By Development Media Group (DMG)/ 2021 December 10
ယနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့တွင် စစ်တွေမြို့၌ ယနေ့ နံနက် ၇ နာရီအချိန်က စစ်တွေမြို့မဈေးကြီးမှာ လူ့အခွင့်အရေးအထိမ်းအမှတ်ဖြင့် နှင်းဆီးကမ်ပိန်း တစ်ခုကို ပြုလုပ်ခဲ့ကြသည်။
အဆိုပါကမ်ပိန်းကို Women Generation အဖွဲ့မှ ဦးဆောင်ကာပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လူ့အခွင့်အရေးနေ့ကိုကြိုဆို သည့်အနေဖြင့် “တန်းတူညီမျှခြင်း၊ မညီမျှမှုများကိုလျှော့ချလို့၊ လူ့အခွင့်အရေးကို မြှင့်တင်စို့”စာတမ်းမှာ နှင်းဆီဖြူများအား ဈေးအတွင်းသွားလာနေသူများကို ပေးခဲ့ကြသည်။
“အဓိကပေးရတဲ့ရွယ်ရည်ချက်ကတော့ ပန်းကနုညံသိမ်မွေ့တယ်။ကျွန်မတို့ ငြိမ်းချမ်းရေးကိုလိုလားတယ်။ငြိမ်း ငြိမ်းချမ်းချမ်းနဲ့ရခိုင်ပြည်ကိုတည်ဆောက်ချင်တဲ့ရွယ်ရည်ချက်နဲ့ပန်းပေးတာဖြစ်တယ်။အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ကို အသိအမှတ်ပြုတဲ့အနေနဲ့လုပ်တာဖြစ်တယ်။ရခိုင်ပြည်မှာ လူ့အခွင့်အရေးချိုးဖောက်မှုကို ရပ်တန့်စေတယ်။ပြည်သူတွေကို ဒီနေ့ဟာ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ကို သိစေချင်တာလဲပါတယ်”ဟု Women Generation အဖွဲ့၏ ဒါရိုက်တာဖြစ်သူ မခင်မြင့်ဇော်က ပြောသည်။
ယနေ့ပြုလုပ်ခဲ့သည့် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့အထိမ်းအမှတ် နှင်းဆီကမ်ပိန်းတွင် အမျိုးသမီး ၂၀ ခန့်ပါဝင်ခဲ့ကြသည်။
https://www.facebook.com/dmgnewsagency/posts/2176226205863112