စစ်တွေကမ်းခြေ တစ်လျှောက်တွင် ကိုဗစ်စည်းကမ်းလိုက်နာမှု မ‌ရှိသူများအား ​ ပြည်တွင်း ပိုးတွေ့ရှိမှုနှုန်းများလာမှ အရေးယူမှုစတင်မည်

By Western News/ 2021 December 7

ရခိုင်ပြည်နယ်မှာ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကိုဗစ်ပိုးတွေ့ရှိမှုများခဲ့သည့် အတွက် စစ်တွေပွိုင့်ကမ်းခြေသို့ လာရောက်ပြီး အပန်းဖြေ အနားယူသူများကို ကိုဗစ်စည်းကမ်းလိုက်နာမှုမရှိပါက အရေးယူသွားမည်ဟု ပြည်နယ်စစ်ကောင်စီက ထုတ်ပြန်ထားခြင်းဖြစ်သည်။

ပြည်နယ်စစ်ကောင်စီက ယခုလိုထုတ်ပြန်ထားသော်လည်း ကိုဗစ်စည်းကမ်းလိုက်နာမှုမရှိသည့် သူများကို ယ​နေ့ အထိ အရေးယူမှု တစ်စုံတရာ မရှိသေးသည်ကို တွေ့ရသည်။

ယခုကိစ္စနှင့် ပတ်သက်ပြီး ပြည်နယ်စစ်ကောင်စီ၏ ပြော‌ရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ကိုဗစ်-၁၉ ပိုး တွေ့ရှိမှု အခြေအနေကို စောင့်ကြည့်လျက်ရှိနေပြီး ပိုးတွေ့မှုနှုန်းများမှ အရေးယူမှုစတင်မည်ဟု ပြောသည်။

“ကိုဗစ်စာရင်းကို နေ့တိုင်းစောင့်ကြည့်နေတယ်။ ကိုဗစ်ပိုးတွေ့နှုန်းများလာရင်တော့ ပြည်သူတွေကို စည်းကမ်းသေချာကြပ်မတ်သွားမယ်။ ပိုးတွေ့သူမရှိပဲ အ‌ရေးယူတာတွေလုပ်နေတယ်လို့ ပြည်သူတွေ မမြင်ရအောင် ပိုးတွေ့ရှိမှု အတက်အကျ ကို စောင့်ကြည်နေတယ်” ဟုပြောသည်။

ရခိုင်ပြည်နယ်မှာ ယခုရက်ပိုင်းအတွင်း ကိုဗစ်-၁၉ ပိုးတွေ့ရှိသူ မရှိသည်မှာ (၂) ရက် ရှိနေပြီဖြစ်သည်။

လက်ရှိမှာ ထိုင်းနိုင်ငံမှာလည်း အိုမီခရွင် ဗိုင်းရပ်စ် ကိုဗစ်မျိုးစိပ်သစ် တွေ့ရှိလာနေပြီ ဖြစ်တဲ့အတွက် ရခိုင်ပြည်နယ်အနေနဲ့လည်း ကူးစက်မှု မရှိရအောင် စောင့်ကြည့်နေတယ်လို့ ပြည်နယ်ကောင်စီကပြောသည်။

လက်ရှိမှာလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နယ်စပ်ကုန်သွယ်ရေး သွားလာနေသူများကို သေချာစောင့်ကြည့်ပြီး ကွန်ရန်တင်းထားကာ နှာခေါင်းတို့ပတ် အာခေါင်တို့ပတ် စစ်ဆေးမှုများကို ပုံမှန်လုပ်ဆောင်နေခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်မှာ ဒီဇင်ဘာလ (၅) ရက်နေ့အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ (၅၁၈၃) ဦးရှိပြီး သေဆုံးသူ (၄၉၉)အထိ ရှိနေပြီဖြစ်သည်။

https://www.facebook.com/westernnewsagency/posts/423775772762266

Leave a Reply

Your email address will not be published.