အာရှ၏ဒုတိယအကြီးဖြစ်သည့် ဝန်ဖိုက်ဒီရေတောကို စစ်တပ်၊ ရဲနှင့် သစ်တောဌာနတို့က ၅ ရက်ကြာ ကင်းလှည့် စစ်ဆေး

By Narinjara/ 2021 November 4 အေးမြတ်ခိုင် အာရှတွင် ဒုတိယအကြီးဆုံးဒီရေတောဖြစ်သော ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်ရှိ ဝန်ဖိုက်ဒီရေတောမှ သစ်ခိုးထုတ်မှုမရှိစေရန် စစ်တပ်၊ ရဲနှင့် သစ်တောဌာနတို့က ၅ ရက်ကြာ ကင်းလှည့် စစ်ဆေးနေကြသည်ဟု သိရသည်။ …

တန်ခိုးကြီး မဟာမုနိဘုရားတွင်ပြုပြင်နေသည့် သိမ်တိုင်များနှင့် သိမ်ခေါင်မိုးများပြုပြင်ရန် ကျပ်သိန်းပေါင်း ၅ သောင်းခန့်ကုန်ကျမည်

By Narinjara/ 2021 November 4 နှင်းနွယ်နီ ရခိုင်ပြည်နယ် ကျောက်တော်မြို့ရှိ တန်ခိုးကြီးမဟာမုနိဘုရားတွင်ပြုပြင်နေသည့် သိမ်တိုင်များနှင့် သိမ်ခေါင်မိုးများပြုပြင်ရန် ကျပ်သိန်းပေါင်း ၅ သောင်းခန့်ကုန်ကျမည်ဟု သိရသည်။ သိမ်တိုင်များအနက် မဟာမုနိဘုရားဂန္ဓကုဋီတိုက်ရှိသိမ်တိုင် ၄၈ လုံးကို ဓညဝတီခေတ်က …

ရခိုင်က မြို့နယ်နှစ်ခုရှိ မသန်စွမ်းသူများကို ရွှေမင်းသားဖောင်ဒေးရှင်းမှ စားနပ်ရိက္ခာနှင့်ဆေးဝါးများ လေးလစာထောက်ပံ့မည်

By Development Media Group (DMG)/ 2021 November 4 ရခိုင်ပြည်နယ်အတွင်းက စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ မသန်စွမ်းသူများကို မြန်မာနိုင်ငံမသန်စွမ်းသူများအသင်း ရွှေမင်းသားဖောင်ဒေးရှင်းမှ စားနပ်ရိက္ခာနှင့်ဆေးဝါးများကို လေးလစာ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါထောက်ပံ့လှူဒါန်းမှုကို DAHW …

ကျောက်ဖြူ SEZ ဧရိယာရှိ လယ်မြေများ လျော်ကြေးမရဘဲ သိမ်းခံရမည်ကို ဒေသခံများ စိုးရိမ်

By Irrawaddy/ 2021 November 4 ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် အကောင်အထည်ဖော်မည့် အထူးစီးပွားရေးဇုန် (SEZ) စီမံကိန်း ဧရိယာအတွင်းကျ ရောက်သည့် လယ်မြေများ လျော်ကြေး မရရှိဘဲ မြေသိမ်းဆည်းခံရမည်ကို ဒေသခံလယ်သမားများက စိုးရိမ်နေကြောင်း သိရသည်။ …

ရမ်းဗြဲမြို့အောက်ဆီဂျင်စက်ရုံမြေနေရာအငြင်းပွားမှုအား ယခုအချိန်ထိဖြေရှင်းမပေးသေးဟုဆို

By Western News/ 2021 November 4 ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၊ အမှတ် ၆ ရပ်ကွက်တွင်တည်ဆောက်ထားသည့် ရမ်းဗြဲမြို့အောက်ဆီဂျင်စက်ရုံမြေနေရာအငြင်းပွားမှုအား ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA ထံတိုင်ကြားထားသည်မှာ ၂ လကျော်ကြာမြင့်နေပြီဖြစ်သော်လည်း ယခုအချိန်ထိ တစုံတရာဖြေရှင်းပေးခြင်းမရှိသေးကြောင်း တိုင်ကြားထားသူများက …

ရခိုင်သို့ ဆိုင်ကယ်တင်သွင်းခွင့် ကန့်သတ်ခံနေရ

By Narinjara/ 2021 November 4 ထက်အောင် ရခိုင်ပြည်နယ်သို့ ဆိုင်ကယ်များတင်သွင်းရာတွင် ကန့်သတ်ခံရမှုရှိလာနေပြီး လိုင်စင်ထွက်ပြီးသား ဆိုင်ကယ်များကိုသာ တင်သွင်းခွင့်ရရှိတော့သည်ဟု ဆိုင်ကယ်အရောင်းဆိုင်များမှ သိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလမှစတင်ကာ ယခုကဲ့သို့ကန့်သတ်ခံနေရခြင်းဖြစ်ပြီး ယခုကဲ့သို့ကန့်သတ်လိုက်သည့်အတွက် ဆိုင်ကယ်မှာယူတင်သွင်းချိန် ကြန့်ကြာနေရသလို …

နို့စားနွားမွေးမြူရေးလုပ်ငန်းကို ရခိုင်တွင်စီးပွားဖြစ်လုပ်ကိုင်လိုလျှင် လိုအပ်သည့်နည်းစနစ်များကိုကူညီပံ့ပိုး ပေးသွားမည်ဟုဆို

By Western News/ 2021 November 4 ရခိုင်ပြည်နယ်အတွင်း၌ နို့စားနွားမွေးမြူရေးလုပ်ငန်းကို စီးပွားဖြစ်တွင်ကျယ်စွာလုပ်ကိုင်လိုသူများကို ၎င်းလုပ်ငန်းတွင်လိုအပ်သည့်နည်းစနစ်များအား ကူညီထောက်ပံ့ပေးသွားမည်ဟု လက်ရှိနို့စားနွားမွေးမြူရေး လုပ်ငန်းလုပ်ကိုင်နေသူများကပြောသည်။ မင်းပြားမြို့၌ရှိသည့် သဇင်နို့စားနွားမွေးမြူရေးခြံမှ နို့စိမ်းအပြင် တစ်ခြားနို့ထွက်ပစ္စည်းများကို လည်းထုတ် လုပ်ရန်ပြင်ဆင်နေသလို လက်ရှိတွင် …

ရခိုင်တွင် ယခုနှစ်အတွင်း နေလှန်းဆားထုတ်လုပ်မှုကို နည်းပညာမြှင့်၍ လုပ်ဆောင်နေ

By Western News/ 2021 November 4 ရခိုင်ပြည်နယ်တွင် ယခုနှစ်နေလှန်းဆားထုတ်လုပ်မှုကို ယခင်လုပ်ဆောင်မှုပုံစံများကိုပြောင်း၍ နည်းပညာမြှင့်၍ လုပ်ဆောင်နေကြောင်း ရခိုင်ပြည်နယ်ဆားလုပ်ငန်းရှင်များအသင်းမှပြောသည်။ ဆားများကို ပလတ်စတစ်နှင့်လှန်းသည့်စနစ်ဖြင့်လုပ်ဆောင်မည်ဖြစ်ပြီး ထိုသို့ထုတ်လုပ်မှုမှာ ဆားအထွက်နှုန်းပိုများပြီး အရည်အသွေးလည်းမြင့်သည်ဟု ရခိုင်ပြည်နယ်ဆားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးသန်းဝင်း …

PDF ထောက်ပံ့မှုစွပ်စွဲချက်နဲ့ သံတွဲမှာ အမျိုးသမီးသုံးဦး ဖမ်းဆီးခံထားရ

By VOA/ 2021 September 28 ရခိုင်ပြည်နယ် သံတွဲမြို့ပေါ်က ၁၇ နှစ်အရွယ် မိန်းကလေးငယ်တဦးအပါအဝင် မိန်းကလေး လေးယောက်ကို ပြည်သူကာကွယ်ရေး တပ်ဖွဲ့တွေအတွက်ထောက်ပံံ့တယ်လို့စွပ်စွဲပြီး စစ်ကောင်စီက ဖမ်းဆီးခဲ့ပါတယ်။ အဖမ်းခံရတဲ့ထဲက တယောက်ကိုပြန်လွှတ်ပေးခဲ့ပေမယ့် နှစ်ယောက်ကို အကြမ်းဖက်တိုက်ဖျက်ရေးပုဒ်မတွေနဲ့ …

သံတွဲမှာ PDF နဲ့ ဆက်စပ်တဲ့စွပ်စွဲချက်နဲ့ အမျိုးသမီးလေးဦး အဖမ်းခံရ

By RFA/ 2021 November 4 ■ ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ ဆက်စပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဆယ်တန်းကျောင်းသူတစ်ဦး အပါအဝင် အမျိုးသမီးလေးဦးကို စစ်ကောင်စီတပ်သားတွေက နိုဝင်ဘာလ ၃ ရက်နေ့ …