By VOA/ 2021 November 24 အကူအညီပေးရေးအဖွဲ့တွေ ဝေဖန်နေတဲ့ကြားကပဲ ရိုဟင်ဂျာဒုက္ခသည်တွေကို ဝေးလံခေါင်ဖျား ရေလွှမ်းနိုင်တဲ့ကျွန်းကို ပို့နေတာ ပြန်စတော့မယ်လို့ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေ က ပြောပါတယ်။ ဒုက္ခသည်တွေရဲ့ဆန္ဒကိုဆန့်ကျင်ပြီး Bhashan Char ကျွန်းကို ပို့နေတာဖြစ်တယ်လို့ …
ခြောက်လနီးပါးရပ်နားထားခဲ့ရသည့်ဘာဆန်ချာကျွန်းသို့ ဒုက္ခသည်များရွှေ့ပြောင်းရေးအစီအစဉ် ကြာသပတေးနေ့ ပြန်စမည်
By Narinjara/ 2021 November 24 ၆လကြာ ခေတ္တရပ်နားထားခဲ့ရသော ဘင်္ဂလားဒေ့ရှ် ကော့ဘဇားရှိ မြန်မာမူဆလင် ဒုက္ခသည် စခန်းများမှ မူဆလင်ဒုက္ခသည်များကို ဘင်္ဂလားပင်လယ်အော်ရှိ ဘာဆန်ချာကျွန်းသို့ ရွှေ့ပြောင်းရေးအစီအစဉ်ကို ကြာသပတေးနေ့၌ ပြန်စတင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ မနက်ဖြန် နိုဝင်ဘာ ၂၄ ရက်နေ့တွင် ဒုက္ခသည် ၁၈၀၀ မှ ၂၀၀၀ အကြားကို ကော့စ်ဘဇားမြို့မှ စစ်တကောင်းမြို့သို့ ဘတ်စ်ကားများဖြင့် ပို့ဆောင်မည် ဖြစ်ပြီး စစ်တကောင်းတွင် တစ်ညအိပ်ကာ ကြာသပတေးနေ့နံနက်တွင် ဘင်္ဂလားဒေ့ရှ် ရေတပ်သင်္ဘောများဖြင့် ဘာဆန်ချာကျွန်းသို့ ပို့ဆောင်မည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။ ဒုက္ခသည် ၁၈၀၀ မှ ၂၀၀၀ အကြားကို ဘာဆန်ချာကျွန်းသို့ ပို့ဆောင်မည်ဖြစ်ကြောင်းကို ဘင်္ဂလားဒေ့ရှ် ရေတပ်ကလည်း အတည်ပြု ပြောဆိုသည်။ ဒုက္ခသည်များကို ဘာဆန်ချာကျွန်းသို့ ပို့ဆောင်မှုကို ယခုနှစ် ဧပြီ ၂၁ နေ့တွင် နောက်ဆုံးပို့ဆောင်ခဲ့ပြီးနောက် ယခုလ နိုဝင်ဘာတွင် ပြန်စတင်ခြင်း ဖြစ်သည်။ ၂၀၂၀ ဒီဇင်ဘာ ၄ ရက်မှ ၂၀၂၁ ခုနှစ် ဧပြီ ၂၁ ရက်နေ့ထိ မူဆလင်ဒုက္ခသည် ၁၈၀၀၀ ကို ဘာဆန်ချာကျွန်းကို ရွှေ့ပြောင်းခဲ့သည်ဟု သိရသည်။ ဘင်္ဂလားဒေ့ရှ် အစိုးရအနေဖြင့် နောက်သုံးလေးလအတွင်း ကော့စ်ဘဇား ဒုက္ခသည်စခန်းမှ ဒုက္ခသည် ၈၀၀၀၀ ခန့်ကို ရွှေ့ပြောင်း နေရာချထာရန် စီစဉ်ထားသည်ဟု သတင်းတွင် ဖော်ပြထားသည်။ “Rohingya relocation to Bhashan Char resumes Thursday/ Dhaka …
မီးဘေးသင့် ထန်တလန်အတွက် ရခိုင်ရှိ သံဃာတော်များနှင့် ပြည်သူများမှ ငွေကျပ်သိန်း ၁၃၀ ကျော်လှူဒါန်း
By Western News/ 2021 November 24 ချင်းပြည်နယ် ထန်တလန် မီးဘေးသင့်စစ်ဘေးရှောင်များအတွက် ရခိုင်ပြည် မြို့နယ်အသီးသီးရှိ ရဟန်းရှင်လူ ပြည်သူများမှ အလှူငွေကျပ် ၁၃၆သိန်း ၆သောင်းအား လှူဒါန်းခဲ့သည်။ အဆိုပါလှူဒါန်းမှုကို ရခိုင်ပြည်နယ် အတွင်းရှိ …
စစ်တွေတက္ကသိုလ်ပင်မဆောင်ရှေ့ဆောက်လုပ်မည့် ဓမ္မာရုံမှာ အမျိုးသားပညာရေး ဥပဒေနှင့် ဆန့်ကျင်နေဟုဆို
By Western News/ 2021 November 24 ရခိုင်ပြည်နယ် စစ်တွေတက္ကသိုလ် ပင်မဆောင်ရှေ့တွင် ဓမ္မာရုံဆောက်လုပ်ရန်စီစဉ်နေမှုမှာ အမျိုးသားပညာရေးဥပဒေနှင့် ဆန့်ကျင်နေသည်ဟု စစ်တွေကျောင်းသားသမဂ္ဂ အဖွဲ့မှပြောသည်။ တက္ကသိုလ်ကျောင်းဆိုသည်မှာ ဘာသာလူမျိုးပေါင်းစုံလာရောက်သည့်နေရာတစ်ခုဖြစ်သည့် အလျောက် ဗုဒ္ဓဘာသာမဟုတ်သည့် တစ်ခြားဘာသာဝင်များကိုလေးစားသင့်ပြီး ယခုကဲ့သို့ပြုလုပ်မှုမှာ …
AA နှင့်ဆက်စပ်သည်ဟုဆိုကာ တရားစွဲဆိုခံထားရသည့် ကိုအောင်ဝင်းနိုင်မှာ ကျန်းမာရေးမကောင်းဖြစ်နေ
By Western News/ 2021 November 24 ပြီးခဲ့သည့် ဇွန်လအတွင်းက သံတွဲ-တောင်ကုတ် ဖုံညိုစစ်ဆေးရေးဂိတ်တွင် စစ်တပ်၏ဖမ်းဆီးခြင်းကိုခံခဲ့ရသည့် ကိုအောင်ဝင်းနိုင်မှာ ယခု မတရားအသင်းဆက်သွယ်မှုပုဒ်မဖြင့် တရားရင်ဆိုင်နေရပြီး လက်ရှိ ကျန်းမာရေးအခြေနေမကောင်းဖြစ်နေသည်ဟု မိသားစုဝင်များကပြောသည်။ “ရင်ဘတ်တွေ၊ ကျောတွေအောင့်တယ်ပြောတယ်။ …
စစ်တွေမြို့မစျေးတွင် စျေးမရောင်းရနေရာအားရှင်းလင်းစဉ် စည်ပင်ဝန်ထမ်းနှင့် စျေးသည်အချို့ရုန်းရင်းဆန်ခတ်ဖြစ်
By Development Media Group (DMG)/ 2021 November 24 ရခိုင်ပြည်နယ်၊ စစ်တွေမြို့မစျေးကြီးတွင် စျေးမရောင်းရနယ်မြေအဖြစ်သတ်မှတ်ထားသည့်နေရာတွင် ဈေးရောင်းချနေသူများကို ယနေ့နံနက်ပိုင်းကတားဆီးစဉ် စည်ပင်ဝန်ထမ်းနှင့် စျေးသည်အချို့ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယင်းသို့ရုန်းရင်းဆန်ခတ်ဖြစ်ပွားစဉ် စစ်တွေမြို့နယ် စည်ပင်သာယာရေးကော်မတီမှ …
ခရီးသွားရာသီရောက်သော်လည်း ရခိုင်မှ ဟိုတယ်နှင့်ဧည့်ရိပ်သာ ၃၀ ကျော်ခန့် ပြန်မဖွင့်နိုင်သေး
By Development Media Group (DMG)/ 2021 November 24 ယခုနှစ်ခရီးသွားရာသီသို့ရောက်ရှိလာသော်လည်း ရခိုင်ပြည်နယ်အတွင်းရှိ ဟိုတယ်နှင့် အဆင့်မြင့်ဧည့်ရိပ်သာ ၁၀၀ လုံးအနက် ၆၆ လုံးသာဖွင့်လှစ်နိုင်သေးပြီး ၃၀ ကျော်ခန့်မှာ လက်ရှိအချိန်ထိ ပြန်မဖွင့်လှစ်နိုင်သေးကြောင်း …
စစ်တွေမြို့မစျေးအတွင်း စည်းကမ်းမဲ့စျေးရောင်းချသူများနှင့် ဆိုင်ကယ်များဝင်ရောက်ရပ်နားပါက ဒဏ်ငွေ ၃ သောင်း ဒဏ်ရိုက်မည်ဟုဆို
By Narinjara/ 2021 November 24 သဥ္ဇာနွယ် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ မြို့မစျေးအတွင်း စည်းကမ်းမဲ့စျေးရောင်းချပြီး ဘေးတွဲဆိုင်ကယ်နှင့် နှစ်ဘီးဆိုင်ကယ်များ ဝင်ရောက်ရပ်နားပါက ဒဏ်ငွေ ၃ သောင်းပေးဆောင်ရမည်ဟု မြို့နယ်စည်ပင်သာယာရေးကော်မတီက ကြေညာထားသည်။ အဆိုပါသိပေးကြေညာချက်များကို မြို့နယ်စည်ပင်သာယာရေးကော်မတီက …
ကိုဗစ်ပိုးတွေ့သူအရေအတွက်ကျဆင်းနေ၍ ဂွမြို့နယ်က အခြေခံပညာသင်ကျောင်းများ ဒီဇင်ဘာလတွင် ပြန်ဖွင့်နိုင်ရေးမျှော်လင့်
By Narinjara/ 2021 November 24 သဥ္ဇာနွယ် ကိုဗစ်ပိုးတွေ့ရှိသူ အရေအတွက် တစ်နေ့ထက် တစ်နေ့ ကျဆင်းလာနေသော ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် အခြေခံပညာကျောင်းများကို ဒီဇင်ဘာလတွင် ပြန်လည် ဖွင့်လှစ်ခွင့်ရရှိရေးအတွက် မျှော်လင့်နေသည်ဟု ဂွမြို့နယ် ပညာရေးမှူး …
ရခိုင်ရာဇဝင်သစ်ကျမ်းရေးသားပြုစုသည့် အရှင်စန္ဒမာလာလင်္ကာရ ထေရုပ္ပတ္တိဆိုင်ရာ ဉာဏ်စမ်းပြိုင်ပွဲနှင့်စာစီစာကုံးပြိုင်ပွဲကျင်းပမည်
By Narinjara/ 2021 November 24 အေးမြတ်ခိုင် ရခိုင်ရာဇဝင်သစ်ကျမ်းကို ရေးသားပြုစုခဲ့သည့် ရမ်းဗြဲတောင်ကျောင်း ဆရာတော် အရှင်စန္ဒမာလာလင်္ကာရ ထေရုပ္ပတ္တိဆိုင်ရာ ဉာဏ်စမ်းပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲများကို ရမ်းဗြဲမြို့တွင် ကျင်းပသွားမည်ဟု ရမ်းဗြဲ လူငယ်ကွန်ရက်ဥက္ကဋ္ဌ မစုမြတ်ထွေးက နိရဥ္စရာကိုပြောသည်။ …