၇ နှစ်ပြည့်ပြီဖြစ်သည့် AA အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် ဗိုလ်လောင်း ၂၃ ဦး ကျဆုံးခြင်း

By Western News/ 2021 November 19

စစ်တပ်၏ ပစ်ခတ်မှုကြောင့် ရက္ခိုင့်တပ်တော် AA အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၏ ဗိုလ်လောင်း ၂၃ ဦး ကျဆုံးသည်မှာ ယနေ့ နိုဝင်ဘာလ ၁၉ ရက်တွင် ၇ နှစ်ပြည့်ပြီဖြစ်သည်။

ကျဆုံးခဲ့သည့် ဗိုလ်လောင်း ၂၃ ဦးထဲတွင် တအောင်းတပ်မတော် TNLA မှ ၁၁ ဦး၊ ရက္ခိုင့်တပ်တော် AA မှ ၈ ဦး၊ ကျောင်းသားတပ်မတော် ABDSF မှ ၂ ဦးနှင့် ချင်းအမျိုးသားတပ်ဦး CNF မှ ၂ ဦးတို့ဖြစ်သည်။

ကချင်ပြည်နယ်ရှိ KIA ထိန်းချုပ်နယ်မြေ လိုင်ဇာတွင်ဖွင့်လှစ်ထားသည့် ဗိုလ်လောင်းသင်တန်းကျောင်းကို စစ်တပ်က ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်တွင် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး တခြားဗိုလ်လောင်း ၂၀ ဦးတို့တွင်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ယမန်နှစ် ၂၀၂၀ ခုနှစ်က AA ဗိုလ်လောင်း ၈ ဦး ကျဆုံးမှု ဝမ်းနည်းခြင်းထိမ်းအမှတ်နေ့ကို စစ်တွေတွင်လူငယ်များက ကျင်းပခဲ့ပြီး ဦးဆောင်ကျင်းပခဲ့သူ ဦးအစံမောင်ကို ဘေးစီမံပုဒ်မ ၂၉ ဖြင့် စစ်တွေအမှတ် ၁ ရဲစခန်းတွင် မြို့နယ်အဆင့် တရားဥပဒေလေးစားလိုက်နာရေးနှင့် တရားစွဲဆိုရေးလုပ်ငန်းကော်မတီအတွင်းရေးမှူး ဦးအောင်ဇံဝေက တရားလိုလုပ်တရားစွဲဆိုခဲ့သည်။ ၄င်းမှာ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်တွင် တရားသေလွတ်မြောက်ခဲ့သည်။

https://www.facebook.com/westernnewsagency/posts/412402580566252

Leave a Reply

Your email address will not be published.