By Western News/ 2021 November 15

မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာဆာဆာကာဝါသည် ရန်ကုန်ကိုရောက်တုန်းက AAခေါင်းဆောင်များနှင့် Online ဖြင့် တွေ့ဆုံခဲ့သည်ဟု မစ္စတာဆာဆာကာဝါကပြောသည်။
ယနေ့ နိုဝင်ဘာ ၁၅ ရက်နေ့တွင် မစ္စတာဆာဆာကာဝါသည် ရခိုင်ပြည်နယ်သို့ရောက်ရှိလာစဉ် သတင်းထောက်များနှင့်တွေ့ဆုံရာ၌ ယခုလိုပြောဆိုခဲ့ခြင်းဖြစ်သည်။
အဆိုပါတွေ့ဆုံခဲ့စဉ် ရခိုင်ပြည်နယ်မှာ အပစ်အခတ်လုံးဝမလုပ်ကြရန် AAခေါင်းဆောင်များကိုပြောဆိုခဲ့သည်ဟု မစ္စတာဆာဆာကာဝါက ပြောသည်။
”အပစ်အခတ်မလုပ်ဖို့အတွက် ပြောကြားခဲ့တယ်။အောက်ခြေတပ်သားတွေကအစ အပစ်အခတ်မလုပ်ဖို့ပြောကြားခဲ့တယ်။ ငြိမ်းချမ်းနေတဲ့အနေအထားကို ဆက်လက်ထိန်းထားဖို့။ တစ်ဖက်နဲ့တစ်ဖက် အပစ်အခတ်လုံးဝမလုပ်ဖို့။အောက်ခြေတပ်သားတွေအထိ ညွှန်ကြားထားဖို့ ပြောဆိုခဲ့တယ်”ဟုဆိုသည်။
မစ္စတာ ဆာဆာကာဝါသည် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်ကလည်း မြန်မာနိုင်ငံသို့လာပြီး ရခိုင်ပြည်နယ်မှမြို့နယ်တစ်ချို့သို သွားရောက်လေ့လာခဲ့ကာ ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိသော မြို့နယ်များကို ရွေးကောက်ပွဲပြန်လည်ကျင်းပရန်တိုက်တွန်းခဲ့သည်။
https://www.facebook.com/westernnewsagency/posts/409794440827066