အမ်းမြို့ ဒါးလက်အုပ်စုတွင် Mytel ဖုန်းလိုင်းများပြတ်တောက်

By Western News/ 2021 November 13

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ဒါးလက်အုပ်စုတွင် Mytel ဖုန်းလိုင်းနှင့် အင်တာနက်လိုင်များ ပြတ်တောက်နေသည်ဟု ဒေသခံများကပြောသည်။

ယင်းသို့ဖုန်းလိုင်းနှင့် အင်တာနက်များလိုင်းပြတ်နေခြင်းမှာ ယမန်နေ့ နိုဝင်ဘာ ၁၂ ရက်နေ့ ညနေ ၉ နာရီခန့်ကတည်းက ပြတ်တောက် နေခြင်းဖြစ်ပြီး ယနေ့ နက်ပိုင်း ၁၁ နာရီခွဲအထိ လိုင်းများ ပြတ်တောက်နေသည်ဟု ဒါးလက်အုပ်စု ရွာဟောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းကပြောသည်။

“လိုင်းက မနေ့က တတည်းက ညနေ ၉ နာရီလောက်က တည်းကပြတ်နေတာပါခုထိ မရသေးပါဘူး။ လက်ရှိ ဒီမှာ Ooredoo တစ်ခုပဲ လိုင်းသေချာရတယ်။ Mytel ကတော့ လုံးဝ မရတော့ဘူးပေါ့”ဟုပြောသည်။

ဒါးလက် အုပ်စုတွင် Ooredoo လိုင်းတစ်ခုသာ အသုံး ပြုလို့ရနိုင်ပြီး တခြား Mytel,Mpt,Telonor ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ နေရာတစ်ချို့တွင်သာ အသုံးပြု၍ရနိုင်ကြောင်း ဒေသခံများကပြောသည်။

အလယ်ကျွန်းကျေးရွာမှ မခင်မိုးရီက” Mytel လိုင်းက မနေ့ကည ၇ နာရီခွဲကနေ ပြတ်နေပါတယ်။ ကျွန်တို့ဖက်မှာ Mpt က ဖုန်းလိုင်း၊ အင်တာနက်လိုင်း အစကတည်းက မရတာပါ။ Mytel အသုံးများကြတော့ ခု လိုင်းပြတ်နေရင် ဘယ်သူနဲ့မှဆက်သွယ်မရတော့ဘူး”ဟုပြောသည်။

ဒါးလက်အုပ်မှာ ကျေးရွာပေါင်း ၄၀ ကျော်ခန့်ရှိပြီး လူဦးရေ အားဖြင့် ၁၀၀၀၀ ကျော်ခန့်ရှိသည်။ ယင်းအပြင်မောင်တောတွင်လည်း ပြီးခဲ့သည့် ရက်ပိုင်းက AA နှင့် မြန်မာစစ်တပ်တို့ စစ်ရေးတင်းမာမှုကြောင့် ဖုန်းလိုင်းများ နာရီအနည်းငယ်ကြာပြတ်တောက်ပြီး ပြန်လည်ရရှိခဲ့သည်။

https://www.facebook.com/westernnewsagency/posts/408422107630966

Leave a Reply

Your email address will not be published.