ကျောက်တော်လူငယ်များအစည်းရုံးမှ ဦးစီး၍ အသင်းရန်ပုံငွေ ရရှိရေး Show ပွဲအား စစ်တပ်က လာရောက် တားမြစ်၍ ပွဲအားဖျက်သိမ်းလိုက်ရ

By Western News/ 2021 December 11

ကျောက်တော်လူငယ်များအစည်းရုံးမှ ဦးစီး၍ အသင်းရန်ပုံငွေ ရရှိရေးနှင့် ကလေးများ၏ ပညာရေး ရန်ပုံငွေအတွက် စင်တင်တေးဂီတဖြေဖျော်ပွဲတစ်ခုကို လုပ်ရန်စီစဉ်ထားရာ စစ်တပ်က လာရောက်တားမြစ်၍ ပွဲအားအနီးကပ် ဖျက်သိမ်းလိုက်ရသည်ဟု ပွဲစီစဉ်သူများက Western News ကို ပြောသည်။

ရခိုင်ပြည်နယ် ကျောက်တော်မြို့ ဘောလုံးကွင်းရပ်ကွက်တွင် ဒီဇင်ဘာ ၁၁ ရက်နေ့ ယနေ့ ည ၆ နာရီအချိန်တွင် ရံပုံငွေ Show ပွဲကို လုပ်ရန်စဉ်ထားရန်ကနေ စစ်ကား ၂ စီးနှင့် စစ်သားအင်းအား ၁၀၀ ဝန်းကျင်လောက်က ည ၅ နာရီလောက်တွင် လာရောက်တားမြစ်လိုက်ခြင်းဖြစ်သည်ဟု ကျောက်တော်လူငယ်များအစည်းရုံး ယာယီဥက္ကဌ အောင်ဟိန်းလင်းက ပြောသည်။

သတင်းအား ဆက်လက်ဖော်ပြသွားပါမည်။

https://www.facebook.com/westernnewsagency/posts/426242515848925

Leave a Reply

Your email address will not be published.