ရှားမှုအနေနဲ့ စစ်တွေမြို့မှာ စက်ဘီးစီးကမ်ပိန်း ပြုလုပ်ခဲ့ပါတယ်။

https://www.facebook.com/rfaburmese/posts/10161532149673128

Leave a Reply

Your email address will not be published.