By Western News/ 2021 November 21 ရခိုင်ပြည်နယ်တွင် နိုဝင်ဘာလ ၂၀ ရက်နေ့အတွင်း တစ်ပြည်နယ်လုံးအတိုင်းအတာအရ ကိုဗစ်ပိုးတွေ့ရှိသူဦးရေ ၁၄ ဦးထိရှိကြောင်း ရခိုင်ပြည်နယ်ကိုဗစ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ထုတ်ပြန်ချက်တွင်တွေ့ရသည်။ ပိုးတွေ့လူနာများမှာ သံတွဲမှ ၁ …
ကိုဗစ်ကာကွယ်ဆေး အကြိမ်ပြည့်ထိုးပြီးသည့် လေကြောင်းခရီးသည်များ ကိုဗစ်စစ်ဆေးရန်မလိုတော့ဟု ကျန်းမာရေးဝန်ကြီးဌာနထုတ်ပြန်
By Narinjara/ 2021 November 21 မြထွီးသျှင် ကိုဗစ်ကာကွယ်ဆေး အကြိမ်ပြည့်ထိုးပြီးသည့်လေကြောင်းခရီးသည်များအနေဖြင့် လေကြောင်းဖြင့်ခရီးသွားမည်ဆိုပါက ကိုဗစ်ထပ်စစ်ရန်မလိုတော့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ နောက်ဆုံးထုတ်ပြန်ချက်အရ သိရသည်။ ကိုဗစ် ၁၉ ကာကွယ်ဆေး (၂)ကြိမ်ထိုးနှံထားပြီး အနည်းဆုံး (၁၄) ရက်ပြည့်မြောက်ပြီးဖြစ်ပါက …
လင်းမြွေတောင်တန်းတွင် ကျောက်ထုတ်နေမှုအား မြို့နယ်အုပ်ချုပ်ရေးပိုင်းမှ စစ်ဆေးမှုပြုလုပ်နေ
By Western News/ 2021 November 21 ရခိုင်ပြည်နယ် မြောက်ဦးနယ်နိမိတ်ထဲတွင်ရှိသည့် လင်းမြွေတောင်တန်းတွင် တရားမဝင် ကျောက်ထုတ်နေမှုအား မြို့နယ်အုပ်ချုပ်ရေး ပိုင်းမှစစ်ဆေးမှုများပြုလုပ်နေသည်ဟု မြို့နယ်အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူများကပြောသည်။ ပြည်နယ်ကောင်စီပိုင်းမှလည်း အဆိုပါကျောက်ထုတ်မှု ကိစ္စအား ခရိုင်မှတာဝန်ရှိသူများအားမေးမြန်းပြီး အရေးယူဆောင်ရွက်မှုပြုလုပ်မည်ဟု …
ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၂၂ ဦးကို မြန်မာက ပြန်လွှတ်
By Narinjara/ 2021 November 21 မြန်မာရေတပ်က ဖမ်းဆီးထားသော ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၂၂ ဦးကို ဖမ်းဆီးပြီး တစ်ရက်အကြာ ယနေ့ နံနက်က ပြန်လွှတ်လိုက်ပြီဟု အိုကီးယားနယူး အပါအဝင် ဘင်္ဂလားဒေ့ရှ် မီဒီယာများက ဖော်ပြသည်။ ၎င်းတို့သည် စနေနေ့က နတ်မြစ်၀ရှိ စိန့်မာတင်ကျွန်းအနီးရှိ ဘင်္ဂလာဒေ့ရှ် ရေပြင်တွင် ငါးဖမ်းနေစဉ် မြန်မာရေတပ်၏ ဖမ်းဆီးခြင်းကို ခံခဲ့ကြသူများဖြစ်ကြသည်ဟု ၎င်းသတင်းများတွင် ဖော်ပြသည်။ ၎င်းစက်လှေအား ဆွဲခေါ်သွားပြီး ဖမ်းဆီးခံရသူများအားလုံးကို မြန်မာရေတပ်သင်္ဘောပေါ်သို့ ခေါ်ဆောင်သွားခဲ့သည်ဟု ဆိုသည်။ မြန်မာရေတပ်က ငါးဖမ်းသမား ၂၂ ဦးနှင့် အတူ ကမ်းဝေးငါးဖမ်းစက်လှေ ၄ စီးကိုပါ ပြန်လွှတ်ပေးခဲ့သည်ဟု စိန့်မာတင်ကျွန်း အုပ်ချုပ်ရေးမှူး နုရ်အာမတ်က အတည်ပြု ပြောကြားသည်။ ၎င်းကိစ္စနှင့် ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်နှင့် ကမ်းခြေစောင့်တပ်ဖွဲ့သို့ အကြောင်းကြားခဲ့ပြီး ချက်ချက်အရေးယူဆောင်ရွက် တိုက်တွန်းခဲ့သည်ဟု ဆိုသည်။ အဆိုပါ ဘင်္ဂလီ ငါးဖမ်းသမား ၂၂ ဦး ဖမ်းဆီးခြင်းကိစ္စနှင့် ပတ်သက်ပြီး မြန်မာဘက်က ယနေ့ ညနေပိုင်းထိ တစ်စုံတစ်ရာ သတင်းထုတ်ပြန်မှု မရှိသေးပါ။ https://www.facebook.com/narinjara.info/posts/4902392629772775
သရုပ်ဖော်ပန်းချီလောကတွင် အောင်မြင်နေသော မလေးရှားရောက် ရခိုင်လူငယ်တစ်ဦး
By Narinjara/ 2021 November 21 မောင်မေယု(ဘူးသီးတောင်) လွန်ခဲ့သည့်လက အင်တာနတ်လူမှုကွန်ရက်တွင် သရုပ်ဖော်ပန်းချီဆရာတစ်ဦးနှင့် ရင်းနှီးခဲ့ပါသည်။ သူသည် ငယ်ရွယ်သူတစ်ဦးဖြစ်ပြီး မြန်မာပြည်ထုတ် မဂ္ဂဇင်းကြီးများတွင် သရုပ်ဖော်ပန်းချီများ ရေးဆွဲခြင်း ၊ စာအုပ်မျက်နှာဖုံးများရေးဆွဲခြင်းဖြင့် အောင်မြင်နေသူလည်းဖြစ်ပါသည်။ သူ၏ လက်ရာများသည် ဆွဲဆောင်မှု ရှိပြီး ကြည့်ရှုခံစား၍ကောင်းပါသည်။ ထို့ကြောင့် လူကြိုက်များပြီး အောင်မြင်ကျော်ကြားနေခြင်းဖြစ်ပါမည်။ သူ၏အမည်ရင်းမှာ …
ဘင်္ဂလားဒေ့ရှ်ငါးဖမ်းသမား ၂၂ ဦးကို မြန်မာရေတပ်က ဖမ်းဆီးသွားကြောင်း The Independent က သတင်းဖော်ပြ
By Narinjara/ 2021 November 21 ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၂၂ ဦးကို မြန်မာရေတပ်က ဖမ်းဆီးသွားပြီး ၎င်းတို့နှင့်အတူ ကမ်းဝေးငါးဖမ်းစက်လှေ ၄ စီးကိုပါ သိမ်းယူသွားကြောင်း The Intendent တွင် ယနေ့ …