AA က စစ်သုံ့ပန်း ၁၅ ဦးအား လွှဲပြောင်း

By Western News/ 2021 November 15

ဗိုလ်ကြီး ရဲလင်းစိုး (ဆေးမှူး) အပါအဝင် စစ်သား၊ ရဲသား သုံ့ပန်း ၁၅ ဦးအား စစ်ကောင်စီတပ်မှ ဗိုလ်မှူး ဇေခိုင်ဟိန်းထံသို့ ယနေ့ နိုဝင်ဘာ ၁၅ ရက်နေ့ညနေက လွှဲပြောင်းပေးလိုက်ကြောင်း ရက္ခိုင့်တပ်တော် ကြေညာလိုက်သည်။

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၊ တောင်ပေါက်ရွာနှင့် ဒီပါရုံကျေးရွာကြား ကျောက်ကွင်းနေရာအနီး၌ ယနေ့ ညနေ ၇ နာရီခွဲခန့်တွင် လွှဲပြောင်းပေးလိုက်ခြင်း ဖြစ်ကြောင်း ကြေညာချက်တွင်ရေးသည်။

ထိုသို့လွှဲပြောင်းပေးအပ်ရခြင်းမှာ အောက်ပါ အချက် (၃) ချက်ကြောင့် ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

(၁) နှစ်ရှည်လများ သုံ့ပန်းအဖြစ် ဖမ်းဆီးအထိန်းသိမ်းခံနေရသော သူများ၊ ကျန်းမာရေးအခြေအနေ ဆိုးဝါးသော သုံ့ပန်းများထဲမှ ဆေးဝါးကုသရန် အရေးတကြီး လိုအပ်သောနေသောသူများကို လူသားချင်း စာနာထောက်ထားမှု အရသော်လည်းကောင်း၊

(၂) သုံ့ပန်းများကိုထိန်းသိမ်းထားသောနေရာပတ်ဝန်းကျင်၌ကိုရိုနာကူးစက်ရောဂါ ကူးစက်မှု ဖြစ်ပွားလာပါက ရောဂါပြင်းထန်သောသုံ့ပန်းများအား ဆေးဝါးကုသရန် ခက်ခဲနေမည်ကို စိုးရိမ်မိသောကြောင့်လည်းကောင်း၊

(၃) မတရားဖမ်းဆီးခံထားရသောရခိုင်ဒေသအတွင်းနေ ပြည်သူ လူထုများအားလုံး နှင့် မြန်မာအစိုးရ အကျဉ်းထောင်များထဲရှိ မိမိတို့ ULA/AA တပ်ဖွဲ့ဝင်များ ပြန်လည်လွတ်မြောက်ရေးကို လိုလားသောကြောင့်လည်းကောင်း ယခုကဲ့သို့လွှတ်ပေးရခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

https://www.facebook.com/westernnewsagency/posts/410030324136811

Leave a Reply

Your email address will not be published.